Monday, September 25, 2017


စိုက်ပျိုးမြေ မရှိသူများအတွက် မြေယာ ဝေခြမ်းပေးရေး အစိုးရ စီစဉ်နေ နိုင်ငံတဝန်းရှိ မြေယာလုပ်ငန်း လုပ်ကိုင်လိုသော စိုက်ပျိုးမြေ မရှိသူများ အတွက် မြေယာများ ဖန်တီးပေးနိုင်ရေး အစီအစဉ် တခုကို အစိုးရက ဆောင်ရွက်နေကြောင်း သိရသည်။ နိုင်ငံတကာ အဖွဲ့အစည်း တခုဖြစ်သည့် Lift Fund ၏ အမေရိကန် ဒေါ်လာ ၄ ဒသမ ၁၉ သန်းဖြင့် စတင် ဆောင်ရွက် ရန်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ အောင်သူက ပြောသည်။ ယနေ့ နေပြည်တော်တွင် ကျင်းပသည့် ကမ္ဘာ့ကျောင်းများ နို့တိုက်ကျွေးရေး နေ့သို့ တက်ရောက်လာသော ပြည် ထောင်စု ဝန်ကြီးကို တနိုင်ငံလုံးတွင် မြေယာဖော်ထုတ်ပေးမည့် အစီအစဉ်များနှင့် ပတ်သက်ပြီး ဧရာဝတီက မေးမြန်း ရာတွင် အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။ ဒေါက်တာ အောင်သူက“ဒေါ်လာ ၄ ဒသမ ၁၉ သန်း က လက်ရှိ ကာလပေါက်ဈေးနဲ့ တွက်မယ်ဆိုရင်တော့ ကျပ် သိန်း ၅၀၀၀၀ ကျော် ရှိမှာပေါ့။ သိန်း ၅၀၀၀၀ ကျော်နဲ့ အလကား ဖော်ထုတ်ပြီးတော့ လယ်မဲ့ယာမဲ့တွေကို နေရာချထားမယ့် အစီအစဉ်ကို အခု ၁ လ၊ ၂ လ အတွင်းမှာ စဖို့ လုပ်နေပါပြီ။ တိုင်းနဲ့ ပြည်နယ် အလိုက်လည်း အစည်းအဝေးတွေ လုပ်နေ တယ်”ဟု နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။ ယခု နိုင်ငံတကာ အကူအညီ Lift Fund နှင့် ဆောင်ရွက်မည့် အစီအစဉ် အောင်မြင်ပါက အစိုးရကိုယ်တိုင် ပါဝင် ဆောင်ရွက်ရန် ရှိကြောင်း၊ အစိုးရသစ်က တိုင်းနှင့်ပြည်နယ်များရှိ မြေလွတ်၊ မြေရိုင်း၊ မြေလပ်များကို လယ်ယာမဲ့ ပြည်သူများသို့ အခမဲ့ပေးချင်၍ ယခု စမ်းသပ် ပရော့ဂျက်ကို စတင်လိုက်ခြင်း ဖြစ်ကြောင်း ဆိုသည်။ “တိုင်းနဲ့ပြည်နယ်တွေကို စာတွေ ပို့လိုက်တယ်။ တချို့တိုင်း ဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဖော်ထုတ်မယ့် မြေနေရာ တွေ ကို Lift Fund နဲ့ တွဲပြီးတော့၊ အဖြစ်နိုင်ဆုံး နေရာတွေကို ရွေးပြီးတော့ ဖော်ထုတ်ပေးတာပေါ့။ အခုကတော့ တင် ထား ပြီးပြီ။ ဘယ်နေရာ တွေကို ဦးစားပေးမလဲဆို လက်ရှိ အများဆုံး တင်တာကတော့ မကွေး၊ မန္တလေး၊ စစ်ကိုင်း ကတော့ အများစု တင်တာပဲ။ ချင်းပြည်နယ်လည်း ပါတယ်”ဟု ဝန်ကြီး ဒေါက်တာ အောင်သူက ပြောသည်။ မြေယာများကို