စက်ရုပ်သင်္ဘော စီမံကိန်းတွင် ဥရောပ ကုမ္ပဏီသုံးခု ပါဝင်မည် လူအစား စက်ကို အပြည့်အ၀ အစားထိုးသုံးမည့် သင်္ဘော တည်ဆောက်မည့် စီမံကိန်းကို ဥရောပကုမ္ပဏီသုံးခုက ပူးပေါင်း လုပ်ဆောင်မည်ဟု ယင်းစီမံကိန်း၌ ပါဝင်မည့် ပြင်သစ်ကုမ္ပဏီက ဇူလိုင် ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ကမ္ဘာတွင် ပထမဆုံး စက်ရုပ်သင်္ဘော ဆောက်လုပ်ရန်အတွက် ဗြိတိန်ကုမ္ပဏီ Automated Ships Ltd. (ASL) နှင့် နော်ဝေ နည်းပညာကုမ္ပဏီ Kongsberg Maritime တို့နှင့် စာချုပ်ချုပ်ဆိုခဲ့သည်ဟု ပြင်သစ် ကမ်းလွန်ဝန်ဆောင်မှုကုမ္ပဏီ Bourbon က ထုတ်ပြန်ခဲ့သည်။ ယင်းသင်္ဘောသည် ကမ်းလွန်လုပ်ငန်းစဉ်များအတွက် ကမ္ဘာ့ပထမဆုံး လူအစား စက်ကို အပြည့်အ၀ အစားထိုးသုံးပြီး ကုန်ကျ စရိတ်သက်သာသည့် ရှေ့ပြေးပုံစံ ရေယာဉ် ဖြစ်လာမည်ဟု Bourbon က ထုတ်ပြန်ခဲ့သည်။ ကြီးမားသည့် မောင်းသူမဲ့နှင့် လူအစား စက်ကို အပြည့်အဝ အသုံးပြုသည့် ရေယာဉ်များ ဆောက်လုပ်ရန် နည်းပညာဆိုင်ရာ အခက်အခဲများ မရှိသော်လည်း လက်ရှိတွင် သေးငယ်သည့် မောင်းသူမဲ့လှေများကို ကမ်းခြေအနီး လုပ်ငန်းများအတွက် အသုံးပြုခဲ့ သည်ဟု ယင်းစီမံကိန်းတွင် ပါဝင်သူများက ပြောကြားခဲ့သည်။ ယင်းရေယာဉ်များသည် ကမ်းလွန်ရေနံလုပ်ငန်းနှင့် ငါးလုပ်ငန်းများအတွက် အလင်းရောင် ထောက်ပံ့ပေးရန်နှင့် အရေးပေါ် အခြေအနေများတွင် ကူညီပေးနိုင်မည်ဖြစ်သည်။ ယင်းရေယာဉ်များကို သိပ္ပံဆိုင်ရာနှင့် ပင်လယ်၊ မြစ်နှင့် ကန်များကို လေ့လာသည့် လုပ်ငန်းစဉ်များအတွက်လည်း အထောက်အကူအဖြစ် သုံးနိုင်မည်ဖြစ်သည်။
Source : http://ift.tt/2uea5zY
via IFTTT
No comments:
Post a Comment