Monday, July 24, 2017

The Voice

YBS ယာဉ်ကို ရဲစခန်း ခေါ်ဆောင်လာမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ ထုတ်ပြန် ရန်ကုန်၊ ဇူလိုင် ၂၃ လူမှုကွန်ရက် စာမျက်နှာတစ်ခု ဖြစ်သော ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဇူလိုင်လ ၂၁ ရက်နေ့ ညနေပိုင်းက ပန်းဘဲတန်း မြို့မရဲစခန်းရှေ့YBS (၅၇) ခရီးသည်တင် ယာဉ်တစ်စီး ရောက်ရှိနေသည့် သတင်းဓာတ်ပုံနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းဖြစ်စဉ်အမှန်ကို ၎င်းတို့ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ထုတ်ပြန်ခဲ့သည်။ မီးတန်းယာဉ်ဖြင့် ရဲစခန်းသို့ ခေါ်ဆောင်လာသည့် YBS (၅၇) ခရီးသည် တင်ယာဉ်မှာ ဗ်ိုလ်တထောင်မှ သခင်မြပန်းခြံသို့ မြို့တွင်းပြေးဆွဲနေသည့်ယာဉ် ဖြစ်ပြီး ဇူလိုင်လ ၂၁ ရက် ညနေပိုင်းက ယင်းယာဉ်ပေါ် ပါလာသည့် ခရီးသည် အမျိုးသမီးတစ်ဦး၏ လက်ကိုင်ဖုန်းတစ်လုံး ခါးပိုက်နှိုက်ခံရကြောင်း ရဲတပ်ဖွဲ့ထံ သတင်းပေး တိုင်ကြားခဲ့သည်။ “ကားပေါ်မှာ ခါးပိုက်နှိုက်ခံရတယ်လို့ YBS ကားသမားက သိလိုက်တော့ သူက ကားပေါ်က ဘယ်သူမှ မဆင်းခိုင်းဘဲ ကားရပ်ထားလိုက်တယ်။ ပြီးတော့ ရဲတပ်ဖွဲ့ထံ အကြောင်းကြားလို့ လမ်းပေါ်ရပ်ထားတဲ့ YBS ကားကို နီးစပ်ရာ ပန်းဘဲတန်း ရဲစခန်းဆီ ခေါ်လာပြီး စစ်ဆေးခဲ့တယ်။ ဒါကို လိုင်းပေါ်မှာ YBS ကားကပဲ ရဲစခန်းကို ဝင်တိုက်တော့မလို။ လမ်းကြောင်းမှားပြီး ဝင်လာသလို သတင်းနဲ့ ပုံတွေဖော်ပြနေတာကြောင့် ဖြစ်စဉ်အမှန်ကို ရဲတပ်ဖွဲ့က ထုတ်ပြန်အသိပေးလိုက်တာပါ” ဟု ရဲအရာရှိက ရှင်းပြသည်။ ကမ်းနားလမ်းမှတ်တိုင်မှ လိုက်ပါလာသည့် ခရီးသည် အမျိုးသမီးသည် ၎င်း၏ ဘေးလွယ်အိတ်အတွင်းရှိ Samsung အမျိုးအစား လက်ကိုင်ဖုန်း YBS (၅၇) ယာဉ်ပေါ်တွင် ခါးပိုက်နှိုက်ခံရသည်ဟု ဆိုသော်လည်း ရဲတပ်ဖွဲ့က စစ်ဆေးခဲ့ရာတွင် ပြန်လည်တွေ့ရှိခဲ့ခြင်း မရှိကြောင်းနှင့် အခင်းဖြစ်စဉ် မီးတန်းယာဉ်ဖြင့် ခေါ်ဆောင်လာသည့် YBS မှာ ယာဉ်ကြီး ဖြစ်သောကြောင့် လမ်းကျဉ်းသည့် ကုန်ဈေးတန်းလမ်းတွင် ရပ်နားရန် အဆင်မပြေသောကြောင့် ပန်းဘဲတန်း မြို့မရဲစခန်း ရှေ့သို့ ယာဉ်အား ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
Source : https://goo.gl/7pksJG
via IFTTT

No comments:

Post a Comment