Friday, September 29, 2017


ရောင်းအား မပြည့်၍ ဝန်ထမ်းများ ကတုံးတုံး ရခြင်းမဟုတ်ဟု Oppo တာဝန်ရှိသူများ ရှင်းလင်း Oppo ဖုန်းကုမ္ပဏီအနေဖြင့် သတ်မှတ်ရောင်းအား မပြည့်၍ ယောက်ျားလေး ဝန်ထမ်းများအား ကတုံးတုံး အပြစ်ပေးခဲ့သည် ဆိုခြင်းမှာ မဟုတ်ကြောင်း ရန်ကုန်ရုံးမှ တာဝန်ရှိသူများက ယမန်နေ့က မော်လမြိုင်မြို့သို့ လာရောက် ရှင်းလင်း ပြောဆိုသည်။ “ကျနော်ကနေ တိုက်ရိုက်ညွှန်ကြားပြီး မင်းတို့ ဒါလုပ်ရမယ် ၊ မင်းတို့ ကတုံးတုံး ရမယ်ဆိုတဲ့ဟာမျိုး လည်း မရှိဘူး၊ ကတုံး တုံးတယ်ဆိုတဲ့ အဖြစ်ကတော့ ရှိတယ်၊ Oppo ရုံးချုပ်ကနေ မင်းတို့ ဒါလုပ်ရ မယ်လို့ ပေးတာ မဟုတ်သလို သူ့တို့ကိုလည်း သူတို့ အကြီးအကဲက ဒါလုပ်ပါလို့ ခိုင်းစေတာလည်း မဟုတ်ဘူး” ဟု Oppo မြန်မာရုံးချုပ်မှ ပြင်ပဆက်ဆံရေး တာဝန်ခံ (PR Specialist ) ကိုဝေဖြိုးအောင် က မော်လမြိုင် မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ်ကွန်ရက်ရုံး၌ လာရောက်၍ ရှင်းလင်းပြောဆိုသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၂၇ရက်နေ့က Oppo မြန်မာ မော်လမြိုင်ရုံး အရောင်းမြှင့်တင်ရေး ဝန်ထမ်း မခင်ထက်ထက်လွင် မှ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် ပတ်သက်၍ မြန်မာပြည် တောင်ပိုင်း ဂျာနယ်လစ် ကွန်ရက်ရုံးသို့ လာ ရောက် ပြောဆိုခဲ့သည့်အပေါ် ကုမ္ပဏီတာဝန်ရှိသူများက ယခုကဲ့သို့ ပြန်လည်၍ ရှင်းလင်းခဲ့ခြင်းဖြစ်သည်။ မခင်ထက်ထက်လွင်က “အကြောင်းပြချက် မရှိဘဲ အလုပ်ထုတ်တယ်၊ အလုပ်ထုတ်ခံရတဲ့အထဲမှာ ညီမအပါအဝင် ၁၄ ဦး ပါတယ်၊ သူတို့ အကြောင်းပြချက်ပေးတာက ရောင်းအားကျလို့ တခုပဲ ပြောတယ် တခြား ဘာတခုမှ မပြောဘူး၊ လွှတ်တော် တိုင်ထားတာကတော့ အကြောင်းပြချက် မရှိဘဲ အလုပ်ထုတ်တာ ၊ သတ်မှတ်ချက် မပြည့်ရင် ကတုံးတုံးတာ စတဲ့ အချက် ၄ ချက်နဲ့ တိုင်ထားတယ်” ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။ ထို့အပြင် မွန်ပြည်နယ် လွှတ်တော်တိုင်စာ အသနားခံစာနှင့် အထွေထွေကိစ္စရပ်များ စုံစမ်းရေး ကော်မီတီဆီသို့လည်း မော်လမြိုင် Oppo ရုံးမှ တာဝန်ရှိသူများ အနေဖြင့် အကြောင်းပြချက် မရှိဘဲ အလုပ်ထုတ်ခြင်း၊ အလုပ်ချိန် အကန့်အသစ် မရှိဘဲ ခိုင်းစေနေခြင်း၊ ဝန်ထမ်းများအား အလုပ်သမား စာချုပ်ချုပ် ဆိုထားခြင်း မရှိခြင်း၊ အရောင်းအား မပြည့်၍ ကတုံးတုံး စေခြင်း စသည့်အချက်များကို ပြုလုပ်ခဲ့ကြောင်း ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်နေ့၌ တိုင်ကြား ထားခဲ့ပြီး ဖြစ်သည်ဟု သိရသည်။ ရန်ကုန် Oppo ရုံးချုပ်မှ တာဝန်ရှိသူ များ မော်လမြိုင်သို့ လာရောက် ရှင်းလင်းခဲ့စဉ်ဟင်္သာနီ/ဧရာဝတီ Oppo ကုမ္ပဏီ၏ မွန်ဒေသ အရောင်းတာဝန်ခံ ကိုဖြိုးအောင်နှင့် ရန်ကုန်ရုံး ဝန်ထမ်းရေးရာ တာဝန်ခံ ကိုကျော်မင်းကိုတို့ ကမူ အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ် မချုပ်ဆိုနိုင် သေးခြင်းမှာ ၃လ အစမ်းခန့် ကာလ၌ ထွက်သွားကြသည့် ဝန်ထမ်းဦးရေများသဖြင့် စာချုပ် ချုပ်ဆိုထားနိုင်ခြင်း မရှိသေးခြင်းကြောင်း ပြန်လည်၍ ရှင်းလင်းခဲ့သည်။ ကတုံးတုံးခဲ့သည်ဆိုခြင်းမှာလည်း သက်ဆိုင်ရာနယ်မြေ အရောင်းတာဝန်ခံ ခေါင်းဆောင်များမှ မိမိတို့ သဘောဆန္ဒ အလျောက် ရောင်းအား မပြည့်ခြင်းအပေါ် တာဝန်ခံလို၍ တုံးခဲ့ခြင်းသာဖြစ်ပြီး အချို့နယ် များ၌မူ ရောင်းအား မပြည့်သည့် အပေါ် ပိုက်ဆံပြန်လျော်ခဲ့ကြကြောင်း ကိုယ်တိုင် ကတုံးတုံးခဲ့သူ မော်လမြိုင် Oppo ရုံးမှ ခေါင်းဆောင်ကိုအေးမင်းက ပြောသည်။ “ကျနော်တို့ ခေါင်းဆောင်ပိုင်းက ညှိနှိုင်းပြီးတော့ မော်လမြိုင်ကို ရောင်းအားတက်အောင် ဘယ်လိုလုပ် မလဲ၊ ကျနော်တို့ ဘာသာ လုပ်ချင်လို့ လုပ်တယ်၊ ဒိုက်ထိုးမယ်ဆိုရင် ထိုးမယ်၊ ဖားခုန်မယ်ဆိုရင် ခုန်မယ်၊ ကတုံးတုံးမယ်ဆိုရင် တုံးမယ် ၊ ဒါဟာ ကျနော်တို့ ဘာသာ ကျနော်တို့ လုပ်တာပါ” ဟု ကိုအေးမင်းက ပြန်၍ ရှင်းပြသည်။ သို့သော်လည်း ဝန်ထမ်းမှ စွပ်စွဲပြောဆိုထားသည့်အတိုင်း အလုပ်သမားများအား အလုပ်မှ ထုတ်ပယ် ထားခြင်း မရှိ ကြောင်းနှင့် ၎င်းတို့ဆန္ဒအလျောက်သာ အလုပ်မဆင်းခြင်းသာ ဖြစ်ကြောင်း မော်လမြိုင် Oppo ရုံးမှ မွန်ဒေသ အရောင်း တာဝန်ခံနှင့် ရန်ကုန် ရုံးချုပ်မှ ဝန်ထမ်းရေးရာ မန်နေဂျာတို့က ပြန်၍ ရှင်းလင်း ပြောကြားခဲ့သည်။ မော်လမြိုင် Oppo ရုံးမှ မွန်ဒေသ အရောင်းတာဝန်ခံ ကိုဖြိုးအောင်က “ဒီလမကုန်ခင် သူတို့ဘာသာ သူတို့ နားသွားတယ်၊ ဝန်ထမ်းအကျႌဝတ်ပြီးတော့ လျှောက်သွားနေတယ်၊ ဒါပေမယ့် အလုပ်မဆင်း ကြဘူး၊ နောက်အစည်းအဝေး ခေါ်တော့ လည်း မလာကြဘူး၊ ထုတ်လိုက်တာ မဟုတ်ဘူး ၊ သူတို့ ဘာသာ သူတို့ မလာတော့တာ” ဟု ကိုဖြိုးအောင်က ပြောသည်။ Oppo မြန်မာ ရန်ကုန်ရုံးချုပ်မှ ဝန်ထမ်းရေးရာ မန်နေဂျာ ကိုကျော်မင်းကိုက “သတ်မှတ်ထားတဲ့ ဝန်ထမ်းအင်္ကျီဝတ်တယ် ၊ ရုံးမလာဘူး၊ အပြင်မှာ ပန်းခြံတွေ သွားတယ်၊ လျှောက်လည်တယ်၊ အလုပ် မလာဘူးလား ဆိုတော့ ထွက်သွားပြီတဲ့၊ ဒီ အတိုင်းပဲ စုပြီး ပြောသွားတယ်၊ စာလည်း မတင်ထားဘူး” ဟု ကိုကျော်မင်းကိုက ပြောသည်။ ထိုကဲ့သို့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုခံထားရသည်နှင့် ပတ်သက်၍ မွန်ပြည်နယ် လွှတ်တော်သို့ တိုင်ကြား ထားသည့် တိုင်ကြားစာအား လက်ခံ ရရှိထားပြီး ဖြစ်ကြောင်း တိုင်ကြားစာ ကော်မီတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သူက ဆိုပါသည်။ ၎င်းကိစ္စအား လွှတ်တော် ဥက္ကဋ္ဌက မွန်ပြည်နယ်လွှတ်တော်၏ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ထိုအမှုတွင် တိုင်ကြား ခံထားရသူများအား ဆင့်ခေါ်နိုင်ရန် ညွှန်ကြားထားပြီး ဌာနဆိုင်ရာများနှင့် ပူးတွဲ၍ ဆင့်ခေါ်ရမည် ဖြစ်သဖြင့် လာ မည့် အောက်တိုဘာ ပထမအပတ်ခန့်၌ ထိုတိုင်စာအား စစ်ဆေးသွားရန် ရှိကြောင်း ၎င်းက ဆိုပါသည်။ Oppo မြန်မာမှ မော်လမြိုင် မြို့တွင်း၌ အရောင်းဝန်ထမ်း ၂၈ ယောက်ခန့် ရှိပြီး မွန်ပြည်နယ် တခုလုံး၌ အရောင်းဝန်ထမ်း ၇၃ဦး ရှိသည်။ The post ရောင်းအား မပြည့်၍ ဝန်ထမ်းများ ကတုံးတုံး ရခြင်းမဟုတ်ဟု Oppo တာဝန်ရှိသူများ ရှင်းလင်း appeared first on ဧရာဝတီ.
Source : http://ift.tt/2fwiW7W
via IFTTT

No comments:

Post a Comment