Saturday, July 8, 2017

The Mandalay News Journal

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် ပထမဆုံးအကြိမ် အသည်းအစားထိုး ခွဲစိတ်ကုသ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် ပထမဆုံးအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသခြင်းကို ဇူလိုင် ၅ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါခွဲစိတ်ကုသခြင်းကို အိန္ဒိယနိုင်ငံ Yashoda Hospital မှ ခွဲစိတ်အထူးကုဆရာဝန်ကြီးများနှင့် ပူးပေါင်း၍ မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးရှိ ခွဲစိတ်ကုဌာနမှ ပါမောက္ခ/ဌာနမှူး(ခွဲစိတ်)နှင့် အသည်းနှင့် သည်းခြေလမ်းကြောင်းဆိုင်ရာ ပါမောက္ခ/ဌာနမှူးများ ဦးဆောင်ကာ အဆိုပါဆေးရုံကြီး နှလုံးခွဲစိတ်ကုသဆောင် ခွဲစိတ်ခန်း၌ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ယင်းဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ''ဒီလုပ်ငန်းအတွက် အစစအရာရာ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ခဲ့ပြီး ခွဲစိတ်မှုကိုဆောင်ရွက်ခဲ့ပါတယ်။ လူနာက အသက် (၅၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ အသည်း အလှူရှင်က အသက် (၃ဝ)ကျော် အမျိုးသမီးပါပဲ။ အထူးကုဆရာဝန်ကြီးတွေ ပူးပေါင်းပြီး ခွဲစိတ်မှုတွေဆောင်ရွက်ကြပါတယ်''ဟု ၄င်းက ပြောသည်။ အသည်းအစားထိုးကုသခြင်းဆောင်ရွက်ရန် လူနာအတွက် လိုအပ်သော ဆေးနှင့်ဆေးဝါးပစ္စည်းများကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးထားသည့်အပြင် လိုအပ်သည့် ခေတ်မီစက်ပစ္စည်းကိရိယာများကိုလည်း ဝယ်ယူဖြည့်ဆည်းပေးခြင်းနှင့် ဆရာဝန်၊ သူနာပြုနှင့် ကျွမ်းကျင်ပညာရှင်များကိုလည်း အဆိုပါလုပ်ငန်းလုပ်ဆောင်ရန် နိုင်ငံခြားသို့ အကြိမ်ကြိမ် စေလွှတ်၍ လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ပေးပြီးဖြစ်သည်။ မန္တလးအထွေထွေရောဂါကုဆေးရုံကြီးတွင် ကျောက်ကပ်အစားထိုးကုသခြင်းလုပ်ငန်းကို ၂ဝ၁၅ ခုနှစ် စက်တင်ဘာလတွင်စတင်ဆောင်ရွက်နိုင်ခဲ့ပြီး တစ်လလျှင် နှစ်တွဲနှုန်းဖြင့် ဆောင်ရွက်လျက်ရှိရာ ယခု၂ဝ၁၇ ခုနှစ် မေလကုန်အထိ လူနာနှင့်အလှူရှင် ၃၃ တွဲကို အောင်မြင်စွာအစားထိုးကုသနိုင် ခဲ့ကြောင်း သိရသည်။ မန်းကိုကို
Source : http://ift.tt/2uVrgDB
via IFTTT

No comments:

Post a Comment