Friday, September 29, 2017


အစားထိုးမြေဧက ရရှိရေး လက်ပံတောင်းဒေသခံများ ဆန္ဒပြ စစ်ကိုင်းတိုင်းဒေသကြီး၊ လက်ပံတောင်းကြေးနီစီမံကိန်းရှိ ဒေသခံ တောင်သူများသည် သိမ်းဆည်းခံထား ရသည့် မြေယာများအတွက် အစားထိုးမြေဧကရရှိရန် ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့တွင် လူအင်အား ၁၀၀ နီးပါးဖြင့် မိုးကြိုပြင်ရွာမှ စကာ ဝမ်ပေါင်ကုမ္ပဏီ ရုံးရှေ့အရောက် ချီတက်ဆန္ဒပြကြခြင်း ဖြစ်ကြောင်း သိရသည်။ ဒေါ်ရီဝင်းက “ကိုယ်ကတောင်းဆိုနေတာလည်း များနေပြီ။ များတိုင်းလည်း ကိုယ့်ဒေသခံတွေ တောင်းဆိုတဲ့ အချက်အလက်တွေကို သူတို့က တခုမှ ဆောင်ရွက်ပေးခြင်း မရှိတော့ ကိုယ်ပြောနေတာတွေက အပိုတွေလို ဖြစ်နေတယ်။ ဒါပေမယ့် ကိုယ့်တောင်သူ လယ်သမားတွေကတော့ မြေယာရှိမှ အလုပ်ဖြစ်မှာမို့လို့ မြေအစားထိုး ပြန်ပေးမယ်ဆိုရင်တော့ မြေကိုပဲ လိုချင်ပါတယ်လို့ပြောချင်ပါတယ်။ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာထဲမှာပါတဲ့ မြေဧက ၁၉၀၀ ကို ဖော်ဆောင်ပေးရမယ် ဆိုတဲ့အချက်ကို တောင်းဖို့ပါ” ဟုပြောသည်။ ဒေသခံများသည် အစီရင်ခံစာတွင်ပါဝင်သော အစားထိုးမြေ ဧက ၁၉၀၀ ဖော်ထုတ်ပေးရန် ၊ အစီရင်ခံစာအား မလိုက်နာသည့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအား စစ်ဆေးအရေးယူပေးရန် နှင့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအား ရပ်ဆိုင်းပေးရန် စသည့်အချက် ၃ ချက်ကို တောင်းဆိုခဲ့သည်။ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်က “အစားထိုးမြေဧက ရှိတဲ့နေရာက ကျောက်ကုန်းတွေ၊ သစ်တောမြေတွေ အစိုးရက အစားထိုးပေးလို့တော့ ရတာပေါ့။ ဒီမြေတွေကို စိုက်ဖို့ဆိုတာကလည်း စိုက်လို့မှ မဖြစ်တဲ့မြေတွေ စိုက်ဖြစ်အောင် ပြင်ပေးရင်တော့ အဆင်ပြေမှာ။ ဒါပေမယ့်လည်း စိုက်နိုင်ရင်တောင် ဒေသခံတွေက ဝေးလို့သွားမစိုက်နိုင်ဘူး။ အနီးမှာတော့ ဖော်ထုတ်စရာမြေတွေက အစိုးရအနေနဲ့ မရှိဘူး” ဟု ဧရာဝတီသို့ပြောသည်။ ယနေ့ ဆန္ဒပြတောင်းဆိုခြင်းကို ဒေသခံများက ခွင့်ပြုမိန့်တင်ထားသဖြင့် ခွင့်ပြုထားကြောင်း ဆားလင်းကြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ထွန်းက ဧရာဝတီသို့ ပြောသည်။ ၂၀၁၃ ခုနှစ် မတ်လ ၁၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခဲ့သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ထွက်ပေါ်ခဲ့သော အစီရင်ခံစာ၌ သဘာဝပတ်ဝန်းကျင် ကို မထိခိုက်စေသည့် စံချိန်စံညွှန်းများနှင့် စီမံကိန်းကို ဆက်လက်လုပ်ကိုင်မည်ဖြစ်ကြောင်း၊ ဒေသခံ များကို ကာလပေါက်ဈေးအတိုင်း မြေယာလျော်ကြေးပေးရန်နှင့် ဒေသအတွင်း အသေးစားနှင့် အလတ်စားလုပ်ငန်းများ လုပ်ကိုင်နိုင်ရေး အခွင့်အလမ်းများဖန်တီးပေးရန် စသည့်အချက်များ ပါဝင်ခဲ့ သည်။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကော်ပိုရေးရှင်းနှင့် တရုတ်နိုင်ငံသားပိုင် ဝမ်ပေါင် ကုမ္ပဏီ တို့ ပူးပေါင်း၍ Myanmar Wa nbao Mining Copper ltd အဖြစ် ၂၀၁၀ ခုနှစ် မေလတွင် စတင် လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ The post အစားထိုးမြေဧက ရရှိရေး လက်ပံတောင်းဒေသခံများ ဆန္ဒပြ appeared first on ဧရာဝတီ.
Source : http://ift.tt/2xG4Jxo
via IFTTT

No comments:

Post a Comment