Friday, September 29, 2017


မုတ်ဆိတ်ရိတ်သုံး ကရင်မ်တွေရဲ့ဆိုးကျိုးများ ကျနော်တို့ အမျိုးသားတွေ မျက်နှာမှာ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးတွေ အနည်းနဲ့ အများတော့ အရွယ်ရောက်ချိန်ကနေ စတင်ပြီး ပေါက်တတ်ကြပြီး တချို့လည်း ထူထူထဲထဲ ပေါက်တတ်ကြပါတယ်။ အထူးသဖြင့်တော့ ပါးသိုင်းမွှေးထိအောင်ပါ ပေါက်ရောက်တတ်သူတွေကတော့ မုတ်ဆိတ်ရိတ်ချိန်မှာ မျက်နှာပြင်လည်း ကျယ်ကျယ်၊ အမွှေးလည်းများများ ရိတ်ရတဲ့အတွက် ဆပ်ပြာလို ချောစေတဲ့ အရာတွေကနေ နောက်ဆုံး မုတ်ဆိတ်ရိတ် အသင့်သုံး ကရင်မ်တွေကိုပါ အသုံးပြုတတ်ကြပါတယ်။ အများစုကတော့ အနောက်နိုင်ငံတွေနဲ့ ပြည်တွင်းမှာဆို မြို့ပြနေထိုင်သူတွေက အသင့်သုံး မုတ်ဆိတ်ရိတ်ကရင်မ်တွေကို အ သုံးပြု ရိတ်လေ့ရှိတာ တွေ့ရပါတယ်။ ဒါပေမယ့် တကယ်တော့ အခုလို မုတ်ဆိတ်ရိတ်ကရင်မ်တွေကို အသုံးပြုပြီး မုတ်ဆိတ်ရိတ်တာ မကောင်းဘူးလို့် နောက်ဆုံး လေ့လာချက်တွေ အရ သိလာရပါပြီ။ ဘာအတွက် မကောင်းတာပါလဲ အဓိက ဆိုးကွက်ကတော့ အမျိုးသားတွေရဲ့သုတ်ကို အားနည်းစေ၊ သုတ် သေစေမှုတွေ ဖြစ်လာစေတာ ဖြစ်ပြီး ကလေးရနိုင်မှု အတွက် နှောင့်နှေး နှောက်ယှက်မှု ပေးလာတာပဲ ဖြစ်ပါတယ်။ သိပ္ပွံပညာရှင်တွေရဲ့အဆိုအရ အခု မုတ်ဆိတ်ရိတ်ကရင်မ်တွေမှာ Phthalates ဆိုတဲ့ ဓာတုပစ္စည်း ပါဝင်ပြီး အဆိုပါ ဓာတု ဓာတ်က သင့်ရဲ သုတ်ပိုးထဲက DNA ကို သွားရောက် ထိခိုက်ပျက်စီးစေမှု ရှိစေပြီး မျိုးအောင် (ကလေး ရဖို့) ခက်ခဲလာစေ တာပဲ ဖြစ်ပါတယ်။ တချို့က သုတ်တွေ သေသည်ထိအောင် ဖြစ်စေတယ်၊ တချို့ကတော့ အတွင်းပိုင်း DNA ကို ပျက်စီးစေပြီး ကလေးရဖို့ ခက် စေတယ်၊ ဒါက မိမိ အသုံးပြုတဲ့ မုတ်ဆိတ်ရိတ်ကရင်မ်မှာ ပါတဲ့ Phthalates ပါဝင်နှုန်းနဲ့ မိမိ မကြာခဏ အသုံးပြုမှုနှုန်း တွေအပေါ်မှာ မူတည်တာ ဖြစ်တယ်လို့ သိရပါတယ်။ ဇူလိုင်လအတွင်းက နောက်ဆုံး စစ်ဆေးချက်တွေ အရဆိုရင် အနောက်နိုင်ငံတွေက အဆိုပါ မုတ်ဆိတ်ရိတ်ကရင်မ် သုံး သူ တွေ အားလုံးရဲ့ ၅၉.၃ ရာခိုင်နှုန်းလောက်ထိအောင် သုတ်အရေအတွက် လျော့ကျသွားတာကို တွေ့ခဲ့ရတာလည်း ဖြစ်ပါ တယ်။ ဒါဟာ အလွန်များပြားတဲ့ နှုန်းဖြစ်လာပြီး ကလေးရနိုင်ခြေကို အများဆုံး လျော့ကျသွားစေတဲ့အချက်တခု ဖြစ်လာနိုင်တာ လည်း ဖြစ်ပါတယ်။ အခြား လေ့လာမှု တခုမှာလည်း အခုလို မုတ်ဆိတ်ရိတ်ကရင်မ်အသုံးပြုသူ အိမ်ထောင်ဖက်ရှိတဲ့ အမျိုးသား ၄၈ ယောက်ကို လေ့လာကြည့်ရာမှာ ၁၂ ယောက်လောက်က လိင်ပိုင်းနဲ့ သုတ်ပိုင်းဆိုင်ရာ အားဖြည့်ဆေးတွေကို အသုံးပြုနေရတာ တွေ့လာရ တာလည်း ဖြစ်ပါတယ်။ လေ့လာသူတွေက အခု မုတ်ဆိတ်ရိတ်ကရင်မ်တွေ အသုံးပြုမှုနဲ့ နောက်ဆက်တွဲ ရလဒ်တွေကို သိဖို့အတွက် လေ့လာခံ အမျိုး သားတွေရဲ့သုတ်နဲ့ ဆီးတွေကို လေ့လာမှုတွေ လုပ်ဆောင်ခဲ့ပြီး အထူးသဖြင့်တော့ အမျိုးသား သုတ်ကောင်ရဲ့ အစိတ်အပိုင်း ပေါင်း ၁၃၁ ခု ထဲက ဆဲလ်ကြီးထွားမှု အပိုင်း၊ အခြေခံ ဆဲလ်တည်ဆောက်မှု အပိုင်းနဲ့ ဖွံ့ဇြိုးမှု အပိုင်းတွေမှာ အားနည်းချက် ဖြစ်စေပြီး သုတ်သေဆုံးမှု၊ အရေအတွက် လျော့ကျမှုတွေ ဖြစ်စေပြီး ကလေးရဖို့ ခက်စေလာတာ ဖြစ်ပါ တယ်။ တွေ့ရှိချက်တွေအရ ဆေးလိပ်သောက်သုံးတဲ့၊ အရက်သောက်သုံးတဲ့ မိခင်ကြောင့် ကလေးရနိုင်မှု လျော့ကျနှုန်းထက်ကိုပဲ သိ သိသာသာ ကလေးရနိုင်ခြေ နည်းလာစေနိုင်တာလည်း ဖြစ်ပါတယ်လို့ အခု လေ့လာချက်ကို လုပ်ဆောင်နေတဲ့ မက်ဆီချုး ဆက်တက္ကသိုလ်က ဆေးပညာရှင် Richard Pilsner က ပြောပါတယ်။ သူကပဲ မုတ်ဆိတ်ရိတ်ကရင်မ်က သုတ်ဖြစ်တည်မှုနဲ့ ရှင်သန်မှုကို တော်တော်လေး သက်ရောကင်မှု များစေပြီး အကောင်းဆုံး က ဓာတုပစ္စည်း ပါဝင်မှု ရှိနေတဲ့မုတ်ဆိတ်ရိတ်ကရင်မ်တွေကို မသုံးတာ ကောင်းပါတယ်လို့ အကြံပေးပါတယ်။ ဆပ်ပြာလို အခြား အစားထိုးအရာတွေနဲ့ မုတ်ဆိတ်ရိတ်နိုင်ပြီး အလွယ်ကြိုက်အဖြစ် အသင့်ဆုံး မုတ်ဆိတ်ရိတ်ကရင်မ်တွေ ကို မသုံးတာပဲ ဖြစ်ဖြစ်၊ ပါဝင်ပစ္စည်းမှာ Phthalates မပါတဲ့ ကရင်မ်၊ နည်းတဲ့ ကရင်မ်တွေ အသုံးပြုတာ အကောင်းဆုံး ဖြစ် ပါတယ်လို့ ဆိုပါတယ်။ www.maxim.com The post မုတ်ဆိတ်ရိတ်သုံး ကရင်မ်တွေရဲ့ဆိုးကျိုးများ appeared first on ဧရာဝတီ.
Source : http://ift.tt/2k6y2G2
via IFTTT

No comments:

Post a Comment