Monday, September 25, 2017


ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌသစ် ဘယ်သူဖြစ်မလဲ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ နှင့် အမှုဆောင်ရွေးကောက်ပွဲကို စက်တင်ဘာလ ၂၃ ရက်နှင့် ၂၄ ရက်နေ့က ရန်ကုန်မြို့ရှိ ရုပ်ရှင်အစည်းအရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ ရုပ်ရှင်အမှုဆောင်အယောက်၂၀ ရဲ့ ရလဒ်စာရင်း ထွက်ရှိလာပြီ လို့ သိရပါတယ်။ အဆိုပါ ရုပ်ရှင်အမှုဆောင်အယောက်၂၀ ကိုတော့ ရုပ်ရှင်အနုပညာနယ်ပယ်အသီးသီး၊ အလွှာအသီးသီးတို့မှ မဲပေး ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီ အယောက် ၂၀ စာရင်းကတော့ ဦးဇင်ဝိုင်း ၊ ဦးခန့်စည်သူ ၊ ဦးဝင်းမြိုင် ၊ ဦးအောင်ခိုင် ၊ ဦးဇော်မင်း (မင်္ဂလာ)၊ ဦးလှသိန်း၊ ဒေါ်ကေခိုင်စိုး၊ ဦးသိန်းရွှေ၊ ဦးဇော်မင်း(ဟံသာမြေ)၊ ဦးတင်ငြိမ်း၊ ဦးဇော်မြင့်ဦး၊ ဦးတင်ထွန်းအောင်၊ ဦးအေးကြူလေး၊ ဦးခင်မောင်ချင်း၊ ဦးသားကျော်၊ ဦးကျော်ညွှန့်၊ ဦးဝင်းနိုင်၊ ဦးနေထူးနိုင်နဲ့ ဦးသက် တို့ဖြစ်ပါတယ်။ အမှုဆောင်ရွေးကောက်ပွဲမဲပေးရာမှာ စက်တင်ဘာ၂၃ ရက်နေ့က စက်မှုလက်မှုအခြေခံလွှာ၊ ဗီဒီယိုအခြေခံအလွှာ၊ ဇာတ်လမ်း ဇာတ်ညွှန်းအခြေခံအလွှာနဲ့ ဒါရိုက်တာ အခြေခံအလွှာ တို့က မဲပေးခဲ့ကြပြီး၊ ၂၄ ရက်နေ့မှာတော့ အဓိက သရုပ်ဆောင်အခြေခံအလွှာ၊ ဇာတ်ပို့ ၊ ဇာတ်ရံအခြေခံအလွှာ ၊ အုပ်ချုပ်ဖြန့်ချိ ပြသအခြေခံအလွှာ၊ တည်းဖြတ် မှတ်တမ်း အခြေခံအလွှာတို့က မဲပေးခဲ့တယ်လို့ သိရပါတယ်။ မဲအများဆုံးရရှိထားတဲ့ အမှုဆောင်အယောက်၂၀ ထဲမှ ၂ ဦးကို ရွေးချယ်ပြီး လာမယ့် စက်တင်ဘာ ၂၆ ရက်နေ့မှ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးနေရာကို ထပ်မံရွေးချယ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ The post ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌသစ် ဘယ်သူဖြစ်မလဲ appeared first on ဧရာဝတီ.
Source : http://ift.tt/2xv3mBG
via IFTTT

No comments:

Post a Comment