Friday, July 21, 2017


နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် ဆရာဝန်နှင့် ကျန်းမာရေး ဝန်ထမ်းများ လိုအပ်နေ၊ ဆေးရုံအချုပ်ခန်း မရှိသည့် နေရာတွင် သီးခြား အခန်း ရရှိရေး ခွင့်ပြုရန်ပုံငွေ ချမှတ်ပေးသင့်ဟုဆို --- --- --- နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များနှင့် အလုပ်စခန်းအများစုတွင် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်း များ လိုအပ်နေသဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးသင့်ကြောင်း၊ ဆေးရုံအချုပ်ခန်းမရှိသည့် နေရာများ တွင်လည်း သီးခြားအခန်းရရှိရေး ခွင့်ပြုရန်ပုံငွေ ချမှတ်ပေးသင့်သည်ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က ဇူလိုင် ၂၁ ရက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အစီရင်ခံတင်ပြခဲ့သည်။ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်၏၂၀၁၆ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာကို တင်ပြရာတွင် အကျဉ်းထောင်နှင့် အလုပ်စခန်းအများစုမှ ကျန်းမာရေးဝန်ထမ်းများ လိုအပ်နေပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အနေဖြင့် အကျဉ်းဦးစီးဌာန၏ အခက်အခဲများကို ပူးပေါင်းဖြေရှင်း ပေးသင့်သည်ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော် မရှင် ဒုတိယ ဥက္ကဋ္ဌ ဦးစစ်မြိုင်က ပြောကြားခဲ့သည်။ ဆေးရုံ အချုပ်ခန်းမရှိသည့် ဆေးရုံများတွင် လူနာကို လက်ထိတ်၊ ခြေထိတ် ခတ်နေရသဖြင့် ၎င်းတို့၏ ဂုဏ်သိက္ခာကို ငဲ့ကွက်ပြီး သီးခြားအခန်းရရှိရေး ခွင့်ပြုရန်ပုံငွေ ချမှတ်ပေးသင့်ကြောင်းလည်း လူ့ အခွင့်အရေး ကော်မရှင် က အစီရင်ခံ တင်ပြခဲ့သည်။ ထို့အတူ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပတ်သက်ပြီး နယ်မြေခံ ရဲစခန်းများ တွင် အင်အားဖြည့်တင်း ပေးသင့်သည်။ အချုပ်သားများ၏ စားသောက် ရေးနှင့် သောက်သုံးရေအတွက် ခွင့်ပြုရန်ပုံငွေ မလုံလောက်သဖြင့် ဘဏ္ဍာရန်ပုံငွေ တိုးမြှင့်ပေးသင့်သည်။ ပြစ်မှုဖြင့် စွပ်စွဲခံရသည့် ကလေးသူငယ် များအား သီးခြားထိန်းသိမ်း စောင့်ရှောက်နိုင်သည့် နေရာများ ထားပေးသင့်ကြောင်းလည်း တင်ပြခဲ့သည်။ အဆိုပါကော်မရှင်၏ အကြံပြုချက်များတွင် ပစ္စည်းများ ရှာဖွေရာ၌ ဂုဏ်သိက္ခာ မထိခိုက်စေရန် X-Ray စက်များ၊ သတ္တုရှာ ကိရိယာများ တပ်ဆင်ပေးခြင်း၊ အနံ့ခံခွေးများ အသုံးပြုခြင်းများ ဆောင်ရွက် သင့်ကြောင်း၊ အရေးပေါ် အခြေအနေတွင် အကျဉ်းသားလူနာများ ဆေးရုံ အချိန်မီ ပို့နိုင်ရန် ဗဟိုအကျဉ်းထောင် သုံးခု၌ လူနာတင်ယာဉ်များ ဝယ်ပေး သင့်ကြောင်းလည်း ဖော်ပြထားသည်။ အကျဉ်းထောင်အချို့တွင် သောက်ရေ မလုံလောက်သဖြင့် ရေသန့်စက် များ တပ်ဆင်ရန် ဘဏ္ဍာငွေ ခွင့်ပြုပေးသင့်ပြီး၊ အကျဉ်းထောင်၊ အကျဉ်း စခန်း အချို့တွင် လျှပ်စစ်မီးပျက်ချိန်၌ လုံခြုံရေး အပါအဝင် အုပ်ချုပ်ရေး ကိစ္စများ ဆောင်ရွက်ရန် ခက်ခဲသဖြင့် မီးစက်များ ဝယ်ယူခွင့် ပြုသင့် ကြောင်း၊ အကျဉ်းထောင်ထဲတွင် အကျဉ်းသား မိခင်နှင့်အတူ နေထိုင်ရ သည့် ကလေးသူငယ်များအား အသက်အရွယ်အလိုက် ကာကွယ်ဆေး ထိုးပေးခြင်းကို သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက် သင့်ကြောင်း၊ ၎င်းတို့၏ ဖွံ့ဖြိုး တိုးတက်မှု အခွင့်အရေး၊ ပညာသင်ယူမှု အခွင့်အရေး၊ အာဟာရ ပြည့်ဝစွာ စားသုံးနိုင်ရေးများအတွက် နည်းလမ်း ရှာ ဆောင်ရွက်ပေးသင့်ကြောင်း စသည့် အချက်များကိုလည်း လူ့အခွင့် အရေးကော်မရှင်က အစီရင်ခံတင်ပြခဲ့သည်။ ဇော်မင်းထွန်း The Ladies News http://ift.tt/2tMC461
Source : http://ift.tt/2tMC461
via IFTTT

No comments:

Post a Comment