Friday, September 29, 2017


မိသားစုသုံး MVP မော်ဒယ် 2018 ထုတ် Honda Odyssey မိသားစုသုံး မော်ဒယ်ဖြစ်တာနဲ့အညီ အတွင်းခန်း ကျယ်ဝန်းအောင် အလေးပေး ဖန်တီးလာပြီး အခု မော်ဒယ်မှာ ထူးခြား ချက်က နောက်ဘက် ခရီးသည် ထိုင်ခုံတန်းကို ခေါက်သိမ်းနိုင်ရုံတင် မဟုတ်ဘဲ စိတ်ကြိုက်အနေအထားထိအောင် ပြင်ဆင် နိုင်ဖို့ ဖန်တီးထားတာ တွေ့ရပါတယ်။ ယာဉ်ပေါ်ပါ ခရီးသည်တွေအတွက် လုံခြုံစိတ်ချရမှုစနစ်အပိုင်းမှာ နောက်ဆုံးပေါ်နည်းပညာတွေရော ဇိမ်ခံမော်ဒယ်တွေမှာ ပါ တပ်ဆင်ထည့်သွင်းလေ့ရှိတဲ့ အလိုအလျောက် အကူအညီပေးစနစ်တွေကိုပါ ထည့်သွင်းဖန်တီးထားတာ တွေ့လာရပါ တယ်။ အင်ဂျင်စနစ်မှာ V6 အင်ဂျင်က စွမ်းအင်ထုတ်လုပ်နိုင်မှုရော ရုန်းအားပါ ကောင်းမွန်လာသလို လက်ကိုင်ပိုင်းကလည်း မြန် နှုန်းမြင့် မောင်းနှင်နိုင်မယ့် မော်ဒယ်မဟုတ်သည့်တိုင်အောင် လမ်းကြောင်းစုံမှာ အထူး တည်ငြိမ်အောင် ဖန်တီးထား တာ တွေ့ရပါတယ်။ ပြီးတော့ Elite မော်ဒယ်ခွဲအသစ် ထွက်လာပြီး ရွေးချယ်ဖို့ အသင့်ဆုံး မော်ဒယ်ကောင်းတခု ဖြစ်လာပါ တယ်။ နောက်ဘက် ဝန်တင်ခန်း နည်းနည်း ကျဉ်းချင်နေပါတယ်။ တခု ခံသာတာက နောက်ဘက် ခရီးသည်ထိုင်ခုံတန်းကို စိတ် ကြိုက် ပြင်ဆင်နိုင်လို့ ဝန်တင်ဆောင်နိုင်မှု မဆိုးပါဘူး။ တတိယထိုင်ခုံတန်းလည်း ထည့်သွင်းဖန်တီးထားပေမယ့် အဆိုပါ ထိုင်ခုံတန်းကို အသိမ်း၊ အထုတ်အပိုင်းမှာ Power နဲ့ မ သွားဘဲ လက်နဲ့ သွားရမှာ ဖြစ်လို့ အဆင့်မြင့် မော်ဒယ်အဖြစ် သတ်မှတ်ဖို့ ခက်စေပါတယ်။ ပြီးတော့ ပတ်လည်ကင်မရာ စနစ် မရနိုင်တာတခုက ကိုယ်ထည်ကြီးတဲ့ MPV မော်ဒယ်တခုအတွက် အားနည်းချက် ဖြစ်နေစေပါတယ်။ အခုနှစ်၂၀၁၈ မော်ဒယ်ကို အားလုံးနီးပါး အသစ်ဖြစ်အောင် ပြန်လည် ပြင်ဆင်ထုတ်လုပ်ထားတာ တွေ့ရပါတယ်။ ဒုတိယ ထိုင်ခုံတန်းမှာ သိသာတဲ့ဒီဇိုင်းရော ခေါက်သိမ်းနိုင်မှု အားကောင်းအောင် ဖန်တီးလာတယ်။ အင်ဂျင်က စွမ်းအင်ထုတ်လုပ်မှု ပိုကောင်းလာတယ်၊ လက်ကိုင်စနစ် တည်ငြိမ်မှု ပိုလာတယ်၊ တန်ဖိုးသင့်မော်ဒယ် ဖြစ်ပေ မယ့် ဇိမ်ခံမော်ဒယ်တွေက နည်းပညာပိုင်း ထည့်သွင်းဖန်တီးမှုတွေ တွေ့လာရပါတယ်။ Elite မော်ဒယ်ခွဲသစ် ရွေးချယ်နိုင် စရာ ပိုထုတ်လာပါတယ်၊ အခုနှစ် Odysseyကို ရွေးချယ်နိုင်စရာ မော်ဒယ်ခွဲ ၆ခုထိရအောင် ဖန်တီးထားတာ တွေ့ရပါတယ်။ LX, EX, EX-L, EX-L Navi & RES, Touringနဲ့ Eliteတွေ ဖြစ်ပါတယ်၊ ၁၈ လက်မဘီးတွေ၊ နောက်ဘက် ရိုက်ကူးကင်မရာ၊ ရှေ့ဘက်ထိုင်ခုံတွေ က Power နဲ့ သွားတယ်၊ ၅ လက်မ Touch စနစ်နဲ့ မျက်နှာပြင်စနစ်တွေ၊ Bluetooth ချိတ်ဆက်နိုင်မှုနဲ့ စပီကာ ၇လုံး ထည့် ထားပါတယ်။ လျှောတံခါးက Power နဲ့ ဖြစ်လာတယ်၊ Keyless စနစ် သုံးနိုင်လာတယ်၊ Remote နဲ့ အင်ဂျင်စက်နှိုးနိုင်မယ်၊ ယာဉ်မောင်း ထိုင်ခုံကို အနိမ့်၊ အမြင့် ချိန်ညှိနိုင်မှုက Power နဲ့ ဖြစ်လာတယ်၊ ရှေ့ဘက်ထိုင်ခုံတွေက အပူပေးစနစ် ပါလာတယ်၊ နောက် ဘက်တံခါးတွေမှာ နေကာတွေ ပါလာတယ်၊ ၈ လက်မ Touch စနစ် ပြသမျက်နှာပြင်စနစ်၊ လမ်းကျဉ်းအချက်ပြစနစ်တွေ ပါလာပါတယ်။ အင်ဂျင်စနစ်ကတော့ တခုတည်း ဖြစ်ပြီး သူက ၃.၅လီတာသုံး V6အင်ဂျင် ဖြစ်ပြီး ရုန်းအား ၂၆၂ပေါင်-ပေမှာ မြင်းကောင် ရေ ၂၈၀ အား ထိအောင် ထွက်ရှိလာပါတယ်။ အရင်နှစ် မော်ဒယ်ထက် စွမ်းဆောင်ရည် တော်တော်လေး ကောင်းလာပါတယ်။ ရှေ့ဘီးယက်စနစ်နဲ့ ဖြစ်ပြီး ၉ ချက်သုံး Auto နဲ့ သွားပါတယ်။ Touring နဲ့ Elite မှာတော့ ၁၀ ချက်သုံး Auto နဲ့ သွားပါတယ်။ LX ကတော့ ၇ယောက်စီး မော်ဒယ် ဖြစ်ပေမယ့် ကျန်မော် ဒယ်တွေ အားလုံးက ၈ယောက်စီးပါ။ နိုင်ငံတကာဈေးကွက်မှာတော့ မော်ဒယ်ကို ဒေါ်လာ ၃၀၄၅၀ ကနေ ၄၅၉၂၅ အတွင်း မော်ဒယ်ခွဲအပေါ် မူတည်ရောင်းချ နေ တာ တွေ့ရပြီး ပြည်တွင်း ဈေးကွက်မှာလည်း ကားသစ်တွေပဲ ဦးစားပေး တင်သွင်းခွင့် ပုံစံ မူဝါဒအရ မော်ဒယ်သစ်ကို စီး နင်းမှု များလာနိုင်ပါတယ်။ www.edmunds.com The post မိသားစုသုံး MVP မော်ဒယ် 2018 ထုတ် Honda Odyssey appeared first on ဧရာဝတီ.
Source : http://ift.tt/2x1pxSZ
via IFTTT

No comments:

Post a Comment