Monday, July 10, 2017

The Voice

မစ္စယန်ဟီးလီ ယနေ့ မြန်မာနိုင်ငံ ရောက်မည် ရန်ကုန်၊ ဇူလိုင် ၉ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ ယနေ့ မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး ၎င်း၏ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်သို့ ထပ်မံ သွားရောက်မည်ဖြစ်ကြောင်း ကုလသမဂ္ဂရုံးမှ ထုတ်ပြန်ထားသည်။ မစ္စယန်ဟီးလီသည် ဇူလိုင်လ ၁၀ ရက်နေ့၌ မြန်မာနိုင်ငံ ရောက်ရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရန်ကုန်၊ နေပြည်တော်၊ ရခိုင်နှင့် ကရင်ပြည်နယ်သို့ သွားရောက်ပြီး ဇူလိုင် ၂၁ ရက်၌ မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာမည်ဖြစ်သည်။ ၎င်းသည် မြန်မာနိုင်ငံ၌ ၁၁ ရက်ခန့် နေထိုင်ပြီး လူ့အခွင့်အရေး အခြေအနေများကို လေ့လာသွားမည်ဖြစ်သည်။ “၁၀ ရက်မှ၂၁ အထိ နေမယ်။ ခရီးစဉ်တွေက ရခိုင်၊ ရှမ်း၊ ကရင်ဘက်ကို သွားမယ်၊ ပါတီခေါင်းဆောင် တွေ့ဖို့တွေရှိတယ်။ အသေးစိတ်ကို ကျွန်တော်တို့ ထုတ်ပြန်ပေးပါမယ်”ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။ မစ္စယန်ဟီးလီသည် ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်၌ လူ့အခွင့်အရေးဆိုင်ရာ တွေ့ရှိချက်များကို အောက်တိုဘာလအတွင်း ကျင်းပမည့် ကုလသမဂ္ဂ ညီလာခံ၌ တင်ပြသွားမည်ဖြစ်သည်။ အလားတူ မစ္စယန်ဟီးလီသည် ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံ ခရီးစဉ်၌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်များ အပါအဝင် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များနှင့် သီးခြား တွေ့ဆုံ၍ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
Source : https://goo.gl/or94iz
via IFTTT

No comments:

Post a Comment