Wednesday, July 12, 2017

The Voice

နိုင်ငံ့ဝန်ထမ်းများ၏ လစာနှင့် ခံစားခွင့် ပြန်သုံးသပ်မည် နေပြည်တော်၊ ဇူလိုင် ၁၂ ပုဂ္ဂလိကလုပ်ငန်းခွင် ဝန်ထမ်းများနှင့် ပိုမိုယှဉ်ပြိုင်နိုင်ရန်နှင့် နိုင်ငံတကာ စံသတ်မှတ်ချက်များ ပြည့်မီစေရန် နိုင်ငံ့ဝန်ထမ်းများ၏ လစာနှင့် ခံစားခွင့်များ ပြန်သုံးသပ်နေကြောင်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာသိန်းဝင်းက ပြောကြားသည်။ နိုင်ငံ့ဝန်ထမ်းများ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ စီမံချက်ထုတ်ပြန်ခြင်းကို နေပြည်တော်တွင် ဇူလိုင်လ ၁၀ ရက်မှ ၁၂ ရက်အထိ ကျင်းပလျက်ရှိရာ ယနေ့ (ဇူလိုင်လ ၁၂ ရက်) ပိတ်ပွဲအခမ်းအနားတွင် ယင်းသို့ ပြောကြားခြင်းဖြစ်သည်။ လက်ရှိတွင် နိုင်ငံ့ဝန်ထမ်းများ၏ လစာသည် နိုင်ငံတကာ စံချိန်စံနှုန်းများဖြင့် နှိုင်းယှဉ်ပါက လိုအပ်ချက်များ ရှိနေသေးသည်ဟု ဒေါက်တာသိန်းဝင်းက ဆိုသည်။ ထို့ကြောင့် လစာနှင့် ခံစားခွင့်များ ပြန်သုံးသပ်လျက်ရှိရာ ယင်းကိစ္စကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေနှင့် ကမ္ဘာ့ဘဏ် အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်းများ၏ လစာသည် အာဆီယံဒေသတွင်း နိုင်ငံ့ဝန်ထမ်းများ၏ လစာနှင့်နှိုင်းယှဉ်လျှင်ပင် အနိမ့်ဆုံးဖြစ်နေသေးကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP ၏ နည်းပညာ အကြံပေးအရာရှိချုပ် Christopher C.Politis က ပြောကြားသည်။
Source : https://goo.gl/hA1iHh
via IFTTT

No comments:

Post a Comment