ယူကရိန်းလုပ် စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ် ဘင်္ဂလားဒေ့ရှ် လက်ခံရရှိ ဘင်္ဂလားဒေ့ရှ် လေတပ်က ယူကရိန်းထံမှ မွမ်းမံပြင်ဆင်ထားသည် အန်တိုနော့ဗ် အမျိုးအစား An-32 သယ်ယူပို့ဆောင်ရေး လေယာဉ်တစီး လက်ခံရရှိကြောင်း ကာကွယ်ရေးဆိုင်ရာ သတင်းတွေကဆိုပါ တယ်။ အဆိုပါလေယာဉ်လွှဲပြောင်းသည့် အခမ်းအနားကို ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့က SE PLANT 410 CA လေယာဉ်ပြုပြင်ထိန်းသိမ်းရေးအလုပ်ရုံမှာ ဗိုလ်ချုပ်ကြီး ဗစ်တာ ဂျန်ကီဗစ်ချ်က ယမန်နေ့က လွှဲပြောင်းပေးအပ်လိုက်တာဖြစ်ပါတယ်။ အလားတူ ဘင်္ဂလားဒေ့ရှ်လေတပ်ရဲ့ An-32 အမျိုးအစား သယ်ယူပို့ ဆောင်ရေးလေယာဉ် ၃စီးလည်း မွမ်းမံပြင်ဆင်ဖို့ ရှိတယ်လို့ သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်နှင့် ယူကရိန်းအကြား An-32 လေယာဉ်များ အဆင့်မြှင့်တင်ရေးသာမက အခြားသော စစ်လေယာဉ်များ၊ ရဟတ်ယာဉ်များ အဆင့်မြှင့်တင်ရေးကို နှစ်ဘက်ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ အန်တိုနော့ဗ် အမျိုးအစား An-32 သယ်ယူပို့ဆောင်ရေးလေယာဉ်ဟာ ကုန်ပစ္စည်းများသာကမက စစ်သည်များတင်ဆောင်ကာ စစ်ဆင်ရေးများတွင် အသုံးပြုနိုင်သလို ရာသီဥတုအခြေအနေ အမျိုးမျိုးမှာ ပံျသန်းနိုင်တယ်လို့ လည်းသိရပါတယ်။ ဘင်္ဂလားဒေ့ရှ် လေတပ်ဟာ ရေရှည်စီမံကိန်းဖြစ်တဲ့ ခေတ်မီတိုးတက်ရေးအစီအစဉ် Forces Goal 2030 အရ တရုတ်ထံမှ JH-16၊ YLC-2 နှင့် JY-11B စသည့် ခေတ်မီရေဒါစနစ်များ၊ ရုရှားထံမှ Gamma DE နှင့် Kasta 2E ရေဒါစနစ်များ ဝယ်ယူခဲ့သလို၊ ရုရှားထံမှ Mi-171sh ရဟတ်ယာဉ်များ၊ ဒါ့အပြင် MiG 29M၊ MiG 35၊ ဆူခွိုင်း Su- 30 နှင့် Su-35 တိုက်လေယာဉ်များ ဝယ်ယူဖို့ ဆိုင်းပြင်းနေကြောင်း၊ ယခုနှစ်အတွင်းမှာပဲ သူတို့ရဲ့ လက်ရှိ MiG-29 တိုက်လေယာဉ်တွေကို အဆင့်မြှင့်ဖို့ ပြုလုပ်နေတယ်လို့ ဝီကီပီးဒီးယားကဆိုပါတယ်။ The post ယူကရိန်းလုပ် စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ် ဘင်္ဂလားဒေ့ရှ် လက်ခံရရှိ appeared first on ဧရာဝတီ.
Source : http://ift.tt/2wS1Vjv
via IFTTT
No comments:
Post a Comment