Saturday, September 23, 2017


ချန်ပီယံဆုပေါင်းများစွာနဲ့ ပြိုင်ကားမောင်း ဘုရင် Lewis Hamilton သူ့နာမည် အပြည့်အစုံက Lewis Carl Davidson Hamilton ဖြစ်ပါတယ်၊ ၁၉၈၅ ခုနှစ် ဇန်နဝါရီလ ၇ ရက်မှာ မွေးခဲ့တဲ့ နာမည်ကျော် ပြိုင်ကားမောင်းသမားပါ။ အင်္ဂလန် ပြိုင်ကားမောင်းသမားက လက်ရှိမှာတော့ Mercedes AMG နဲ့ အတူ Formual 1 ကားပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်နေတာ တွေ့ရပါတယ်။ သူဟာ Formula One World Champion အဖြစ် ၃ ကြိမ် ဗိုလ်စွဲထားသူလည်း ဖြစ်ပါတယ်။ F1 ပြိုင်ပွဲ တလျှောက်မှာတော့ အခုချိန်ထိ အကောင်းဆုံး ကားမောင်းသမား အဖြစ် သတ်မှတ်ဖို့ တပေးခံနေရသူလည်း ဖြစ်ပါတယ်။ သူရဲ့ ပထမဆုံး ကြေးစား ကျွမ်းကျင် ပြိုင်ပွဲဝင် ဘဝမှာတော့ အခု Mercedes နဲ့ စတင်ခဲ့တာ မဟုတ်ပဲ အခြား နာမည်ကျော် ပြိုင်ကားကုမ္ပဏီ ဖြစ်တဲ့ McLaren နဲ့ အတူ စခဲ့ပြီး ပထမဆုံး ချန်ပီယံဆုကို ၂၀၀၈ ခုနှစ်နဲ့ McLataren နဲ့ အတူရခဲ့တာ ဖြစ်ပါတယ်။ အခု Mercedes ကိုရောက်ပြီးမှ နောက်ထပ် ကမ္ဘာ့ချန်ပီယံဆု ၂ ကြိမ်ကို ၂၀၁၄ နဲ့ ၂၀၁၅ တွေမှာ ၂ နှစ်ဆက်တိုက် ထပ်မံ ရယူထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အင်္ဂလန် ပြိုင်ကားမောင်း သမားတွေထဲမှာတော့ နိုင်ပွဲ အများဆုံး ရရှိထားတဲ့ ကားမောင်းသမား အဖြစ် မှတ်တမ်း ဝင်နေပြီး အခုချိန်ထိ ပြိုင်ပွဲစုံမှာ နိုင်ပွဲ ၅၉ ပွဲထိ ရရှိထားတာလည်း ဖြစ်ပါတယ်။ ပြီးတော့ ပြိုင်ပွဲတလျှောက်ရမှတ် အများဆုံး ရယူထားနိုင်တဲ့ ကားမောင်းသမား အဖြစ်လည်း ပြိုင်ပွဲစုံကနေ ရမှတ်ပေါင်း ၂၄၈၅ မှတ်ရထားပြီး ထိပ်ဆုံးမှာ ရှိနေပါတယ်။ နောက်ထပ် စံချိန်တခု ရှိပါသေးတယ်၊ ပြိုင်ကွင်းစုံမှာ အနိုင်ရမှု အများဆုံး ကားမောင်းသမား ဖြစ်နေပြီး ပွဲပေါင်း ၂၄ ပွဲ အနိုင်ရယူထားပါတယ်။ တနှစ် အတွင်း ပြိုင်ပွဲ အများဆုံး ဝင်ရောက် ယှဉ်ပြိုင်သူ အဖြစ် တနှစ်တည်း ၁၇ ပွဲထိ ဝင်မောင်းထားတာလည်း တွေ့ရပါတယ်။ ပြီးတော့ နှစ်တိုင်းမှာ Grand Prix တခုတော့ အနည်းဆုံး ရယူထားနိုင်တဲ့ ကားမောင်းသမားဆိုလို့လည်း သူတယောက်ပဲ ရှိသေးတာ ဖြစ်ပါတယ်။ သူ့ရဲ့ ပြိုင်ပွဲဝင် ကားနံပါတ်က ၄၄ ပါ၊ ပြိုင်ပွဲဝင်ချိန် ကာလ တလျှောက် ပြိုင်ကွင်းပတ်လမ်းကို အမြန်ဆုံး အဖြစ် ဦးဆောင် မောင်းနှင် ပန်းဝင်နိုင်မှု အခုချိန်ထိ ၃၇ ကြိမ် ရှိခဲ့ပါတယ်။ ပထမဆုံး