အမျိုးသားတွေ သဘောမကျတဲ့ အမျိုးသမီးတွေရဲ့အမူအကျင့်တွေ ချစ်သူတွေပဲ ဖြစ်ဖြစ်၊ အိမ်ထောင်သည်တွေပဲ ဖြစ်ဖြစ်၊ သူငယ်ချင်းတွေပဲ ဖြစ်ဖြစ်၊ နောက်ဆုံး မောင်နှမတွေပဲ ဖြစ်ဖြစ် ယော င်္ကျားတွေက အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ အမူအကျင့်တချို့ကို မနှစ်သက်ကြပါဘူး။ ဒါပေမယ့် အခြေအနေ၊ အကြောင်း ကြောင်းကြောင့် အဆင်ပြေအောင် ဆက်ဆံနေသူတွေလည်း ရှိကြပါတယ်။ အခု ကျနော်က ယောင်္ကျားတွေ သဘောမကျတဲ့ အမျိုးသမီးတွေရဲ့အမူအကျင့်တွေကို ပြောပြချင်ပါတယ်။ အမျိုးသမီးတွေအ နေနဲ့ သိထားတော့ ပြင်မယ်ဆိုရင် ပြင်ထားလို့ ရတာပေါ့။ (၁) မေးခွန်းတွေ အများကြီးမေးရင် မကြိုက်ကြဘူး အမျိုးသမီးတွေက သူတို့ တန်ဖိုးထားလေလေ သိလိုစိတ်တွေ များလေလေ ဖြစ်ပြီး အကြောင်းတခုခု ရှိလာရင် မေးခွန်းတွေ အများကြီး မေးတတ်ကြပါတယ်။ ဒါပေမယ့် အမျိုးသားတွေကတော့ အဲဒီလို မေးခွန်းတွေ အများကြီး မေးတာကို ရစ်တယ် လို့ မြင်တတ်ကြသလို သဘောမကျကြပါဘူး။ ဖြစ်နိုင်ရင် မေးခွန်းနည်းနည်းနဲ့ လိုရင်းကိုပဲ မေးမြန်း ဆက်ဆံတာ အကောင်းဆုံးပါ။ (၂) အချိန်ကြာစောင့်ရတာကို မကြိုက်ကြဘူး အမျိုးသမီးတွေမှာ အလှအပရေးရာ တခုတည်းတင် မဟုတ်ဘဲ အခြားသော အကြောင်းတွေကြောင့် အပြင်သွားမယ်ဆိုရင် လည်း ပြင်ဆင်တာ ကြာတတ်ပါတယ်၊ ဈေးဝယ်ရင်လည်း ကြာပါတယ်၊ အမျိုးသားတွေရဲ့စိတ်ဟာ မြန်ဆန်မှုသဘော ရှိတာ ကြောင့် အဲဒီလို စောင့်ဆိုင်းရခြင်းတွေကို သဘောမကျကြပါဘူး။ သွားစရာ၊ လုပ်ဆောင်စရာတွေကို မြန်မြန်လုပ်ဆောင်တတ်တဲ့အကျင့်မွေးထားတာ အကောင်းဆုံးပါ။ (၃) ပခုံးပေါ် လာငိုတာ မကြိုက်ကြဘူး အမျိုးသမီးတွေဟာ အားငယ်တတ်တဲ့ စိတ်အခံနဲ့အတူ အမှား၊ အဆင်မပြေမှုတခုခုအတွက် အမျိုးသားတွေကို အားကိုးတ ကြီး ဖက်ပြီး ငိုချင်ကြပေမယ့် အမျိုးသားတွေကတော့ အဲဒီလို လာငိုတာကို မကြိုက်ကြပါဘူး။ အမျိုးသားတွေ ဖြစ်ချင်တာက ဘာဖြစ်လာတယ်၊ ဘယ်လို အကောင်းဆုံး ဆက်လုပ်မလဲ၊ ပြဿနာကို ဘယ်လို ဖြေရှင်းမလဲ တိုင်ပင် အဖြေရှာခြင်းပါ။ မိဘ ဒါမှမဟုတ် အရင်းနှီးဆုံး မိန်းကလေး သူငယ်ချင်းတွေရဲ့ ပခုံးထက်မှာပဲ ငိုဖို့ ပြင်ဆင်ထား တာ အကောင်းဆုံးပါ။ (၄) အပြစ်ရှာတာ (ရစ်တာ) မကြိုက်ဘူး အပြစ်မရှိ အပြစ်ရှာခြင်းပုံစံကို ပြောတာပါ။ ဥပမာ ပြောရရင် ကောင်မလေးက ကျမ ဝ, လာတယ် ထင်လားလို့ မေးတယ်၊ ကောင်လေးက မဝပါဘူးလို့ ပြန်ဖြေတယ်၊ ဟုတ်လို့လားရှင်၊ သေချာကြည့်ပါဦးလို့ ထပ်မေးတယ်၊ ကောင်လေးက အရင်လို ပါပဲလို့ ပြန်ပြောပါတယ်။ ဒါကို ကောင်မလေးက ကျမ အရင်ကထက် ၃ပေါင် ဝိတ်တက်လာတယ်ရှင့်၊ အရင်ထက် ကျမ ဝလာတယ် သိလားဆိုတော့ ကောင်လေးက အော်၊ အေး နည်းနည်း ဝလာတာပေါ့ဆိုပြီး ပြန်ဖြေတယ်၊ ဒါကို ကောင်မလေးက ရှင် အစောက ပြောတော့ မဝပါဘူးဆို၊ အခု ဘာစကားလဲဆိုတာမျိုး