Friday, July 21, 2017

Popular News Journal

မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် NLD အမတ်ဖြစ်တဲ့ ဦးစိန်ဝင်းဟာ ပါတီကနေ နှုတ်ထွက် လိုက်ပြီဖြစ်ပါတယ်။ နှုတ်ထွက်စာကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့ ကတည်းက တင်ထားခဲ့တာဖြစ်ပြီး ၁၉ ရက်နေ့ နောက်ဆုံး ထား နှုတ်ထွက်ခွင့် ရဖို့ ဆောင်ရွက်ခဲ့ကြောင်း ၊ အခုတော့ NLD ပါတီကလည်း နှုတ်ထွက် ခွင့်ပြုလိုက်ပြီလို့ ကာယကံရှင်ဖြစ်တဲ့ ဦးစိန်ဝင်းက ပေါ်ပြူလာ နယူးစ်ကိုပြောပါတယ်။ နှုတ်ထွက်လိုက်ရတဲ့ အကြောင်းအရင်းနဲ့ ပတ်သတ်ပြီး ဦးစိန်ဝင်းက အခုလိုပြောပါတယ်။ “နှုတ်ထွက်လိုက် တာကတော့ တောင်သူ လယ်သမားတွေ နဲ့ပိုပြီး ထိတွေ့နိုင်အောင်လို့၊ သိမ်းဆည်းခံ လယ်ယာမြေတွေ အတွက် ပိုပြီး လုပ်ချင်လို့ပါ” လို့ ဦးစိန်ဝင်းက ဆိုပါတယ်။ ပါတီ အမတ်ဖြစ်နေတဲ့ အချိန်မှာတော့ မိမိရဲ့မဲဆန္ဒနယ် ထဲက ကျော်ပြီး အပြင်မထွက်နိုင်ခဲ့ပေမယ့် အခုတော့ မိမိ မဲဆန္ဒနယ်ကျော် လွန်ပြီး လယ်သမားတွေ နဲ့ပိုမိုထိတွေ့ခွင့်ရပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်လို့ရတော့မယ် လို့ သူကဆိုပါတယ်။ နောင်နှစ်မှာ တစ်သီးပုဂ္ဂလ အမတ်အဖြစ် ဝင်ရောက် အရွေးခံခြင်း /မခံခြင်းကတော့ တောင်သူ လယ်သမားတွေ ရဲ့ဆုံးဖြတ်ချက် သာဖြစ်တယ် လို့ သူကဆိုပါတယ်။ NLD ပါတီက နှုတ်ထွက်လိုက်ရတဲ့ အကြောင်းအရင်းထဲ မှာတော့ တစ်ခြားသော ပြဿနာ မရှိဘူးလို့လည်းသူကထပ်လောင်းပြောကြား ခဲ့ပါတယ်။ စိုင်းလမင်း ၊ YL
Source : http://ift.tt/2vHXVge
via IFTTT

No comments:

Post a Comment