နည်းပညာမြင့်မားတဲ့ Apple Watch Series 3 ရဲ့ အားနည်းချက် ကမ္ဘာကျော် Apple ကုမ္ပဏီက သူ့ရဲ့ တတိယမျိုးဆက်ဝင် Apple Watch သစ် Series 3 ကို မိတ်ဆက်ခဲ့တာတွေ့ရပြီး အဆိုပါ မော်ဒယ်မှာ အကြီးမားဆုံး အဆင့်မြှင့်တင်ထားမှု အဖြစ် ဖုန်းပြောနိုင်အောင် ဖန်တီးထားတာ တွေ့ရပါတယ်။ နည်းပညာ အဆင့်မြင့်မားပြီး ထုတ်လုပ်လိုက်တဲ့ ဒီ Series 3 က ဘာတွေ အားသာပြီး ဘာက အားနည်းချက် ဖြစ်နေတယ် ဆိုတာ လေ့လာ တင်ပြပါမယ်။ Apple ကသူ့ရဲ့ မော်ဒယ်ရဲ့ ဘက်ထရီနဲ့ ပတ်သတ်ပြီး မိတ်ဆက်တာကို မကြာသေးခင်ကပဲ သတင်းသမားတွေကို ချပြခဲ့တာ တွေ့ရသလို ပထမဦးဆုံး အနေနဲ့တော့ အဆိုပါ ဘက်ထရီအကြောင်းကို 9to5Mac မှာ ဖော်ပြထားတာ တွေ့ခဲ့ရတာပါ။ အဆိုပါ ဖော်ပြချက်မှာဆိုရင် Apple Watch အနေနဲ့ ဘက်ထရီကို အားအပြည့် အနေအထားမှာ ၁၈ နာရီထိ သုံးနိုင်မယ် လို့ ဆိုထားပါတယ်။ ဒါပေမယ့် အဆိုပါ အားသုံးနိုင်မှုကLTE စနစ်လို ဖုန်းချိတ်ဆက်မှုနဲ့ GPS လိုအင်တာနက် ချိတ်ဆက် အသုံးပြုမှုတွေ မပါသေးပါဘူး။ အခုမော်ဒယ်သစ်က အထက်မှာ ပြောခဲ့သလိုပဲ ဖုန်းကိုင်စရာမလိုဘဲ LTE စနစ်ထိအောင် ဖုန်းပြောဆိုနိုင်မှု ရှိလာပြီး တကယ်လို့ သင့် အနေနဲ့ Apple Watch အသစ်နဲ့ ဖုန်းပြောမယ် ဆိုရင် ဘက်ထရီက ၁ နာရီလောက်ပဲ အသုံးပြုနိုင်မယ့် အနေအထားပါ။ ဒါဟာပုံမှန် အသုံး ၁၈ နာရီ လောက်ထိ အသုံးပြုနိုင်မယ့် အနေအထားကနေ ဖုန်းပြောမယ် ဆိုရင်တော့ ၁ နာရီ ဝန်းကျင်ပဲ အသုံးပြုနိုင်မှာမို့ ဖုန်းပြောနိုင်လာတဲ့ အားသာချက်ထက် ဘက်ထရီစားများလွန်းတယ် ဆိုတဲ့ အားနည်းချက်က ပိုပြီး မော်ဒယ်သစ်ကို လူကြိုက် နည်းစေလာနိုင်ပါတယ်။ အခုမော်ဒယ်သစ် Series 3 မှာ LTE စနစ်တော့ ချိတ်ဆက်ထားမယ်၊ ဒါပေမယ့် ဖုန်း မပြောဘူး၊ GPS တော့ သုံးနေမယ် ဆိုရင် ဘက်ထရီက ၄ နာရီလောက်ထိအောင် သုံးနိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် အပြင်မှာ အလုပ် လုပ်နေရင်း ဖုုန်းမပြောဖို့တော့ လိုအပ်သလို ဖြစ်နေစေမှာပါ။ အကြောင်းကတော့ အထက်မှာ ပြောခဲ့သလို ဖုန်းပြောလိုက်ရင် ဘက်ထရီက