ပြိုင်ပွဲ အဖြစ် ၂၀၀၇ ခုနှစ် Australian Grand Prix မှာ ပါဝင် ယှဉ်ပြိုင်ခဲ့တယ်၊ ပထမဆုံး နိုင်ပွဲ အနေနဲ့တော့ ၂၀၀၇ ခုနှစ် Canadian Grand Prix မှာ နိုင်ပွဲရတယ်၊ လက်ရှိ အချိန်ထိအောင် နောက်ဆုံး နိုင်ပွဲ ရထားမှု အဖြစ် ၂၀၁၇ ခုနှစ် Italian Grand Prix မှာ နိုင်ထားတယ်၊ နောက်ဆုံး ပြိုင်ပွဲဝင်မှု အဖြစ်တော့ ၂၀၁၇ ခုနှစ် Sigapore Grand Prix မှာ ဝင်ပြိုင်ပေမယ့် အနိုင်မရခဲ့ပါဘူး။ သူဟာ ကားမောင်းသမား အဖြစ်တော့ ၁၉၉၈ ခုနှစ်ကတည်းက McLaren ရဲ့ လူငယ်ကားမောင်းသမား လေ့ကျင့်ရေး အစီအစဉ်မှာ ပါရှိ လေ့ကျင့်ခဲ့တာလည်း ဖြစ်ပါတယ်။ သူလေ့ကျင့်ရေး သမား အဖြစ် ၃ နှစ်အကြာ လေ့ကျင့်ပြီးတော့ အဆိုပါ အချိန်က နာမည်ကျော် McLaren ကားမောင်းသမား Ron Dennis ကို တွေ့ပြီး တနေ့မှာ သူလည်း Dennis လို နာမည်ကျော် ပြိုင်ကားမောင်းသမား ဖြစ်ချင်တယ် လို့ ပြောခဲ့ဖူးတာ တွေ့ရပါတယ်။ အဲဒီနောက် British Formula Renault, Formula Three Euroseries နဲ့ GP2 တွေမှာ အနိုင်ရပြီးတော့ ဟာမီတန်ဟာ McLaren ရဲ့ ဦးဆောင် ပြိုင်ပွဲဝင် ကားမောင်းသမား ဖြစ်လာပါတယ်။ ၂၀၀၇ မှာ McLaren နဲ့ အတူ ပြိုင်ပွဲ စတင် ယှဉ်ပြိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ထူးခြားချက်က ဟာမီတန်ရဲ့ ဖခင်က လူမည်း ဖြစ်ပြီး မိခင်က လူဖြူပါ၊ ဒီ့အတွက် သူဟာ F1 ပြိုင်ပွဲမှာ ပထမဆုံး ပါဝင်ယှဉ်ပြိုင်သူ၊ အနိုင်ရသူ လူမည်း စာရင်း ဝင်ခဲ့ပါတယ်။ ပထမ ရာသီမှာပဲ သူဟာ နိုင်ပွဲ ရမှု နည်းပြီး ဒုတိယနေရာတွေသာ အများဆုံး ရခဲ့ပေမယ့် စံချိန်သစ် တင်နိုင်မှုတော့ များခဲ့ပါတယ်။ တနှစ်တည်း အတွင်းမှာ ထိပ်ဆုံးနေရာက အများဆုံး တာထွက်နိုင်သူ အဖြစ် ၉ ပွဲ၊ ပွဲဦးထွက် ရာသီအနေနဲ့ အနိုင်ရမှု အများဆုံးသူ အဖြစ် ၄ ပွဲနဲ့ စံချိန်တင်နိုင်ခဲ့သလို ပွဲဦးထွက်ပွဲစဉ်မှှာ အမှတ်အများဆုံး ရရှိသူ အဖြစ် ၁၀၉ မှတ်တွေ ရခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် အတွင်းမှာ ဆိုရင်လည်း တနှစ်တည်းမှာတင် ပြိုင်ပွဲစုံ နိုင်ပွဲ ၁၁ ပွဲထိအောင် ရှိခဲ့သလို NIco Rosberg ကို ကျော်တက်ပြီး ကမ္ဘာ့ချန်ပီယံဆုကိုပါ ဒုတိယ အကြိမ် ရခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၅ မှာလည်း ကမ္ဘာ့ချန်ပီယံ ပြိုင်ပွဲ ပြီးဆုံးဖို့ ၃ ပွဲ အကျန်ချိန်အထိ ဟာမီတန်ဟာ အဆင့် ၃ မှာပဲ ရှိနေခဲ့သူပါ။ ဒါပေမယ့် လက်ကျန် ပွဲတွေကို အကောင်းဆုံး အနိုင်ယူပြီး တနှစ် အတွင်း နိုင်ပွဲ ၁၀ ပွဲနဲ့ အတူ ၂၀၁၅ မှာပါ ကမ္ဘာ့ ချန်ပီယံ ထပ်ဖြစ်ခဲ့ပါတယ်။ ၂၀၁၆ မှာတော့ Nico Rosberg က ၅ မှတ်အသာနဲ့ ကမ္ဘာ့ ချန်ပီယံ ဖြစ်သွားပေမယ့် ဟာမီတန်က ကမ္ဘာ့ ချန်ပီယံ မဖြစ်သည့်တိုင် တနှစ်အတွင်း ပွဲအများဆုံး နိုင်သူ အဖြစ် စာရင်းဝင်ခဲ့ပြီး အရင်နှစ်က တနှစ် အတွင်း နိုင်ပွဲ ၁၀ ပွဲထိအောင် ရခဲ့ပါတယ်။ အခုချိန်ထိအောင်လည်း ဟာမီတန်က Grand Prix ပြိုင်ပွဲတွေမှာ နိုင်ပွဲပေါင်း ၅၉ ပွဲ ရထားပြီး နိုင်ပွဲ အများဆုံး ရသူ စာရင်းမှာ Michael Schumancher ရဲ့ ၉၁ ပွဲ အနိုင်ရ စံချိန်ကို ချိုးဖျက်ဖို့ ကြိုးစားနေတာလည်း တွေ့ရပါတယ်။ ဟာမီတန်ရဲ့ အဓိက အောင်မြင်မှုတွေကို ကြည့်မယ် ဆိုရင် Mercedes အသင်းနဲ့ အတူ Formula One World Constructors Championship ကို ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၆ တွေမှာ ရထားတယ်၊ တဦးချင်း အနေနဲ့တော့ Formula One World Drivers’ Championship ကို ၃ ကြိမ်ရဖူးတယ်၊ DHL Fastest Lap Award ဆုကို ၂၀၁၄ နဲ့ ၂၀၁၅ တွေမှာ ရတယ်၊ GP2 Series Championship ကို ၂၀၀၆ မှာ ရဖူးတယ်၊ FIA Pole Trophy ကို ၂၀၁၅ နဲ့ ၂၀၁၆ မှာရတယ်၊ Formula 3 Euro Series Championship ကို ၂၀၀၅ ခုနှစ်က ရဖူးတယ်၊ Laureus World Sports Award ရဲ့ တနှစ်တာ အကောင်းဆုံး အားကစားသမားဆုကို ၂၀၀၈ ခုနှစ်က ရတယ်။ Lorenzo Bandini Trophy ကို ၂၀၀၉ မှာ ရတယ်၊ Hawthorn Memorial Trophy ကို ၂၀၀၇၊ ၂၀၀၈၊ ၂၀၁၂၊ ၂၀၁၄ နဲ့ ၂၀၁၅ တွေမှာ ရခဲ့တယ်၊ BBC Sports Personality of the Year ကိုလည်း ၂၀၁၄ ခုနှစ်က ရတယ်၊ ESPY ရဲ့ အကောင်းဆုံး ကားမောင်းသမားဆုကို ၂၀၁၇ က ရတယ်၊ Autosport ကပေးတဲ့ International Racing Driver Award ဆုကို ၂၀၀၇၊ ၂၀၀၈၊ ၂၀၁၄ နဲ့ ၂၀၁၅ တွေမှာ ရဖူးတယ်၊ PAP ကနေ ပေးအပ်တဲ့ ဥရောပ တနှစ်တာ အကောင်းဆုံး ကစားသမားဆုကိုလည်း ၂၀၁၄ ခုနှစ်က ရတယ်၊ GQ ကပေးတဲ့ တနှစ်တာ အကောင်းဆုံး အားကစားသမားဆုကိုလည်း ၂၀၁၄ နဲ့ ၂၀၁၅ တွေမှာ ရဖူးတာ တွေ့ရပါတယ်။ Ref: http://ift.tt/1nTw5C9 The post ချန်ပီယံဆုပေါင်းများစွာနဲ့ ပြိုင်ကားမောင်း ဘုရင် Lewis Hamilton appeared first on ဧရာဝတီ.
Source : http://ift.tt/2wd6NLO
via IFTTT

No comments:

Post a Comment