Wednesday, September 27, 2017


မန္တလေးတိုင်း နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုကဏ္ဍ တရုတ်နိုင်ငံ အများဆုံး မန္တလေးတိုင်း နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ကဏ္ဍတွင် ယခုဘဏ္ဍာနှစ်အတွင်း တရုတ်နိုင်ငံမှ အများဆုံး ဖြစ်ကြောင်း တိုင်း ရင်းနှီးမြှပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ် ပထမ ၅ လအတွင်း ရင်းနှီးမြှပ်နှံမှု ပမာဏသည် အမေရိကန် ဒေါ်လာ သန်း ၇၄၀ ကျော်ရှိ သည့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ၁၇ ခုဝင်ရောက်ခဲ့ရာ တရုတ်နိုင်ငံက ရင်းနှီးမြှပ်နှံမှု ပမာဏနှင့် လုပ်ငန်း အရေအတွက် လည်း အများဆုံးဖြစ်ကြောင်း တိုင်း ရင်းနှီးမြှပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောပြ သည်။ “တရုတ်က ဘာကြောင့် အများဆုံးဖြစ်တာလဲဆိုရင် အိမ်နီးချင်းနိုင်ငံလည်း ဖြစ်သလို မန္တလေးတိုင်း ဆိုတော့ လမ်းပန်း ဆက်သွယ်ရေးလည်း ကောင်းပြီး ဝင်ရထွက်ရ လွယ်တဲ့အတွက်ကြောင့် ထင်တယ်” ဟုလည်း ၎င်းက ပြောသည်။ တရုတ်နိုင်ငံမှ စက်မှုလုပ်ငန်း ၂ ခု၊ အိမ်ရာ ဆောက်လုပ်ရေး လုပ်ငန်း ၁ ခုနှင့် အခြားလုပ်ငန်း ၁ ခု စုစုပေါင်း ၄ ခုအား မန္တလေးတိုင်း အတွင်း ဆောင်ရွက်မည်ဖြစ်ရာ ရင်းနှီးမြှပ်နှံမှုအားဖြင့် စုစုပေါင်း အမေရိကန် ဒေါ်လာ သန်း ၄၃၀ ကျော် ဖြစ်ကြောင်း တိုင်း ရင်းနှီးမြှပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများအရ သိရသည်။ အလားတူ ၁၉၈၈ – ၁၉၈၉ ခုနှစ်မှ ယခုဘဏ္ဍာနှစ်အထိ မန္တလေးတိုင်းအတွင်း နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုကဏ္ဍတွင် လုပ်ငန်း အရေအတွက် အများဆုံးသည် တရုတ်နိုင်ငံဖြစ်ပြီး ရင်းနှီးမြှပ်နှံမှု ပမာဏအများဆုံးသည် စင်ကာပူ နိုင်ငံ ဖြစ်ကြောင်း သိရသည်။ မန္တလေးစက်မှုဇုန် ကော်မတီ၏ တွဲဖက်အတွင်းရေးမှူး ဦးရဲဝင်းအောင်က “ဒီမှာလုပ်နေတဲ့ စက်မှုလုပ်ငန်း အများစုက ခေတ်နဲ့အညီ လုပ်နေတာမဟုတ်ဘဲ မိရိုးဖလာ လုပ်နေတာများတယ်။ မိရိုးဖလာကို မစွန့်လွှတ်ဘူး၊ မပြောင်းလဲနိုင်ဘူး ဆိုရင်တော့ တရုတ်ပဲဝင်ဝင်၊ ဂျပန်ပဲဝင်လာလာ ဘယ်နိုင်ငံကလာလာ ကိုယ့်ထက်နည်းပညာ သာတဲ့အတွက် ပြည် တွင်း လုပ်ငန်းရှင်က နောက်ကျကျန်ခဲ့မှာပဲလေ။ အဲဒါက စိန်ခေါ်မှုဆိုရင် အဲဒါကို ကိုယ်ကိုယ်တိုင် ပြောင်းလဲပစ်ဖို့ လိုသလို အစိုးရကလည်း တွန်းအားပေးသင့်တယ်” ဟု ဧရာဝတီသို့ ပြောသည်။ ပြည်တွင်းစက်မှုနှင့် ကုန်ထုတ်လုပ်ငန်းရှင်များ အနေဖြင့် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများ ဝင်လာသည်နှင့် ဈေးကွက် ယှဉ်ပြိုင်မှုတွင် ပိုမိုအားကောင်းလာမည် ဖြစ်ရာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် လိုအပ်ပြီး မယှဉ်ပြိုင် နိုင် ပါက မိမိလုပ်ငန်း ပြိုလဲသွားနိုင်သည်ဟုလည်း ၎င်းက ပြောဆိုသည်။ မန္တလေးတိုင်း အတွင်း ယခုဘဏ္ဍာနှစ် ဧပြီမှ သြဂုတ်လ အထိ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုကဏ္ဍတွင် စက်မှုလုပ်ငန်း ၈ ခု၊ မွေးမြူရေးလုပ်ငန်း ၁ ခု၊ လယ်ယာစိုက်ပျိုးရေး ၁ ခုနှင့် အခြားလုပ်ငန်း ၇ ခုတို့ ခွင့်ပြုခဲ့ကြောင်း သိရသည်။ The post မန္တလေးတိုင်း နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုကဏ္ဍ တရုတ်နိုင်ငံ အများဆုံး appeared first on ဧရာဝတီ.
Source : http://ift.tt/2hwsCmY
via IFTTT

No comments:

Post a Comment