နေပြည်တော်တွင် လူငယ်နှင့် ငြိမ်းချမ်းရေးစကားဝိုင်း ပြုလုပ် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အဖြစ် ပျဉ်းမနားမြို့နယ်အတွင်း လူငယ်နှင့် ငြိမ်းချမ်းရေးစကားဝိုင်း၊ ငြိမ်းချမ်းရေး ဂီတဖျော်ဖြေပွဲကို စက်တင်ဘာ၂၄ ရက်နေ့က ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သည်။ “ပျဉ်းမနားမှာဆိုရင် ငြိမ်းချမ်းရေးစကားဝိုင်းဆိုတာ ပထမဦးဆုံး အကြိမ်ပါပဲ၊ အထူးသဖြင့် အရပ်ဘက်အဖွဲ့အစည်းက လုပ်တဲ့ ပွဲဆိုရင်လည်း မမှားပါဘူး” ဟု ပျဉ်းမနားမြို့နယ် လူငယ်ကွန်ရက်အဖွဲ့မှ ဥက္ကဋ္ဌ ကိုသိန်းသန်းဦးကပြောသည်။ လူငယ်နှင့်ငြိမ်းချမ်းရေးစကားဝိုင်းကို ပျဉ်းမနားမြို့ လူငယ်ကွန်ရက်က ကြီးမှူး၍ ပျဉ်းမနားမြို့နယ် ပညာရေးဦးစီးဌာန၊ ပန်းချီ၊ပန်းပု အစည်းအရုံး၊ နေပြည်တော်ဝိုင်အမ်ပီအေအသင်းနှင့် ကရင်ဖြူလူငယ်ကွန်ရက် တို့ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်သည်။ အဆိုပါစကားဝိုင်းတွင် အသက် ၁၃ မှ ၁၆ နှစ်အကြား ကျောင်းသား၊ကျောင်းသူများ၏ ငြိမ်းချမ်းရေးအပေါ် အမြင်၊ သဘောထား၊ ငြိမ်းချမ်းရေး တည်ဆောက်ပုံ၊ အတွေးအမြင်၊ ထိန်းသိမ်းပုံတို့ကို ပါဝင်ဆွေးနွေးပြောဆိုခဲ့ကြသည်။ The post နေပြည်တော်တွင် လူငယ်နှင့် ငြိမ်းချမ်းရေးစကားဝိုင်း ပြုလုပ် appeared first on ဧရာဝတီ.
Source : http://ift.tt/2yyYHia
via IFTTT
No comments:
Post a Comment