သွားမရစ်ပါနဲ့၊ မကြိုက်ကြပါဘူး။ (၅) ဈေးဝယ်ထွက်တာ မကြိုက်ကြဘူး အထက်မှာ အမျိုးသမီးတွေ ဈေးဝယ်ရင် ကြာတတ်တာမျိုး အမျိုးသားတွေ မကြိုက်တာ ပြောခဲ့ပါတယ်။ ဒါက အချိန်နဲ့ ပတ် သက်လို့ပါ၊ အခုက ငွေကြေးနဲ့ ပတ်သက်လို့ပါ။ အမျိုးသား အများစုမှာ အသုံးအဆောင် အများအပြား သုံးသူ နည်းသလို အဆိုပါ အသုံးအဆောင်စုံအတွက် သွေကြေးအများ အပြား မသုံးချင်တဲ့ စိတ်ရှိကြပါတယ်။ ဒီနေရာမှာ အမျိုးသမီးတွေကတော့ အသုံးအဆောင် အစုံသုံးလေ့ရှိပြီး ဒီလို အသုံးအဆောင်တွေ အတွက် ငွေကြေး ကုန်ကျမှု တွေကို အမျိုးသားတွေက သဘောကျကြပါဘူး။ အသုံးချွေတာလိုက်ပါ၊ သင့်အတွက်လည်း ငွေကြေးစုမိလာလို့ ကောင်းပါ တယ်။ (၆) စကားများများပြောတာကိုလည်း မကြိုက်ကြဘူး အရက်ဝိုင်း၊ ပျော်ပွဲစားပွဲတွေမှာကလွဲရင် အမျိုးသား အများစုက စကားများများ မပြောချင်ကြပါဘူး။ ကိုယ်တိုင်လည်း မ ပြောချင်ကြသလို တခြားသူက စကားများများ လာပြောတာကိုလည်း မကြိုက်ကြပါဘူး။ ဒီအတွက် ကိုယ့်ချစ်သူ၊ အိမ်ထောင်ဖက်စတဲ့ အမျိုးသားတွေကို စကားများတယ်လို့ သတ်မှတ်ခံရလောက်အောင်အထိ စကား သွားမပြောပါနဲ့။ ပြောပါ၊ မများပါစေနဲ့လို့ ဆိုပါရစေ။ (၇) ဝေဖန်တာကို မကြိုက်ကြဘူး တကယ်လို့ အမျိုးသားတယောက်အနေနဲ့ အမှားလုပ်မိနေရင်၊ လုပ်မိသွားရင်တောင် သင့်အနေနဲ့ ရှင် မှားတယ်လို့ သွားဝေ ဖန်အပြစ်တင်မယ့်အစား နောက်တခါ ဘယ်လို လုပ်ရအောင်လားဆိုတဲ့ အကြံပေးမှု ပုံစံ နားဝင်အောင် ပြောပါ။ အမျိုးသား တွေဟာ ဝေဖန် အပြစ်တင်တာကို မကြိုက်ပါဘူး။ သူတို့ကို သွားဝေဖန်ရင် ပြဿနာပဲ ထပ်ဖြစ်နိုင်သလို အကျင့်လည်း ပြင်သွားဖို့ မရှိနိုင်ပါဘူး။ ဖြစ်နိုင်ရင် စကားလုံးနည်း နည်း ပြင်ပြောဖို့၊ အကြံပြုစကားပြောဖို့ပဲ ပြင်ဆင်ထားတာ အကောင်း ဆုံးပါ။ (၈) သွေးပူအောင် မလုပ်ပါနဲ့ အထက်မှာ ပြောခဲ့တဲ့ ဝေဖန် အပြစ်တင်ခြင်းနဲ့ နီးစပ်ပါတယ်။ အမျိုးသားရဲ့အပြစ်ကို ဝေဖန်ခြင်းလည်း မလုပ်ပါနဲ့၊ အကြံ ပေးမယ်ဆိုရင်လည်း အချိန်ရမယ်ဆိုရင် တရက်လောက် သွေးအေးအောင် နေပါစေ၊ မပြောပါနဲ့ဦး၊ နောက် သွေးအေးတော့မှ အကြံပေးစကားပြောပါ။ သွေးပူနေချိန် သွေးဆူအောင် ထပ်မလုပ်မိပါစေနဲ့။ (၉) အမှတ်အတေးမထားပါနဲ့ လူတိုင်း အမှားနဲ့ မကင်းကြလို့ အမျိုးသားတွေလည်း တနေရာ မဟုတ် တနေရာမှာ မှားထားပါလိမ့်မယ်။ အမှတ်မထားပါနဲ့၊ ကြုံကြိုက်ချိန် ရှင် ဘယ်တုန်းက ကျမကို ဘယ်လို ထားခဲ့၊ ပြောခဲ့တာဆိုတာမျိုး အမှတ်အတေးစကားမျိုး မပြောပါနဲ့။ ချစ် ခင်နွေးထွေးမှုကို တကြိမ်တည်း ဖျက်ဆီးမိသလို ဖြစ်သွားတတ်ပါတယ်။ www.rd.com The post အမျိုးသားတွေ သဘောမကျတဲ့ အမျိုးသမီးတွေရဲ့အမူအကျင့်တွေ appeared first on ဧရာဝတီ.
Source : http://ift.tt/2fo0HVB
via IFTTT
No comments:
Post a Comment