မည်သို့ ဝေခြမ်းမည် ဆိုသည့် အစီအစဉ် အပါအဝင် မြေယာဝေခြမ်း ပေးမည့် မြေပိုင်ယာပိုင် မရှိသူ များနှင့် ပတ်သက်ပြီး မည်သို့ စိစစ် အတည်ပြုသွားမည် ဆိုသည်ကိုမူ တိတိကျကျ မသိရှိရပေ။ မကွေးတိုင်း အစိုးရ အဖွဲ့မှ စိုက်ပျိုးရေး ဝန်ကြီး ဦးစိုးမြင့်က မကွေးတိုင်း၊ မင်းလှမြို့နယ် အတွင်းရှိ ယုဇန ကုမ္ပဏီမှ သိမ်းယူထားသည့် မြေဧက ၂၆၁၇ ဧကအနက်မှ ၎င်းတို့ မလုပ်နိုင်သော ၁၉၈၅ ဧက၊ သစ္စာမြေ ကုမ္ပဏီ ရယူထား သည့် မြေဧက ၁၀၈၄၅ အနက် ၁၀၇၉၆ တို့ကို တိုင်းအစိုးရက ပြန်လည် ရယူထားပြီး ယင်း မြေများကို လယ်မြေ လုံးဝ မရှိသူများ၊ လယ်မြေချို့တဲ့သူများ၊ ယခင် မြေသိမ်းခံရသော်လည်း ငွေလျော်ကြေး၊ မြေလျော်ကြေး မရရှိသူများကို ဦးစားပေး ခွဲဝေပေးမည် ဖြစ်ကြောင်း ပြောသည်။ “ကုမ္ပဏီတွေကို မပေးခင်တုန်းက ပိုင်ရှင်အဖြစ် ရှိခဲ့သူတွေကိုလည်း ပြန်ပေးရမှာပေါ့။ နောက်ပိုင်း သူတို့တွေကိုပေးလို့ ပိုလာတဲ့ မြေကို တကယ်လုပ်ချင်တဲ့ သူတွေကို ပေးမယ်။ အလုပ်လုပ်မယ့် သူကို ပေးမှာ။ မြေလွတ်တွေကိုတော့ ဒီတိုင်း မထားဘူး။ ဒါပေမယ့် လုပ်မယ်ဆိုရင် ၄ နှစ်အတွင်း အောင်မြင်အောင်လုပ်၊ မလုပ်နိုင်ရင် အစိုးရက ပြန်သိမ်း မယ်”ဟုလည်း ဦးစိုးမြင့်က ပြောဆိုသည်။ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ မြေယာအရေး လှုပ်ရှား ဆောင်ရွက်သူ ဦးမျိုးသန့်ကမူ အစိုးရ၏ ယခု အစီအစဉ်ကို ကြိုဆိုသော်လည်း မြေယာများ ဖော်ထုတ်ရာတွင် လယ်မဲ့၊ ယာမဲ့ ဦးရေ၊ ဖော်ထုတ်နိုင်သည့် နေရာက အကျယ်အဝန်းများနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်း မည်မျှရှိသည်ကို ထုတ်ပြန်သင့်ကြောင်း၊ တောင်သူများ လက်ထဲမှ သိမ်းဆည်း ထားသည့် မြေများ မဖြစ်ရန် လိုကြောင်း၊ မြေများထဲတွင် သိမ်းဆည်းခံထားရပြီး တောင်သူများ ပြန်ရရှိနိုင် သည့် မြေယာများလည်း ပါနိုင်ကြောင်း ပြောသည်။ “ဒီမြေတွေကို ဖော်ထုတ်မယ်ဆိုရင် မြေပြန့်ရှိတဲ့ဒေသတွေမှ မဟုတ်ဘဲနဲ့ အခြား လူနည်းစု တိုင်းရင်းသား တောင်တန်း ဒေသတွေမှာလည်း ဖော်ထုတ်လို့ရတာ ရှိပါတယ်။ အဲဒီလို ဖော်ထုတ်မယ့် လုပ်ငန်းစဉ်တွေ ပါနိုင်တယ်လို့ ယုံကြည်ပါ တယ်။ မြေတွေကို ဘယ်က ထုတ်သည် ဖြစ်စေ ဒေသခံတွေရဲ့ သဘောထားတွေကို ရယူပေးဖို့ လိုအပ်ပါတယ်”ဟု လည်း ဦးမျိုးသန့်က