Friday, July 21, 2017

Popular News Journal

ဗြိတိသျှကိုကိုမောင်ကို တပ်မတော်က တရားထပ်စွဲပြန် (ရန်ကုန်၊ ဇူလိုင် ၂၁) ကျည်ထောင်စု သစ္စာသရော်စာနဲ့ ပတ်သက်ပြီး သရော်စာရေးသားသူ ဗြိတိသျှ ကိုကိုမောင် ကို မီဒီယာ ဥပဒေပုဒ်မ ၂၅ ခ နဲ့ ဗဟန်းတရားရုံးမှာ တပ်မတော်က ဦးတိုက်လျှောက်ပြီး တရားစွဲဆိုလိုက်ပါတယ်။ The Voice သတင်းစာမှာဖော်ပြခဲ့တဲ့ ကျည်ထောင်စုသစ္စာ သရော်စာနဲ့ပတ်သက်ပြီး The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ သရော် စာရေးသားသူ ဗြိတိသျှကိုကိုမောင် တို့ကို တပ်မတော်က ပထမအကြိမ် တရား စွဲဆိုခဲ့တာမှာ ဗြိတိသျှ ကိုကိုမောင်အနေနဲ့ တရားသေ လွတ်လာခဲ့ပေမယ့် ယခုအခါမှာ သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅ ခ နဲ့ တပ်မတော်က ထပ်မံတရားစွဲ ဆိုတာ လည်းဖြစ်ပါတယ်။ ဗြိတိသျှကိုကိုမောင် ကတော့ “သတင်းမီဒီယာ သမားတစ်ယောက်ကို မီဒီယာ ဥပဒေနဲ့ တရားစွဲ ဆိုတာကို ဘာမှ ပြောစရာ မလိုပါဘူး။ သူတို့စွဲသင့် တယ်ထင်ရင် စွဲပေါ့။ မဟုတ်တဲ့ ၆၆ ဃ လို ဒီမိုကရေစီမကျတဲ့ ပုဒ်မတွေနဲ့ လျောက်မစွဲပါနဲ့။ မီဒီယာ သမားတွေကို စွဲချင်ရင် မီဒီယာ ဥပဒေနဲ့ စွဲပါလို့ ပြောချင်ပါတယ်။” လို့ သူကပြောပါတယ်။ လတ်တလောတွင် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေသည် ၆၆ ဃ ဖြင့် တရားစွဲဆိုခံထားရ၍ အာမခံ အကြိမ်ကြိမ် ပယ်ချခံနေ ရဆဲဖြစ်ပါတယ်။
Source : http://ift.tt/2gPpaD1
via IFTTT

No comments:

Post a Comment