အားအပြည့်နဲ့တောင်မှ ၁ နာရီလောက်ပဲ သုံးနိုင်မှာ ဖြစ်လို့ပါ။ မော်ဒယ်သစ် Series 3 က သီချင်းတွေ နားထောင်မယ် ဆိုရင်တော့ ၁၀ နာရီလောက်ထိအောင် ရနိုင်မယ်။ ဒါကလက်ရှိ ဈေးကွက်ထဲမှာ ရောင်းနေသေးတဲ့ Series 1 မော်ဒယ်ထက် ဘက်ထရီပိုင်း စွမ်းဆောင်ရည် ပိုကောင်းလာတာ ဖြစ်ပြီး Series 1 ကတော့ သီချင်းနားထောင်မယ် ဆိုရင် ၆နာရီ ခွဲလောက်ပဲ ရပါတယ်။ တခုသတိထားစရာ ရှိတာကတော့ အခုမိတ်ဆက်လာတဲ့ Series 3 ကို ဈေးကွက်ထဲရောက်ပြီ ဆိုတာနဲ့ Apple အနေနဲ့ ရှေ့ထုတ် Series 2 ကို ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်ဖို့ ရှိနေတာပါ။ Apple Website တွေမှာ ဝယ်လို့ ရမှာ မဟုတ်တော့သလို ဘက်ထရီပိုင်း ဆိုင်ရာနည်းပညာ ဖော်ပြချက်တွေလည်း ရနိုင်တော့မှာ မဟုတ်လို့ အခုSeries 3 မိတ်ဆက်ချိန်မှာ Series 2 ကို ဝယ်ဖို့ စဉ်းစားနေသူတွေ တချက် ပြန်ချိန်ဖို့ လိုအပ်ပါလိမ့်မယ်။ အခု Series 3 ကိုတော့ Apple အနေနဲ့ မော်ဒယ်ခွဲ ၂ ခု ထုတ်လုပ်လာဖို့ ရှိပြီး တခုက ဖုန်းပြောနိုင်မယ်၊ SIm ကတ်ထည့် နိုင်မှာ ဖြစ်ပြီး နောက်တခုတော့ ပုံမှန် Watch မော်ဒယ် အနေနဲ့ ထွက်ရှိလာဖို့ ရှိနေတာပါ။ ဒါဆိုရင်တော့ ဘက်ထရီ သက်တမ်းရှည်ရှည် သုံးချင်သူတွေ အတွက် ပုံမှန် Watch မော်ဒယ်ကိုပဲ ရွေးချယ်နိုင်ဖို့တော့ ရှိနေမှာပါ။ မော်ဒယ်ခွဲ ၂ ခုလုံးမှာတော့ GPS စနစ် သုံးနိုင်ပါလိမ့်မယ်။ မော်ဒယ်သစ် Series 3 ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့က အမှာစာ လက်ခံရောင်းချနေတာ တွေ့ရပြီးပုံမှန် Watch မော်ဒယ် အတွက် ဒေါ်လာ ၃၂၉ နဲ့ ရောင်းချမှာ ဖြစ်ပြီး ဖုန်းပြောဆိုနိုင်မယ့် မော်ဒယ်ခွဲကတော့ ၃၉၉ ဒေါ်လာ ဈေးရှိမှာပါ။ ဈေးကွက် အတွင်းကိုတော့ စက်တင်ဘာ ၂၂ ရက်နေ့ ရောက်ရှိလာတာ ဖြစ်ပါတယ်။ Ref: http://ift.tt/eKERsB The post နည်းပညာမြင့်မားတဲ့ Apple Watch Series 3 ရဲ့ အားနည်းချက် appeared first on ဧရာဝတီ.
Source : http://ift.tt/2yA0XWp
via IFTTT
No comments:
Post a Comment