Thursday, July 20, 2017

Popular News Journal

ပြည်ခိုင်ဖြိုးပါတီနှင့် မ်ိတ်ဖက် ၁၃ ပါတီက တပ်ချုပ်ထံ စာတစ်စောင်ပို့ (ရန်ကုန်၊ ဇူလိုင် ၂၀) ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနှင့် မိတ်ဖက်နိုင်ငံရေး ပါတီ ၁၃ ခုတို့ စုပေါင်းပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ထံ ပေးစာတစ်စောင် ပေးပို့လိုက်တယ် လို့ ပြည်ခိုင်ဖြိုးပါတီက ပြောပါတယ်။ ပေးပို့လိုက်တဲ့ စာပါ အကြောင်းအရာတွေ ကိုတော့ ပြောလို့ မရသေးပါဘူးလို့ USDP ပြန်ကြားရေး တာဝန်ခံ ဒေါက်တာ နန္ဒာလှမြင့်က ဆိုပါတယ်။ “အခုအချိန်မှာ ဘယ်အကြောင်းအရာတွေ ပေးပို့ခဲ့တယ် ဆိုတာကိုပြောလို့မရသေးပါဘူး။ နောက် ပြောလို့ရတဲ့အချိန်ကျရင်မီဒီယာနဲ့ တကွ ပြောမှာပါ။” လို့သူကပြောပါတယ်။ ပြည်ခိုင်ဖြိုးပါတီ အဝင် နိုင်ငံရေး ပါတီ ၁၄ ခုတို့ဟာ ရန်ကုန်မြို့၊ သံလွင်လမ်းရှိ ပြည်ခိုင်ဖြိုး ရုံးချုပ်မှာ ယခုလအတွင်းမှာ အစည်းအဝေး တစ်ရပ်ပြုလုပ်ခဲ့ပါတယ်။ အစည်းအဝေးမှာ လက်ရှိနိုင်ငံတွင်း ကြုံတွေ့နေရတဲ့ စီးပွားရေး အကြပ်အတည်း၊ လူမှုရေး၊ ဘာသာရေး၊ အချုပ် အခြာ အာဏာပိုင်းနဲ့ ရခိုင်ပြည်နယ်မှ ကိစ္စရပ်တွေကို တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။ စာပေးပို့ခဲ့တဲ့ ၁၄ပါတီမှာ ပြည်ခိုင်ဖြိုး ပါတီ၊ တိုင်းရင်သားစည်းလုံး ညီညွတ်ရေး ပါတီ၊ အမျိုးသား ဒီမိုကရေစီပါတီသစ်ပါတီ၊ အမျိုးသား တိုးတက်ရေး ပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်ပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ရခိုင်ပြည်နယ် အမျိုးသား အင်အားစုပါတီ၊ ဝံသာနု ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ဒီမိုကရေ စီ ပါတီ၊ ကရင်ပြည်နယ်၊ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေး ပါတီ၊ လီဆူးအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ဖြစ်ပါတယ်။
Source : http://ift.tt/2gMxT9h
via IFTTT

No comments:

Post a Comment