Saturday, September 23, 2017

၎ လ ကျော်ကာလ အတွင်း မြေပြိုမှုကြောင့် လူ ၂၀ သေဆုံး

၄ လ ကျော်ကာလ အတွင်း မြေပြိုမှုကြောင့် လူ ၂၀ သေဆုံး ယခုနှစ် ဧပြီ ၁ ရက်မှ သြဂုတ်လ ၁၅ ရက် အထိ ၄ လ ကျော် ကာလအတွင်း မြေပြိုမှုဖြစ်စဉ် ၄၀ နှင့် ကမ်းပါးပြိုမှု ၂၀၀ ကျော် ဖြစ်ပေါ်ခဲ့ပြီး မြေပြိုမှုကြောင့် သေဆုံးသူ ၂၀ ရှိကြောင်း သိရသည်။ တိုင်းနှင့်ပြည်နယ် ၈ ခုတွင် မိုးရွာသွန်းမှုနှင့် တောင်ကျချောင်းရေ ဖြစ်စဉ်များကြောင့် မြေပြိုမှု ဖြစ်ပေါ် ပြီး အဖြစ်များဆုံး ဒေသများမှာ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့ ဖြစ်ကြောင်းလည်း လူမှုဝန်ထမ်း ကယ် ဆယ်ရေးနှင့် ပြန်လည် နေရာချ ထားရေး ဝန်ကြီးဌာန ကယ်ဆယ်ရေး ဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းထွန်း က ဧရာဝတီသို့ ပြောသည်။ ဒေါ်သင်းသင်းထွန်းက “မြေပြိုဘေးကြောင့် သေခဲ့တဲ့လူက ၂၀၊ ဒဏ်ရာရတာက ၁၄ ဦး၊ ကမ်းပါးပြိုတာ ကချင်းပြည်နယ် နဲ့ ကချင်ပြည်နယ် အဖြစ်များတယ်၊ ကျန်တာတွေက မွန်၊ ကရင်၊ ရှမ်း၊ မကွေး၊ မန္တလေး၊ တနသာင်္ရီ ပါတယ်။ ရာသီဥတုကြောင့် မို့လို့ မြေတွေက ပျော့ပြီးတော့ ပြိုတာပါ” ဟု ပြောပြ သည်။ ကယ်ဆယ်ရေးဌာနမှ စာရင်းများအရ ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၁၅ ရက်နေ့အထိ မြေပြိုကျ သည့် အကြိမ်ရေပေါင်း ၄၀၊ အိမ်ခြေ ၉၈ လုံး နှင့် လူဦးရေ ၄၉၉ ဦး မြေပြိုသည့် ဘေးအန္တရာယ် ကို ကြုံတွေ့ခဲ့ရပြီး သေဆုံးသူ ၂၀ နှင့် ဒဏ်ရာရှိသူ ၁၄ ဦး ရှိခဲ့ကြောင်း သိရသည်။ မြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုမှု ဖြစ်စဉ် အဖြစ်များဆုံးဒေသများမှာ ဧရာဝတီတိုင်း ဖြစ်ပြီး မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ပဲခူးတိုင်းတို့တွင်လည်း ဖြစ်ခဲ့ကြောင်း ကယ်ဆယ်ရေးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းထွန်းက ပြောသည်။ နှစ်စဉ် သြဂုတ်လနှင့် စက်တင်ဘာလတိုင်းတွင် ကမ်းပါးပြိုမှုဖြစ်စဉ် အများဆုံး ဖြစ်ပေါ်ပြီး အဆိုပါ လများ မရောက်ခင် မြစ်ကမ်းပါးအနီးရှိ နေအိမ်များမှ လွတ်ကင်းရာနေရာသို့ ရွှေ့ပြောင်းကြကြောင်း ဧရာဝတီတိုင်း ဒေသကြီး ဟသာင်္တမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်ကလည်း ဧရာဝတီ သို့ ပြောပြသည်။ ဦးသန်းနိုင်က “အဖြစ်များတာကတော့ ၈ လပိုင်း နဲ့ ၉ လပိုင်းပေါ့ ကမ်းပြိုတာကတော့ နှစ်တိုင်းဖြစ် တာ။ ကျနော်တို့ ဘက်မှာတော့ ပျက်စီးတဲ့အဆင့် မရောက်သေးဘူး နီးပြီဆိုရင် ကြိုပြီးတော့ ရွှေ့ပေးရ တာပေါ့ ၈လပိုင်း မရောက်ခင် ကမ်းပြိုတာနဲ့ အိမ်တွေနီးလာပြီဆိုရင် အိမ်တွေပါနိုင်တယ် ဆိုတော့ ကြိုပြီးတော့ ရွှေ့ပေးရတာပေါ။့ ရွှေ့တာကတော့ ရွာသူရွာသားတွေက ကိုယ့်အစီအစဉ်နဲ့ ကိုယ် ရွှေ့ရ တာက များတယ်” ဟုလည်း ပြောသည်။ ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၁၅ ရက်နေ့အထိ ကမ်းပါးပြိုခဲ့သည့်အကြိမ်ရေ ၂၂၃ ကြိမ်ဖြစ်ပေါ်ခဲ့ပြီး အိမ်ခြေ ၃၀၃၆ လုံး၊ လူဦးရေ ၁၃၀၃၈ နှင့် သေဆုံးဒဏ်ရာရသူ မရှိကြောင်း ကယ်ဆယ်ရေးဌာန စာရင်းများ အရ သိရသည်။ The post ၄ လ ကျော်ကာလ အတွင်း မြေပြိုမှုကြောင့် လူ ၂၀ သေဆုံး appeared first on ဧရာဝတီ.
Source : http://ift.tt/2xXzscb
via IFTTT

No comments:

Post a Comment