Tuesday, September 26, 2017


ရခိုင် အခက်က တရုတ် အချက်လား လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များနှင့် လူမျိုးတုန်းသတ်ဖြတ်မှုဟု ကုလသမဂ္ဂက ခေါ်သော ရခိုင်ပြည်နယ်မှ စစ်ဆင် ရေးများကြောင့် အချို့သော အနောက်နိုင်ငံအစိုးရများသည် မြန်မာ့တပ်မတော်နှင့် အစိုးရကို ပိတ်ဆို့အရေးယူရန် စဉ်းစား လာသောကြောင့် တရုတ်နိုင်ငံသည် တောင်ပိုင်းအိမ်နီးချင်း မြန်မာနိုင်ငံကို ကူညီရန် အသင့်ရှိနေသည်။ အနောက်နိုင်ငံများက အရေးယူပိတ်ဆို့မှုများကို မြန်မြန်ဆန်ဆန် ရုပ်သိမ်းပြီး ၂၀၁၁ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးကို အပြည့်အ၀ ထောက်ခံခဲ့သည့် အခြေအနေနှင့် နောက်ပြန်လှည့်လုနီးပါး ဖြစ်နေသည်ကို တွေ့ရသည်မှာ အထင်နှင့်အမြင် ဆန့်ကျင်နေသောအချက်ဖြစ်သည်။ ထိုအချိန်က မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ မရုတ်သိမ်းဘဲ လျင်လျင်မြန်မြန် ကြိုဆိုလက်ခံခြင်းခြင်းမပြုရန် တက်ကြွလှုပ်ရှားသူများနှင့် လေ့လာသူများက တိုက်တွန်းသည်ကိုပင် အနောက်နိုင်ငံများက နားထောင်ခြင်းမရှိခဲ့ပေ။ ယခင်အပတ်က သူ၏သံတမန်ရေးရာမိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည် သတိပေးခဲ့သည့်အတိုင်း လက်ရှိအခြေအနေ တွင် မြန်မာနိုင်ငံ၏ထိလွယ်ခိုက်လွယ်သော ဒီမိုကရေစီသည် စိန်ခေါ်မှု အကြီးအကျယ်ကို ရင်ဆိုင်နေရသည်။ အချို့သော အနောက်နိုင်ငံအစိုးရများနှင့် မီဒီယာများသည် ကိုယ်ကျင့်တရားကို ဒီဂရီ အမြင့်ဆုံးထားပြီး ဒေါ်အောင်ဆန်း စုကြည်ကို ဝေဖန်တိုက်ခိုက်နေသော်လည်း မြန်မာနိုင်ငံသား အများအပြားကမူ အနောက်နိုင်ငံအစိုးရနှင့် မီဒီယာများက လက်ညှိုးထိုးစွပ်စွဲရမည့်သူမှာ သူ မဟုတ်ဟု ယုံကြည်ကြသည်။ အရေးယူပိတ်ဆို့မှုနှင့် ကန့်သတ်မှုများ ပြန်လည်ချမှတ်ရန် အနောက်နိုင်ငံများတွင် ဖိအားမြင့်မားလာခြင်းနှင့်အတူ ဒေါ် အောင်ဆန်းစုကြည်၏အစိုးရသည် အနောက်နိုင်ငံများမှ လက်ရွေးစဉ် မဟာမိတ်များကို အားကိုးမည်ဖြစ်သော်လည်း တ ရုတ်နိုင်ငံကို အားကိုးရန် ပိုမို တွန်းအားပေးခံရမည့်သဘောဖြစ်လာသည်။ အစိုးရ၏ခေါင်းဆောင်ဖြစ်လာချိန်မတိုင်မီကပင် တရုတ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံသို့ ဖိတ်ကြား ခဲ့ပြီး နိုင်ငံရေးထောက်ခံမှုနှင့် ရင်းနှီးမြှုပ်နှံမှုကိုလည်း မြှင့်တင်ဖွယ်ရှိနေသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အိန္ဒိယ၊ ဂျပန်၊ အနောက်နိုင်ငံများနှင့် ဆက်ဆံရန် လုပ်ဆောင်မှုကြောင့် တရုတ်နိုင်ငံ သည် ဇဝေဇဝါနှင့်စိုးရိမ်နေသည်ဟူသော