Monday, September 25, 2017


ကော်ဖီနဲ့ တွဲဖက် နို့ကရင်မ်တွေထဲ တွေ့ရတဲ့ တိုက်တမ်နီယမ်ဒိုင်အောက်ဆိုဒ်အကြောင်း ကျနော်တို့တွေ ကော်ဖီဖျော်သောက်တဲ့ အခါမှာတချို့ကလည်း အသင့်ဖျော် ကော်ဖီမစ်ကို သောက်တယ်၊ တချို့လည်း အိမ်မှာပဲ နွားနို့တွေ၊ ကော်ဖီကရင်မ်တွေနဲ့ လက်ဖျော်အဖြစ် စိတ်ကြိုက် ဖျော်သောက်ကြပါတယ်။ ဒါပေမယ့် အခု သိလာရတဲ့အချက်တချက်ကတော့ အဆိုပါ ကော်ဖီမစ်ထဲမှာလည်း အနည်းငယ် ပါတတ်သလို အများစုက တော့ ကော်ဖီဖျော်သောက်ရင် ထည့်တဲ့ ကော်ဖီကရင်မ်တွေထဲမှာ တိုက်တမ်နီယမ်ဒိုင်အောက်ဆိုဒ်(Titanium dioxide) ပါရှိတယ်ဆိုတာပါပဲ။ အလွယ်ဆုံးပြောရရင် အဆိုပါ တိုက်တမ်နီယမ်ဒိုင်အောက်ဆိုဒ် (Titanium dioxide)က ဘယ်ထဲမှာ ပါတာလဲ၊ သုံးတာ လဲဆိုတော့ သုတ်ဆေးတွေနဲ့ နေလောင်ခံဆီတွေမှာ ထည့်သွင်းဖန်တီးတဲ့ အရာပါ။ အစားအသောက်တွေထဲမှာတော့ အရင်က တိုက်တမ်နီယမ်ဒိုင်အောက်ဆိုဒ်ကို ပီကေနဲ့ ဗင်နီလာကိတ်လေးတွေမှာ တွေ့ခဲ့ ရပေမယ့် အခုတော့ ကော်ဖီဖျော်ချိန်သုံးတဲ့ ကော်ဖီကရင်မ်တွေမှာပါ တွေ့လာရတာပဲ ဖြစ်ပါတယ်။ အသုံးအဆောင်အနေနဲ့ ဆိုရင်တော့ သုတ်ဆေးတွေ၊ နေလောင်ခံဆီတွေနဲ့ ပလတ်စတစ်တွေမှာ အခုဓာတ်ကို အများဆုံး တွေ့ရပါတယ်။ ဒီလိုဓာတ်က အစားအသောက်ထဲမှာ ပါရှိနေတာ၊ စားသုံးဖြစ်နေတာကတော့ သိပ် မဟုတ်သေးပါဘူး။ ဓာတ်သဘောအရတော့ အခု တိုက်တမ်နီယမ်ဒိုင်အောက်ဆိုဒ်ထည့်သွင်း ဖန်တီးခြင်းက ထုတ်လုပ်အရာ၊ အခု ပြောနေတဲ့ ကော်ဖီကရင်မ်တွေကို ဖြူစင်လှပစေတယ်၊ ချောကလက်နဲ့ ဒိုးနက်လို မုန်တွေ့မှာ ထည့်လိုက်ရင်လည်း ပိုပြီး အရောင်ထင်း စေတယ်၊ ပေါ်လွင်စေတာ တွေ့ရပါတယ်။ ဒီအတွက် ကော်ဖီကရင်မ်တွေဆိုရင်လည်း ဖြူလွနေဖို့၊ တခြား အစာတွေမှာ ဆိုရင်လည်း အရောင်ထင်းနေစေဖို့ သုံးလိုက် တာပါ။ ဒါပေမယ့် ဒီလို အရောင်လေးလှဖို့ သုံးလိုက်တဲ့ တိုက်တမ်နီယမ် ဒိုင်အောက်ဆိုဒ်ဓာတ်က အာရုံကြော အားနည်းစေပါ တယ်။ အမေရိကန်အခြေစိုက် ကျန်းမာရေးနဲ့ လုံခြုံစိတ်ချရရေးဆိုင်ရာ အထက်တန်းကျောင်းရဲ့လေ့လာတွေ့ရှိချက်အရ အဆိုပါ တိုက်တမ်နီယမ်ဓာတ်က အာရုံကြော အားနည်းစေရုံတင် မဟုတ်ဘဲ ကင်ဆာ ဖြစ်စေနိုင်မှုကို အားပေးတယ်။ ပလတ်စတစ်ဆန်တဲ့ဓာတ်သဘော ဖြစ်ပြီး ဆဲလ်သေဆုံးမှုကို အားပေးတယ်၊ ကျန်းမာရေးအတွက် ရေရှည်မှာ မကောင်း ဘူးလို့ အခု လေ့လာချက်ကို အထက်တန်းကျောင်းနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ မြောက်ဖလော်ရီဒါပြည်နယ် တက္ကသိုလ်၊ အာဟာရနဲ့ အစာခြေပိုင်းဆိုင်ရာ အကယ်ဒမီက ပါမောက္ခ ဒေါက်တာ Lauri Wright က ပြောပါတယ်။ တိုက်တမ်နီယမ်ကိုဒိုင်အောက်ဆိုဒ်က ဓာတ်ကူးမှု မြန်ဆန်ပြီး သူ့ကို မူလ ထည့်ထားတဲ့ ပမာဏထက်ကိုပဲ ရောနှောထုတ်လုပ် ပြီးချိန်မှာ ပမာဏ ပိုမိုလာမှုထက် အဆိုပါ ဓာတ်သဘောဆင်တဲ့ ကျန်းမာရေး ထိခိုက်စေမယ့်ဓာတ်တွေ ဖြစ်လာပြီး ကျန်းမာ ရေးကို ထိခိုက်မှု ရှိလာစေနိုင်တာပါလို့ သူက ရှင်းပြပါတယ်။ အမေရိကန် ဓာတုဗေဒလူမှုအဖွဲ့အစည်း ကွန်ရက်က ပညာရှင် Hans Plugge ကလည်း တိုက်တမ်နီယမ်ဒိုင်အောက်ဆိုဒ် က ခန္ဓာကိုယ်တွင်း ရောက်သွားသည့်တိုင်အောင် သီးခြား အမှုန့်အနေနဲ့ပဲ ရှိနေပြီး အခြားအရာတွေနဲ့ ဓာတ်ပြု ပျက်ပြယ်ခြင်း မရှိလို့ ကင်ဆာဖြစ်နိုင်ခြေ များစေနိုင်တယ်လို့ ရှင်းပြပါတယ်။ အခု နောက်ပိုင်းမှာတော့ နာမည်ကျော် Dunkin Donuts လို မုန့်ထုတ်လုပ်သူတွေတောင်မှ သူတို့ရဲ့မုန့်တွေမှာ ကရင်မ် အ သုံးပြုမှု ဖယ်ထုတ်လိုက်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အခုချိန်ထိအောင် WHO လက်အောက်ခံ ကင်ဆာရောဂါ တိုက် ဖျက်ရေးအဖွဲ့ကတော့ ကော်ဖီကရင်မ်တွေ ကြာင့် ကင်ဆာဖြစ်နိုင်ခြေများမှု မှန်၊ မမှန် စစ်ဆေးနေဆဲ ဖြစ်တယ်လို့လည်း ဆို ပါတယ်။ ဒါပေမယ့် သေချာတာကတော့ တိုက်တမ်နီယမ်ဒိုင်အောက်ဆိုဒ်အနေနဲ့ ကင်ဆာ ဖြစ်နိုင်ခြေ မများစေနိုင်ရင်တောင် ခန္ဓာ ကိုယ်လှုံ့ဆော်စနစ်နဲ့ အာရုံကြောအားနည်းမှုကိုတော့ ဖြစ်စေတယ်လို့ Scientific Reports ဂျာနယ်မှာ ဖော်ပြထားတဲ့ ဆောင်းပါးအရ သေချာနေသလောက် ရှိနေတာလည်း ဖြစ်ပါတယ်။ အဆိုပါ ဂျာနယ်ပါ ဆောင်းပါးမှာတော့ ကြွက်တွေကို နေ့စဉ် တိုက်တမ်နီယမ်ဒိုင်အောက်ဆိုဒ်ပေးပြီး စမ်းသပ်မှုမှာ အာရုံကြော ကို အားနည်းစေတာ တွေ့လာရတာပဲ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အတည်မပြုသေးသည့်တိုင်အောင် ကင်ဆာ အားပေးတယ်လို့ မဆိုသာ ပေမယ့် ကော်ဖီကရင်မ်တွေဟာ အာရုံကြောကိုလည်း ထိခိုက်မှု ရှိစေမယ်၊ ကင်ဆာကိုလည်း အားပေးနိုင်နေလို့ ဖြစ်နိုင်ရင် ကော်ဖီကို သကြားလေးနဲ့ ဖျော်သောက်တာပဲ အကောင်းဆုံး ဖြစ်မှာပါ။ www.rd.com The post ကော်ဖီနဲ့ တွဲဖက် နို့ကရင်မ်တွေထဲ တွေ့ရတဲ့ တိုက်တမ်နီယမ်ဒိုင်အောက်ဆိုဒ်အကြောင်း appeared first on ဧရာဝတီ.
Source : http://ift.tt/2wfWZjU
via IFTTT

No comments:

Post a Comment