Friday, September 29, 2017


၀န်ကြီးချုပ်ဟောင်း ယင့်လပ်ကို ရှာဖွေရန် အင်တာပိုလ်ကို အကူအညီတောင်းထား လန်ဒန်၌ နိုင်ငံရေး ခိုလှုံခွင့်ရရှိရန် ကြိုးစားနေသည်ဟု သတင်းထွက်နေသည့် ပြည်ပြေး ဝန်ကြီး ချုပ် ဟောင်း ယင့်လပ် ရှင်နာဝပ်အား ရှာဖွေရန် နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပိုလ်)ကို အကူအညီ တောင်း ထားကြောင်း ကာကွယ်ရေးဝန်ကြီး ပရာဝစ် ဝေါင်ဆူဝမ်၏ ပြောကြားချက်ကို ကိုးကားပြီး CNN သတင်းကဆိုပါတယ်။ ယင့်လပ်၏ ဖုယာ့ထိုင်း ပါတီမှ သတင်းရင်းမြစ်၏ ပြောဆိုချက်အရ သူမဟာ စက်တင်ဘာလ ၁၁ရက် နေ့ကတည်း အာရပ်စော်ဘွားများ ပြည်ထောင်စု(UAE)မှ လန်ဒန်သို့ နိုင်ငံရေးခိုလှုံခွင့် တောင်းခံရန် ထွက်ခွာသွားကြောင်း သိရပါတယ်။ ဒါ့ကြောင့်လည်း ထိုင်း ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝစ်ရဲ့ စက်တင်ဘာ ၁၇ရက်နေ့က သွား ရောက်တဲ့ လန်ဒန်ခရီးစဉ်မှာ ပြည်ပြေးဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်နဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာခဲ့သေးပါတယ်။ ဒါပေမယ့် ထိုင်းကာကွယ်ရေးဝန်ကြီးက ယင့်လပ် လက်ရှိ အင်္ဂလန်မှာ ဘယ်လိုပုံစံနဲ့ နေထိုင်တယ် ဆိုတာကို မသိကြောင်း၊ UAE အာဏာပိုင်တွေကတော့ ယင့်လပ်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို တား မြစ်ပေးမယ်လို့ စောစောပိုင်းက ကတိပေးကြောင်းဆိုပါတယ်။ ဝန်ကြီးချုပ်ဟောင်း ယင့်လပ်ကို သူမအစိုးရ တာဝန်ကို ယူစဉ်က ဆန်စပါးဝယ်ယူရေး အစီအစဉ်နှင့် ပတ်သက်၍ အဂတိ လိုက်စားမှုနှင့် ဆုံးရှုံးမှုများအတွက် တရားစွဲဆိုထားရာ တရားရုံးစီရင်ချက်ချ မည့်နေ့တွင် တရားခွင်သို့ လာရောက်မရှိတော့ဘဲ၊ နိုင်ငံခြားသို့ ထွက်ပြေးသွားသည့်အတွက် စက်တင်ဘာ ၂၇ ရက်နေ့မှာ မျက်ကွယ်၌ ထောင်ဒဏ် ၅နှစ်ချမှတ်ခံထားရပါတယ်။ The post ၀န်ကြီးချုပ်ဟောင်း ယင့်လပ်ကို ရှာဖွေရန် အင်တာပိုလ်ကို အကူအညီတောင်းထား appeared first on ဧရာဝတီ.
Source : http://ift.tt/2k8Ee0m
via IFTTT

No comments:

Post a Comment