Tuesday, July 11, 2017

MOI Webportal Myanmar

လူမှုကွန်ရက်တွင် ညစ်ညမ်းပုံများ တင်သူကို ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့် မိတ္ထီလာ ဇူလိုင် ၁ဝ သာစည်မြို့နယ်၌ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ညစ်ညမ်းဓာတ်ပုံများတင်သူအား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် ဇူလိုင် ၉ ရက်က အမှုဆောင်ရွက်ထားရှိ ကြောင်း သိရသည်။ ဖြစ်စဉ်မှာသာစည်မြို့နယ် အမှတ်(၆)တိုးချဲ့ရပ်ကွက်နေသူ ဦး----သည် ဇွန်၂၇ ရက်က ဇနီးဖြစ်သူ အသုံးပြုသော facebook account တွင် ညစ်ညမ်း ဓာတ်ပုံများတင်ထားကြောင်း ညီဖြစ်သူ၏ ပြောပြချက်အရ သိရှိခဲ့ရ၍ ဦး---- က ဇနီးဖြစ်သူအားမေးမြန်းရာ အဆိုပါ facebook account ကို လွန်ခဲ့သော လေးနှစ်ခန့်က နေအိမ်တွင် အလုပ်သမားအဖြစ် လုပ်ကိုင်ခဲ့သူ ထင်အောင်ဝင်း(ခ)အောင်အောင် (၃၂နှစ်)က လျှို့ဝှက်နံပါတ်ပြောင်း၍ အသုံးပြုနေကြောင်း ပြောပြခဲ့ သဖြင့် ထင်အောင်ဝင်း(ခ)အောင်အောင်အား ဆက်သွယ်၍ ထိုသို့မပြုလုပ်ရန် နှင့် ဇနီးဖြစ်သူ၏ ညစ်ညမ်းဓာတ်ပုံများဖျက်ပေးရန် တောင်းဆိုခဲ့သော်လည်း ထင်အောင်ဝင်း(ခ)အောင်အောင်က မဖျက်ပေးနိုင်ကြောင်းနှင့် မိသားစုဝင် များကိုလည်း သတ်ပစ်မည်ဟု ပြန်လည်ခြိမ်းခြောက်ပြောဆိုခဲ့၍ ဦး----က သာစည်မြို့မရဲစခန်းသို့ တိုင်ကြားခဲ့သဖြင့် ထင်အောင်ဝင်း(ခ)အောင်အောင်ကို ဥပဒေအရ အမှုဖွင့်ထားကြောင်း သိရသည်။ သိန်းမြင့်ကျော်(မိတ္ထီလာ)
Source : http://ift.tt/2ucb04Z
via IFTTT

No comments:

Post a Comment