Monday, September 25, 2017


မြန်မာ့အရေး အာဆီယံ၏ ကြေညာချက်တွင် မလေးရှားနိုင်ငံ မပါဝင် အရှေ့တောင် အာရှနိုင်ငံများအဖွဲ့ (အာဆီယံ)က ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံမှ ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်သည့် ကြေညာချက်တွင် ပါဝင်မည် မဟုတ်ကြောင်း မလေးရှားနိုင်ငံက စက်တင်ဘာလ ၂၄ ရက်နေ့တွင် ပြောကြားလိုက်သည်။ နယူးယောက်မြို့တွင် ကျင်းပသော ကုလသမဂ္ဂအထွေထွေ ညီလာခံ၌ ထုတ်ပြန်ခဲ့သည့် အာဆီယံဥက္ကဌ၏ ကြေညာချက်တွင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်း၌ လတ်တလော ဖြစ်ပေါ်နေသည့် အခြေအနေများ အပေါ် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ၏ စိုးရိမ်ပူပန်မှုကို ဖော်ပြထားသည်။ အဆိုပါ ကြေညာချက်တွင် သြဂုတ်လ ၂၅ ရက်နေ့က မြန်မာလုံခြုံရေးတပ်ဖွဲ့များ အပေါ် တိုက်ခိုက်ခြင်းကို ရှုတ်ချခဲ့သလို အရပ်သားများ အသက် သေဆုံးရခြင်း၊ နေအိမ်များ ဖျက်ဆီးခံရခြင်းနှင့် လူအမြောက်အများ အိုးမဲ့ အိမ်မဲ့ ဖြစ်ရခြင်းတို့ကို ပေါ်ပေါက်စေသည့် အကြမ်းဖက် လုပ်ရပ်များ အားလုံးကိုလည်း ရှုတ်ချခဲ့သည်။ သို့သော်လည်း စက်တင်ဘာလ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့သည့် မလေးရှား နိုင်ငံခြားရေးဝန်ကြီး AnifahAman ၏ သီးခြား ကြေညာချက်တွင် “ရိုဟင်ဂျာများသည် ထိခိုက်နစ်နာရသည့် အသိုင်းအဝိုင်းတခု ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြရန် ပျက်ကွက်ခဲ့ကြောင်း” ဖော်ပြထားသည်။ သြဂုတ်လ ၂၅ ရက်နေ့ တိုက်ခိုက်မှုများကို မလေးရှားနိုင်ငံက ရှုတ်ချသော်လည်း နောက်ဆက်တွဲ ဆောင်ရွက်ခဲ့သည့် မြန်မာ အာဏာပိုင်များ၏ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများက အချိုးအစား မျှတမှု မရှိကြောင်းနှင့် စစ်ဆင်ရေးများကြောင့် အရပ်သားများ သေဆုံးရခြင်းနှင့် လူ ၄၀၀၀၀၀ ကျော် ထွက်ပြေးရခြင်း တို့ကို ဖြစ်စေခဲ့ကြောင်း သူက ဆက်လက် ပြောသည်။ “ဒါကြောင့် ဥက္ကဌရဲ့ ကြေညာချက်က တစိတ်တဝမ်းတည်း သဘောတူညီမှုအပေါ် အခြေခံထားတာ မဟုတ်ပါဘူး” ဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာမှ အကြံပြုချက်များကို ဖြည့်ဆည်း ပေးမည် ဆိုသည့် ကတိကို အမြန်ဆုံး အကောင်အထည်ဖော်ရန် မလေးရှားနိုင်ငံက မြန်မာနိုင်ငံသို့ တိုက်တွန်းကြောင်းလည်း သူက ဆက်လက် ပြောသည်။ အာဆီယံအဖွဲ့ ဥက္ကဌ၏ ရခိုင်ပြည်နယ်မှ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အခြေအနေအပေါ် ကြေညာချက် ထုတ်ပြန်ရာတွင် အခြားသော အာဆီယံ အဖွဲ့ ဝင်နိုင်ငံများက ဥက္ကဌ၏ ကြေညာချက်ကို သဘောတူညီခဲ့သည်ဟု ယူဆနိုင်သည်။ အာဆီယံ၏ ကြေညာချက်တွင် ရခိုင်ပြည်နယ် အခြေအနေက အသိုင်းအဝိုင်းများ ကြားတွင် သမိုင်းအရ နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် ရှုပ်ထွေးသော ပြဿနာတခု ဖြစ်ကြောင်း ဖော်ပြထားပြီး၊ ပါဝင်သည့် အဖွဲ့အစည်းများ အားလုံးက လက်တွေ့ အခြေအနေကို ပိုမိုဆိုးရွားသွားစေနိုင်မည့် လုပ်ရပ်မှန်သမျှကို ရှောင်ရှားကြရန်လည်း အလေးအနက် တိုက်တွန်းထားသည်။ ထို့အပြင် အရပ်သားများ ဘေးကင်းလုံခြုံမှု ရှိရေး၊ ရခိုင်ပြည်နယ်မှ ပဋိပက္ခကို အဆုံးသတ်ရန် ချက်ခြင်းအရေးယူ ဆောင်ရွက်ရေး၊ လူမှု-စီးပွား အခြေအနေများ ပုံမှန် ပြန်ဖြစ်လာရေးနှင့် ဒုက္ခသည် ပြဿနာကို စိစစ်ရေး လုပ်ငန်းစဉ်များဖြင့် ဖြေရှင်းရေးတို့နှင့် ပတ်သက်၍ မြန်မာအာဏာပိုင်များ၏ ကတိပြုခြင်းကို အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက ကြိုဆိုကြောင်းလည်း ဖော်ပြထားသည်။ လက်ရှိ ၂၀၁၇ ခုနှစ်အတွက် အာဆီယံ ဥက္ကဋ္ဌနေရာကို ဖိလစ်ပိုင်က တာဝန်ယူ ဆောင်ရွက်နေသည်။ The post မြန်မာ့အရေး အာဆီယံ၏ ကြေညာချက်တွင် မလေးရှားနိုင်ငံ မပါဝင် appeared first on ဧရာဝတီ.
Source : http://ift.tt/2wN8Udu
via IFTTT

No comments:

Post a Comment