Monday, July 24, 2017

The Voice

အမည်ပေါက် စလစ်တစ်စောင် ကျပ်ခုနစ်သိန်းခန့် ဆက်တက် ရန်ကုန်၊ ဇူလိုင် ၂၃ ဈေးနှုန်းဆက်တိုက် မြင့်တက်နေသော စလစ်ဈေးကွက်တွင် ယခုအပတ်အတွင်း အမည်ပေါက်စလစ် တစ်စောင်လျှင် ကျပ် ခုနစ်သိန်းခန့် ဆက်လက်မြင့်တက်ကြောင်း မော်တော်ယာဉ်ဈေးကွက် အတွင်းမှ သိရသည်။ စလစ်ဈေးကွက်အတွင်း စလစ်အတု ထွက်ပေါ်ခြင်းကြောင့် အမည်ပေါက် စလစ်ပြုလုပ်သူ များလာသည့်အတွက် ထိုစလစ်ဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာခြင်း ဖြစ်ပြီး အမည်ပေါက် စလစ်တစ်စောင်လျှင် ယခင်အပတ်က ကျပ်ခြောက်သိန်းခန့် မြင့်တက်ခြင်းဖြစ်သည့် အတွက် နှစ်ပတ်အတွင်း ယင်းစလစ်တစ်စောင်လျှင် ၁၅ သိန်းခန့်ထိ မြင့်တက်ခြင်း ဖြစ်ကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။ “အပ်ကားကလည်း ရှားနေတယ်။ အရောင်းအဝယ်ကတော့ ကောင်းပါတယ်” ဟု စလစ်ဝယ်ရောင်း ဦးမောင်မောင်ဇော်က ပြောဆိုသည်။ သို့သော် ယခုအပတ်အတွင်း အမည်မပေါက်သည့် စလစ်နှင့် ယာဉ်အိုယာဉ်ဟောင်း အပ်ကားဈေးနှုန်းများမှာ ငြိမ်သက်လျက်ရှိကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။ လက်ရှိစလစ်ဈေးကွက်အတွင်း နှစ် ၂၀ အမည်ပေါက် စလစ်တစ်စောင်လျှင် ယခင်အပတ်က ကျပ် ၁၀၈ သိန်းခန့်မှ ယခုအခါ ကျပ် ၁၁၅ သိန်းခန့်သို့ မြင့်တက်လာပြီး နှစ် ၂၀ စလစ်တစ်စောင်လျှင် ကျပ် ၁၀၅ သိန်းခန့်နှင့်နှစ် ၂၀ ယာဉ်အိုယာဉ် ဟောင်းတစ်စီးလျှင် ကျပ် ၁၀၁ သိန်းခန့် ဈေးရှိကြောင်း စလစ်ဈေးကွက် အတွင်းမှ သိရသည်။
Source : https://goo.gl/crQn7a
via IFTTT

No comments:

Post a Comment