Monday, September 25, 2017


ရုရှား ဒု ဗိုလ်ချုပ်ကြီးတဦး ဆီးရီးယားစစ်မြေပြင်တွင် ကျဆုံး ဆီးရီးယားအစိုးရတပ်များကို ကူညီနေတဲ့ ရုရှားတပ်မတော်မှ စစ်ဘက်အကြံပေး ဒုတိယ ဗိုလ်ချုပ်ကြီး ဗယ်လာရီ အက်စ်ပေါ့ဗ်ဟာ ဒီယာအက်ဇာ စစ်မြေပြင်မှာ မော်တာကျည်ဆန်ထိမှန်၍ သေဆုံးသွားကြောင်း ရုရှားအစိုးရ ကာကွယ်ရေး ဝန်ကြီး ဌာနက မနေ့ကထုတ်ပြန်ပါတယ်။ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဒီယာအက်ဇာမြို့ကို IS လက်မှ လွတ်မြောက်ရေးအတွက် ဆီးရီးယား တပ်မတော် ဆင်နွဲနေတဲ့ ထိုးစစ်မှာ ရုရှား ဒုဗိုလ်ချုပ်ကြီး ဗယ်လာရီ အက်စ်ပေါ့ဗ်ဟာ အကြံပေး အဖြစ် ဆောင်ရွက်နေသူဖြစ်ပြီး၊ တိုက်ပွဲမှာ ကျဆုံးသွားတဲ့အတွက် နိုင်ငံတော်က သူရဲကောင်းဆု ချီးမြှင့်မှာဖြစ်ကြောင်း ဆိုပါတယ်။ ဆီးရီးယားအစိုုးရတပ်ဟာ ဒီယာအက်ဇာ မြို့ကို IS လက်မှ လွတ်မြောက်ရေးအတွက် ရုရှားလေကြောင်း တိုက်ခိုက်မှု အကူအညီနဲ့ စက်တင်ဘာလထဲမှာ ထိုးစစ်ဆင်နေတာဖြစ်ပြီး၊ အခုအခါမှာတော့ ဆီးရီးယား တပ်တွေဟာ ယူဖရေးရီးမြစ်ကိုဖြတ်ကာ ဒီယာအက်ဇာမြို့ကို သိမ်းထားတဲ့ ISတွေကို ပိတ်ဆို့ဝန်းရံထားတယ် လို့ သိရပါတယ်။ The post ရုရှား ဒု ဗိုလ်ချုပ်ကြီးတဦး ဆီးရီးယားစစ်မြေပြင်တွင် ကျဆုံး appeared first on ဧရာဝတီ.
Source : http://ift.tt/2fKdBtQ
via IFTTT

No comments:

Post a Comment