ကောလာဟလများသည် လွန်ခဲ့သောနှစ်မှ စတင်ဖြစ်ပေါ်နေသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဘရပ်ဆဲလ်သို့ ၂ ခေါက်သွားရောက်ခဲ့ပြီးဖြစ်သော်လည်း ဥရောပက အရေးယူပိတ် ဆို့မှုများချမှတ်လျှင် ထပ်မံသွားရောက်မည့် အလားအလာမရှိတော့ပေ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မကြာမီ အနာဂတ်တွင် တရုတ်အစိုးရက ဖိတ်ခေါ်မည်ဟု အကြားအမြင်များသော သတင်းရင်းမြစ်များက အရိပ်အမြွက် ဆိုကြသည်။ သူသည် ယခင်ကလည်း သမ္မတ ရှီကျင်းပင်နှင့် တွေ့ဆုံခဲ့ဖူးသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လွန်ခဲ့သော အပတ်က ပဋိပက္ခ ဖြစ်ပွားနေသော ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး ယခုအပတ်အတွင်း နေပြည်တော်တွင် ထိပ်တန်း စစ်ဘက်အရာရှိများနှင့် လုံခြုံရေးဆိုင်ရာ ပုံမှန်အစည်းအဝေး ကျင်းပရန် ရှိသည်။ တပ်မတော်၏ဆောင်ရွက်ချက်များကို အပြစ်ပေးမည့် ပိုမိုကန့်သတ် ပိတ်ဆို့သော လက္ခဏာအဖြစ် ဗြိတိန်အစိုးရသည် မြန် မာ့တပ်မတော်ကို ဒီမိုကရေစီ၊ ခေါင်းဆောင်မှုပညာနှင့် အင်္ဂလိပ်ဘာသာစကားဆိုင်ရာ သင်တန်းများပို့ချခြင်းကို လက်ရှိအ ခြေအနေကို လက်ခံနိုင်လောက်အောင် ဖြေရှင်းနိုင်ချိန်အထိ ဆိုင်းငံ့ခဲ့သည်။ ထိုသင်တန်းများအတွက် ယခင်နှစ်က ပေါင် ၃၀၅၀၀၀ ( အမေရိကန်ဒေါ်လာ ၄၁၁၀၀၀ ) ကုန်ကျခဲ့သည်။ မြန်မာ့တပ်မတော်ကလည်း ၎င်းတို့၏အရာရှိများကို ဗြိတိန်သို့ နောက်နောင် ပို့ဆောင်သင်တန်းတက်စေတော့မည်မဟုတ် ဟု တုံ့ပြန် ကြေညာသည်။ မြန်မာနိုင်ငံသည် အရာရှိများကို ရုရှားနှင့် တရုတ်နိုင်ငံများသို့ နှစ်စဉ်သင်တန်းများစေလွှတ်သည်။ မကြာမီ အိန္ဒိယနိုင်ငံ သည်လည်း မြန်မာအရာရှိများကို ခေါ်ယူလေ့ကျင့်ပေးကာ အိန္ဒိယရှိ စစ်တက္ကသိုလ်များတွင် တက်ရောက်စေတော့မည်ဖြစ် သည်။ ထိုအချက်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဇူလိုင်လ အိန္ဒိယခရီးစဉ်အတွင်း သဘောတူခဲ့ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် အမေရိကန်ပြည်ထောင်စုသည်လည်း မြန်မာနှင့် စစ်ဘက်ဆက်ဆံရေးတိုးမြှင့်မည့်အစီအ စဉ်ကို ရပ်ဆိုင်းထားသည်။ ဥရောပသမဂ္ဂကလည်း မြန်မာတပ်မတော်ကို ပိတ်ဆို့ အရေးယူရန်နှင့် အခြားကန့်သတ်ချက် များချမှတ်ရန် စဉ်းစားသုံးသပ်နေသည်။ ကုလသမဂ္ဂတွင် တရုတ်က မြန်မာကို ထောက်ခံ အမျိုးသားလုံခြုံရေးကို ကာကွယ်ရန် မြန်မာအစိုးရ၏ အားထုတ်မှုများကို တရုတ်နိုင်ငံက ထောက်ခံကြောင်းနှင့် မကြာသေး မီက ရခိုင်ပြည်နယ်မှ အကြမ်းဖက်တိုက်ခိုက်မှုများကို ရှုတ်ချသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ကုလသမဂ္ဂ အ ထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ကို ပြောကြားခဲ့သည်။ “ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို သူ့နည်းသူ့ဟန်နဲ့ တရုတ်နိုင်ငံက ဆက်လက်အားပေးလိုပြီး နိုင်ငံတကာအသိုင်းအဝန်း အ နေနဲ့ တင်းမာမှု လျှော့ချပြီး တွေ့ဆုံဆွေးနွေးရေးကို အားပေးဖို့ အပြုသဘောဆောင်တဲ့အခန်းကနေ ပါဝင်နိုင်ပါတယ်” ဟု ဝမ်ယီက ပြောသည်။ အချို့သော အနောက်နိုင်ငံများသည် ဘင်္ဂလားဒေ့ရှ်သို့ ဘင်္ဂါလီဆိုသူ ၄၂၀၀၀၀ ကျော်ထွက်ပြေးစေသော ဖြိုခွင်းမှုများ အ တွက် အစိုးရနှင့် တပ်မတော်ကို ဖိအားပေးလာသောအခါ ယခင်ဖိနှိပ်သော အစိုးရ၏အဓိက မဟာမိတ်ဖြစ်သော တရုတ် နိုင်ငံသည် မြန်မာနိုင်ငံကို သံတမန်ရေးအရ ဆက်လက် အကာအကွယ်ပေးသည်။ ရခိုင်ပြည်နယ်သည် တရုတ်နိုင်ငံအတွက် အရေးပါ မြန်မာနိုင်ငံတွင် အဓိက ရင်းနှီးမြှုပ်နှံသူအနေဖြင့် တရုတ်နိုင်ငံသည် ဘင်္ဂလားပင်လယ်အော်မှ ရခိုင်ပြည်နယ် ကျောက်ဖြူ ဆိပ်ကမ်းကို ချုပ်ကိုင်လိုသည်။ တရုတ်နိုင်ငံသည် အိန္ဒိယသမုဒ္ဓရာတွင်လည်း သေနင်္ဂဗျူဟာ အကျိုးစီးပွားရှိကြောင်းလည်း ထင်ရှားသည်။ အနောက်တိုင်းသြဇာကင်းသော ရခိုင်ပြည်နယ်သည် တရုတ်နိုင်ငံအတွက် ပိုမိုကောင်းမွန်သည်။ လွန်ခဲ့သော ဧပြီလက တရုတ်နိုင်ငံသို့ သွားရောက် လည်ပတ်စဉ်အတွင်း မြန်မာသမ္မတ ဦးထင်ကျော်နှင့် တရုတ်သမ္မတ ရှီ ကျင်းပင်တို့သည် မြန်မာနိုင်ငံအနောက်ပိုင်း ကျောက်ဖြူနှင့် တရုတ်နိုင်ငံတောင်ပိုင်း ကူမင်းတို့ကို ဆက်သွယ်သည့် တစိတ် တပိုင်းသာ ပြီးစီးသေးသော ရေနံစိမ်းပိုက်လိုင်းအတွက် သဘောတူညီချက်တခုကို လက်မှတ်ရေးထိုးခဲ့ကြသည်။ တရုတ်နိုင်ငံသည် ၎င်း၏ရပ်ဝန်းတခု၊ လမ်းတခု စီမံကိန်း၏တစိတ်တပိုင်းအဖြစ် သေနင်္ဂဗျူဟာကျလှသော မြန်မာနိုင်ငံ ကျောက်ဖြူဆိပ်ကမ်းတွင် ရှယ်ယာ ၈၅ ရာခိုင်နှုန်းအထိ ထည့်ဝင်ရန် ကြိုးစားနေသည်ဟု Reuters သတင်းဌာနက မေလ တွင် ဖော်ပြသည်။ တရုတ်နိုင်ငံသည် ၎င်း၏ပထဝီနိုင်ငံရေးသြဇာကို ချဲ့ထွင်ပြီး တောင်ပိုင်း အိမ်နီးချင်းများနှင့် စီးပွားရေးစင်္ကြန်များ ဖွင့်လာ သောကြောင့် ရခိုင်ပြည်နယ်တည်ငြိမ်ရေးမှာ တရုတ်နိုင်ငံအတွက် အရေးပါသည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ထောက်ခံရခြင်းအကြောင်းရင်းများတွင် မြန်မာနိုင်ငံတွင် ခြေကုပ်ချဲ့ထွင်ရန်နှင့် အိမ်နီးချင်း နိုင်ငံများတွင် အနောက်တိုင်းသြဇာလွှမ်းမိုးမှု ကန့်သတ်ထားရန်တို့ ပါဝင်သည်ဟု သုံးသပ်ကြသည်။ တရုတ်နိုင်ငံသည် အာရှအပါအဝင် အခြားနိုင်ငံများနှင့် ဆက်ဆံရေးပိုမိုနက်ရှိုင်းစေမည့် ၎င်း၏ ရည်မှန်းချက်ကြီးမားလှ သည့် အခြေခံ အဆောက်အအုံစီမံကိန်း၏ တစိတ်တပိုင်းအဖြစ် ကျောက်ဖြူရေနက်ဆိပ်ကမ်းတွင် အထူး အခွင့်အရေး ရယူရန်ကြိုးစားနေသည် ဟု Reuters က ဖော်ပြသည်။ ရေနံပိုက်လိုင်းသည် အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံတန်ကြေးရှိ ကျောက်ဖြူအထူးစီးပွားရေး ဇုန်စီမံကိန်း၏ တစိတ် တပိုင်းမျှသာဖြစ်ပြီး ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံကို ဆက်သွယ်မည့် ရထားလမ်းစီမံကိန်းလည်း ရှိသည်။ သို့သော် ထိုရ ထားလမ်းစီမံကိန်းကို ဆိုင်းငံ့လိုက်သည် သို့မဟုတ် ပြန်လည်သုံးသပ်နေသည်ဟု ထင်မြင်သူများလည်းရှိနေသည်။ ဧပြီလတွင် တရုတ်နိုင်ငံ၏ အာရှရေးရာ အထူးသံတမန် ဆွန်ကော့ရှန်သည် ဘဂ်လားဒေ့ရှ်သို့ သွားရောက်ပြီး ရိုဟင်ဂျာဆို သူများထွက်ပြေးသောကြောင့်ဖြစ်ရသော ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့အကြား သံတမန်ရေးအငြင်းပွားမှုကို ဖြေရှင်းရန် ကမ်းလှမ်းသည်။ တရုတ်နိုင်ငံ၏ရပ်ဝန်းတခု၊ လမ်းတခု အစီအစဉ်သည် လွန်စွာကြီးမားပြီး အာရှနှင့် အခြားဒေသများတွင် အခြေခံ အဆောက်အအုံကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် ကုန်သွယ်ရေးကို အားပေးရန် ရည်ရွယ်သည်။ ဒေါ်အောင်ဆန်းစုကြည်အစိုးရသည်လည်း တရုတ်နိုင်ငံနှင့် နီးကပ်စွာ ဆက်ဆံနေပုံရသည်။ အာရှအိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်း၊ စင်္ကာပူ၊ ဂျပန်နှင့် အိန္ဒိယတို့သည် မြန်မာနိုင်ငံကို ပိတ်ဆို့ အရေးယူမည် မဟုတ် သလို ဖိနှိပ်သော စစ်အစိုးရများခေတ်ကပင်လျှင် အရေးယူပိတ်ဆို့ခဲ့ခြင်းမရှိပါ။ ရခိုင်အရေးကြောင့် အာရှရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားကြမည်မဟုတ်ပေ။ ယခု ရခိုင်ပြည်နယ်အရေးတွင် အနောက်နိုင်ငံများ ရင်ဆိုင်နေရသည့်အကျပ်အတည်းမှာ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ ခြေကုပ်နှင့်သြဇာ ကြီးထွားလာမည်ကို သိလျက်နှင့် မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူရမည်လားဟု စဉ်းစားနေရခြင်းပင် ဖြစ် ပေသည်။ ဧရာဝတီသတင်းဌာန (အင်္ဂလိပ်ပိုင်း) တွင် စက်တင်ဘာ ၂၂ ရက်နေ့က ဖော်ပြခဲ့သော As West Ponders Sanctions, Will Myanmar Seek Beijing’s Embrace? ကို ဆီလျော်အောင် ဘာသာပြန်သည်။ ဆက်စပ်ဖတ်ရှုရန်-As West Ponders Sanctions, Will Myanmar Seek Beijing’s Embrace? The post ရခိုင် အခက်က တရုတ် အချက်လား appeared first on ဧရာဝတီ.
Source : http://ift.tt/2htVJaw
via IFTTT

No comments:

Post a Comment