Tuesday, September 26, 2017

ဒီတပတ္ ရန္ကုန္မွာ လည္ပတ္စရာ

ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ ၁။ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေး ရန်ပုံငွေ ဖျော်ဖြေပွဲကို မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံတွင် ၂၇.၉.၂၀၁၇ ရက်နေ့ ညနေ ၆ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ဖျော်ဖြေပွဲသည် ဝင်ကြေး အခမဲ့ဖြစ်ပြီး မျက်လှည့်ပညာရှင် Mr.Top၊ သားဖြစ်သူ Harry နှင့် အခြား အနုပညာရှင်များ ပူးပေါင်း တင်ဆက် သွားမည် ဖြစ်ပြီး MNTV ရုပ်သံလိုင်း၊ Channel-9 ရုပ်သံလိုင်းနှင့် HD- Pay Per View ရုပ်သံလိုင်းတို့က တိုက်ရိုက် (LIVE) ထုတ်လွှင့် ပြသမည် ဖြစ်ကြောင်း သိရသည်။ ၂။ ရန်ုကုန်မြို့၏ ပထမဆုံး သီတင်းကျွတ် မီးမျှောပွဲကို ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ၁.၁၀.၂၀၁၇ မှ ၃.၁၀.၂၀၁၇ ရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ မီးမျှောပွဲနှင့် အတူ အစားသောက်ပွဲများ၊ နိုင်ငံကျော် အနုပညာရှင်များ၏ ဖျော်ဖြေရေး အစီအစဉ်များ ပါဝင်မည် ဖြစ်ကြောင်းသိရသည်။ ၃။ မြန်မာဝတ္ထုတို ရာပြည့်ပွဲတော်ကို လမ်းမတော် (သံဈေး) ရှိ ရန်ကုန်စာအုပ်ပလာဇာတွင် ၃၀.၉.၂၀၁၇ မှ ၆.၁၀.၂၀၁၇ ရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါပွဲတော်တွင် စာတမ်းဖတ်ပွဲ၊ ရေးသူဖတ်သူတွေ့ဆုံပွဲနှင့် စာအုပ်ဈေးရောင်း ပွဲများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ ၄။ ချက်သမ္မတနိုင်ငံရှိ ချက်ရဲတိုက်ကြီးများပုံ ပန်းချီပြပွဲကို ပြည်လမ်း၊ အမျိုးသားပြတိုက် (ရန်ကုန်) တွင် ၂၈.၉.၂၀၁၇ မှ ၁၂.၁၀.၂၀၁၇ ရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ပြပွဲတွင် ချက်သမ္မတနိုင်ငံရှိ ထင်ရှားသည့်ရဲတိုက်၊ စံအိမ်ကြီးများ၏ ပန်းချီသရုပ်ဖော်ပုံများကို ပြသသွားမည် ဖြစ်ကြောင်း သိရသည်။ ၅။ တေးသံရှင် မေခလာ၏ တကိုယ်တော် ဖျော်ဖြေပွဲကို မြို့မကျောင်းလမ်းရှိ အမျိုးသားကဇတ်ရုံတွင် ၃၀.၉.၂၀၁၇ ရက်နေ့ ည ၇ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ လက်မှတ် ဈေးနှုန်းများကို ၁ သောင်းကျပ်မှ ၅ သောင်းကျပ်အထိ သတ်မှတ်ထားပြီး ဖုန်းနံပါတ် ၀၉-၄၅၂၄၂၇၄၆၄ သို့ ဆက်သွယ် မှာယူနိုင်ကြောင်း သိရသည်။ ၆။ ရေကျော် သီတင်းကျွတ် မီးထွန်းပွဲတော်ကို ၂.၁၀.၂၀၁၇ မှ ၆.၁၀.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ပွဲတော်တွင် အစားအသောက် ဆိုင်ခန်းများ၊ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များ၊ ဖျော်ဖြေပွဲများ၊ ပျော်ရွှင်ဖွယ် ကစားနည်းပေါင်းများစွာ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ ၇။ Hip Hop ဂီတဝါသနာရှင်များ အတွက် Urban Talent: Hip Hop ပြိုင်ပွဲကို ကမ္ဘာအေးဘုရားလမ်းရှိ ဖူဆန် ဘတ်စကက်ဘောကွင်းတွင် ၃၀.၉.၂၀၁၇ ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲတွင် နာမည်ကျော်Hip Hop အဆိုတော်များ၏ ဖျော်ဖြေမှုများနှင့် ပြိုင်ပွဲဝင် Hip Hop သီချင်းသစ်များကို နားဆင်နိုင်မည် ဖြစ်ကြောင်း သိရသည်။ ၈။ ပန်းချီလှထွဏ်းအောင်၏ BEAUTIFUL WATERFALL တကိုယ်တော် ပန်းချီပြပွဲကို ကမ္ဘာအေးဘုရားလမ်း၊ နှင်းဆီကုန်း ဘိုးဘွားရိပ်သာရှိ နှင်းဆီမြိုင် ပန်းချီပြခန်းတွင် ၁.၁၀.၂၀၁၇ မှ ၄.၁၀.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် ရေတံခွန်ရှုခင်း ရေဆေးကား ၂၀ ခန့် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။ ၉။ ပန်းချီကျော်ဖြူစံ၏ ENLIGHTENMENT ပန်းချီပွဲကို လောကနတ် ပန်းချီပြခန်းတွင် ၃၀.၉.၂၀၁၇ မှ ၉.၁၀.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် ဇာတ်တော်ကြီးဆယ်ဘွဲ့ သရုပ်ဖော်ပန်းချီကားများနှင့် မြန်မာ့မှု ရိုးရာ သရုပ်ဖော်ပန်းချီကားများကို ပြသသွားမည် ဖြစ်ကြောင်းသိရသည်။ ၁၀။ ပန်းချီဆရာ ၁၅ ဦးပါဝင်မည့် RAIN ပန်းချီပြပွဲကို ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဧရာဝဏ် ပန်းချီပြခန်းတွင် ၃၀.၉.၂၀၁၇ မှ ၁၁.၁၀.၂၀၁၇ ရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် မီဒီယံစုံ လက်ရာစုံ ပန်ချီကား ၃၀ ကျော် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။ The post ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ appeared first on ဧရာဝတီ.
Source : http://ift.tt/2y5pSnB
via IFTTT

No comments:

Post a Comment