Friday, September 22, 2017


ဒုက္ခသည်ပြန်လက်ခံရေး မြန်မာအစိုးရ ဦးစားပေးအဆင့်ဆောင်ရွက်နေ မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်ခံရမှုအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေ သည့် ဒုက္ခသည်များပြန်လည်စိစစ်လက်ခံရေးကို ဦးစားပေးအဆင့် အချက်တခုအနေဖြင့် ဆောင်ရွက်နေ ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။ လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးနေသည့် ဒုက္ခသည်ဦးရေ လေးသိန်းကျော်ရှိနေကြောင်း ကုလသမဂ္ဂအဖွဲ့မှ ခန့်မှန်းပြောဆိုမှုများ ရှိသော်လည်း ၁၉၉၃ ခုနှစ် နှစ်နိုင်ငံသဘောတူညီချက်များနှင့် ကိုက်ညီသူများကိုသာ ပြန်လည်လက်ခံမည် ဖြစ်ကြောင်း ၎င်းကပြောသည်။ ဒေါက်တာဝင်းမြတ်အေးက “အရေးကြီးတာက ဒီမှာနေတဲ့အထောက်အထားရှိရမယ်၊ အထောက်အထား လည်းရှိမယ် ဒီဘက်ကစာရင်းတွေနဲ့လည်းကိုက်ညီရင် လက်ခံမယ်၊ ဒီနေ့ပဲ သမ္မတရုံးမှာဆွေးနွေးတယ်၊ ၂ ပတ်အတွင်း လုပ်ငန်းစဉ်စဖို့လုပ်မယ်” ဟု ဧရာဝတီသို့ပြောသည်။ ဒုက္ခသည်များပြန်လည် လက်ခံရေးကိစ္စတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး လက်ဗွေယူ ခြင်း၊ မျက်လုံး Scan ဖတ်ခြင်းစသည့် လိုအပ်သည့် နည်းပညာများဖြင့်ပါ စိစစ်ရေးလုပ်ငန်းဆောင်ရွက်ရန် ရှိ ကြောင်း သိရသည်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒုက္ခသည်လက်ခံရေးကို မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ၁၉၉၃ ခုနှစ်က သဘောတူညီထားသည့် စာချုပ်ပါအချက်အလက်များအတိုင်း လိုက်နာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လုံခြုံရေးနှင့် လူသားချင်းစာနာထောက်ပံ့ရေး ကိစ္စများအတွက်လည်း အ ပြည့်အဝ အာမခံချက်ပေးမည် ဖြစ်ကြောင်း စက်တင်ဘာ ၁၉ ရက်နေ့ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားထားသည်။ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် ကိုဖီအာနန်ကော်မရှင်၏ အကြံပြုချက်များ အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ အဖြစ် လည်းဆောင်ရွက်နေသူဖြစ်ပြီး ဒေသတွင်းတည်ငြိမ်အေးချမ်းမှု ပိုမိုကောင်းမွန်စေမည့် အကြံပြုချက်များကို ဦးစားပေးလုပ်ဆောင်မည်ဖြစ်ကြောင်း ပြောသည်။ ၁၉၉၃ ခုနှစ် သဘောတူညီချက်အရ လုပ်ငန်းစဉ်တွင် မြန်မာနိုင်ငံတွင် နေထိုင်သူဖြစ်ရမည်၊ ကိုယ့်သဘော ဆန္ဒဖြင့် ပြန်လာချင်သူဖြစ်ရမည်၊ ဘင်္ဂလားဒေ့ရှ်ဘက်တွင် မွေးဖွားသူဖြစ်ပါက အဖေ၊ အမေမှာ မြန်မာနိုင်ငံ တွင် နေဖူးသူဖြစ်ရမည် စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။ အဆိုပါသဘောတူညီချက်သည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)မှ ကြားခံ အနေဖြင့်ပါဝင်ပြီး ၁၉၉၂ ခုနှစ် ဧပြီ ၂၈ ရက်နေ့တွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရတို့အကြား MoU လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စက်တင်ဘာ ၂၀ ရက်ကကျင်းပသည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင်လည်း ဒုတိယသမ္မတ ၂ ဦးဟင်နရီ ဗန်ထီးယူက ဒုက္ခသည်များလက်ခံရေးကို ၁၉၉၃ ခုနှစ်သဘောတူညီချက်ကို အခြေခံကာ လုပ်ငန်းစဉ်များ ရေးဆွဲလုပ်ဆောင်မည်ဖြစ်ကြောင်း နိုင်ငံတကာသို့ အသိပေးပြောကြားခဲ့သည်။ ဒုက္ခသည်များ ပြန်လက်ခံရေး ၁၉၉၃ ခုနှစ် နှစ်နိုင်ငံသဘောတူညီချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။ “ပူးပေါင်းဆောင်ရွက်လိုသောစိတ်ဓာတ်ဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၎င်းတို့ဝင်ရောက်လာသောနေရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရက ထုတ်ပေးထားသော ဒုက္ခသည်မှတ်ပုံ တင်ကဒ်ဖြင့် ၎င်းတို့ရောက်ရှိနေကြောင်း မှတ်တမ်းတင်ထားသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသော သူများအားလုံးကို စိစစ်ပြီးနောက် ပြန်လည်လက်ခံရန် သဘောတူသည်။ ထိုဒုက္ခသည်မှတ်ပုံတင်ကဒ်သည် ၎င်းတို့မြန်မာနိုင်ငံတွင်နေထိုင်ရာ နေရာနှင့်ပတ်သက်သော ရနိုင်သမျှ အထောက်အထားများကိုလည်း အခြားအထောက်အထားများနှင့် တကွ ဖော်ပြထားရမည်။ ဘင်္ဂလားဒေ့ရှ်အစိုးရက ပေးပို့သော စာရင်းကို စိစစ်မှုကို အခြေခံပြီး ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရသည် အခြားအထောက်အထားများနှင့်တကွ မြန်မာ နိုင်ငံသားမှတ်ပုံတင်ကဒ်၊ အမျိုးသားမှတ်ပုံတင်ကဒ်ရှိသော သူများအားလုံး၊ သက်ဆိုင်ရာမြန်မာအာဏာပိုင်များက ထုတ်ပေးသော အခြားမည်သည့် စာရွက်စာတမ်း မဆိုတင်ပြနိုင်သူ အားလုံးနှင့် မြန်မာနိုင်ငံတွင် နေထိုင်ကြောင်း အထောက်အထားပြနိုင်သောသူများအားလုံး ကို အသုတ်လိုက် ပြန်လည်ခေါ်ယူရန် သဘောတူသည်။ မြန်မာနိုင်ငံတွင်နေထိုင်ကြောင်း စစ်မှန်သော အထောက်အထားပြနိုင်ပါက လူ အရေအတွက် ကန့် သတ်ခြင်းပြုလုပ်မည် မဟုတ်ကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရက သဘောတူသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ပေးပို့သောစာရင်းများသည် မြန်မာအာဏာပိုင်များစိစစ်အတည်ပြုသောသူများနှင့် အနီးစပ်ဆုံး တူညီမည်ဖြစ်ကြောင်းလည်း အာမခံချက်ပေးသည်” The post ဒုက္ခသည်ပြန်လက်ခံရေး မြန်မာအစိုးရ ဦးစားပေးအဆင့်ဆောင်ရွက်နေ appeared first on ဧရာဝတီ.
Source : http://ift.tt/2xzu2TD
via IFTTT

No comments:

Post a Comment