ပြောဆိုသည်။ ရန်ကုန်မြို့မှ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်ကလည်း မြေယာဝေခြမ်းရေးကို လွတ်လပ်ရေး ရပြီးနောက် ဖဆပလ အစိုးရ လက်ထက်တွင် အကြီးအကျယ် လုပ်ဖူးကြောင်း၊ မြေဧက ၅၀ နှင့်အထက် ပိုင်ဆိုင်သူများကို မြေပိုင်ရှင် သတ် မှတ် ၍ ပိုလျှံသည့် မြေများကို ဝေခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် မြေယာ သိမ်းဆည်းမှုများကို ပေါ်ပေါ် ထင်ထင် လုပ်ခဲ့သူမှာ တပ်မတော် အစိုးရ ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။ “ဖဆပလ ခေတ်က ကွန်မြူနစ်၊ ဆိုရှယ်လစ်စနစ်က အားကောင်းနေတဲ့ အချိန်ပေါ့။ မဆလ အစိုးရ လက်ထက်မှာ လုံးဝ ဝေခြမ်းရေး မလုပ်ပေမယ့် တောင်သူလယ်သမား ကာကွယ်ရေး ဥပဒေတွေ ပြဌာန်းပြီးတော့ တောင်သူ လယ်သမား တွေကို အကာအကွယ် ပေးတယ်။ ဦးသိန်းစိန် အစိုးရ လက်ထက်မှာတော့ တောင်သူလယ်သမားကို ကာကွယ်တဲ့ ဥပဒေတွေ အကုန်ဖျက်ပစ်ပြီးတော့ ခရိုနီ ကာကွယ်တဲ့ ဥပဒေတွေ ဖြစ်လာတယ်”ဟုလည်း ဦးကြီးမြင့်က ဆိုသည်။ ၎င်းက ဆက်၍ “လယ်သမားတွေကလည်း မြေလေး ဈေးကောင်းရတယ်ဆိုပြီး ရောင်းတယ်။ နောက်မြေဈေးတွေက အရမ်း တက်လာတော့ လယ်သမားက မရဘူး။ အဲဒီမှာ တောင်သူတွေ ဒုက္ခရောက်၊ မြေတွေ ဆုံးရှုံးပြီး နိုင်ငံခြားကို ရောက် သွားကြတယ်။ ထိုင်း၊ မလေးရှား အများဆုံးပဲ။ တချို့လည်း လှိုင်သာယာလို နေရာမှာ စုပြုံနေတော့တာပဲ”ဟု ပြောဆိုသည်။ ထိုသို့ မြေယာများ ဖော်ထုတ်ရေး အတွက် ကူညီမည့် Lift Fund သည် မြန်မာနိုင်ငံတွင် အစားအသောက်နှင့် စားနပ် ရိက္ခာ လုံခြုံမှု ရှိစေရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးတို့အတွက် အဓိက ကူညီနေသည့် နိုင်ငံတကာ အဖွဲ့အစည်း တခု ဖြစ်သည်။ Lift Fund ၏ အလှူရှင်နိုင်ငံများမှာ အမေရိကန်၊ အင်္ဂလန်၊ ဒိန်းမတ်၊ သြစတြေးလျ၊ ပြင်သစ်၊ အိုင်ယာလန်၊ နယ်သာ လန်၊ နယူးဇီလန် နှင့် ဆွီဒင်တို့ ပါဝင်ပြီး ကုလသမဂ္ဂ စီမံကိန်း လုပ်ငန်းများ ဆိုင်ရာရုံး (UNOPS) မှ တဆင့် စီမံခန့်ခွဲ နေခြင်း ဖြစ်ကြောင်း သိရသည်။ The post စိုက်ပျိုးမြေ မရှိသူများအတွက် မြေယာ ဝေခြမ်းပေးရေး အစိုးရ စီစဉ်နေ appeared first on ဧရာဝတီ.
Source : http://ift.tt/2yo4eXZ
via IFTTT

No comments:

Post a Comment