Friday, November 24, 2017

ထိုင်းကလပ်သို့ တစ်နှစ်အငှားရောက်သွားကစားမည့် အောင်သူ တစ်လ ဒေါ်လာ ၇,၀၀၀ ရမည်

ထိုင်းကလပ်သို့ တစ်နှစ်အငှား သွားကစားမည့် အောင်သူ တစ်လ ဒေါ်လာ ၇,၀၀၀ ရမည် ရတနာပုံအသင်းတိုက် စစ်မှူး အောင်သူသည် ၂၀၁၈ ဘောလုံးရာသီတွင် ထိုင်းလိဂ်-၁ ကလပ် Police Tero အသင်းသို့ တစ်ရာသီအငှားစာချုပ်ဖြင့် သွား ရောက်ကစားမည် ဖြစ်ပြီး လစာ ကန်ဒေါ်လာ ၇,၀၀၀ ရရှိမည် ဖြစ်ကြောင်း ရတနာပုံအသင်းက သတင်းထုတ်ပြန်သည်။ (၂၁)နှစ်အရွယ် တိုက်စစ်မှူး အောင်သူသည် ၂၀၁၅ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခြေစွမ်းပြခဲ့ပြီး ၂၀၁၇ မလေးရှားဆီးဂိမ်း၌ သွင်းဂိုးလေးဂိုးအထိ သွင်းယူပြီးနောက် အာဆီယံကလပ်အသင်းများ၏ စိတ်ဝင်စားခြင်းခံရသည့် ကစားသမား ဖြစ်သည်။ Police Tero အသင်း၏ ဥက္ကဋ္ဌ မစ္စတာ ဘရိုင်ယန်မာကာ နှင့် အောင်သူ၏ မိခင်ကလပ် ရတနာပုံအသင်းဥက္ကဋ္ဌ ဒေါက် တာ စိုင်းဆမ်ထွန်းတို့ အသေးစိတ်ဆွေးနွေးပြီးနောက် အငှားစေ လွှတ်ရန် သဘောတူညီမှုရရှိခဲ့ ကြောင်း ရတနာပုံအသင်းက သတင်းထုတ်ပြန်သည်။ ‘‘ရတနာပုံအသင်းမှ မဟုတ် ပါဘူး။ ပြည်ပကလပ်အသင်းတွေ က မြန်မာကစားသမားတွေကို ကမ်းလှမ်းလာခဲ့မယ်ဆိုရင် ဝမ်း မြောက်ရမှာပါ။ မြန်မာနေရှင်နယ်လိဂ် ဒုတိယဥက္ကဋ္ဌတစ်ယောက် အနေနဲ့ ကူညီပေးဖို့ အဆင်သင့်ပါ ပဲ။ မြန်မာကစားသမားတွေအနေ နဲ့လည်း အဲဒီလိုပြည်ပတွေအထိ သွားရောက်ကစားဖို့၊ ကြိုးစားဖို့ လိုပါတယ်။ ဒီနေရာမှာ ရပ်မနေဘဲတစ်ဆင့်ပြီးတစ်ဆင့် မြင့်မားအောင် ကြိုးစားသင့်ပါတယ်’’ဟု ဒေါက်တာ စိုင်းဆမ်ထွန်းက အောင်သူ၏ အပြောင်းအရွှေ့နှင့် ပတ်သက်၍ ရတနာပုံအသင်းဝက်ဘ်ဆိုက်အား ပြောသည်။ တိုက်စစ်မှူးအောင်သူသည် Police Tero အသင်းတွင် ကျော နံပါတ် (၁၀) အင်္ကျီဝတ်ဆင် ကစားမည်ဖြစ်ပြီး အောင်သူနှင့် ထိုင်းပရိသတ်မိတ်ဆက်ပွဲကို နိုဝင်ဘာ ၃၀ ရက်၌ ဘန်ကောက်မြို့တွင် ပြုလုပ်မည်ဖြစ်သည်။ Police Tero (ယခင် BEC တယ်ရိုဆက်စနာ)အသင်းသည် ထိုင်းလိဂ်-၁ ပြိုင်ပွဲတစ်လျှောက် ၌ ၂၀၀၀၊ ၂၀၀၁-၂၀၀၂ တို့တွင် ချန်ပီယံဆုဆွတ်ခူးခဲ့ပြီး ၂၀၀၃ ၌ အာရှချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဒုတိယရရှိဖူးသည်။ ထိုင်းဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ထိုင်းလိဂ်-၁ ဘောလုံးပြိုင်ပွဲကို လာမည့် ၂၀၁၈ဖေဖော်ဝါရီ ၉ ရက်တွင် ကျင်းပ မည်ဖြစ်ပြီး ပြိုင်ပွဲဝင် ၁၈ သင်းယှဉ်ပြိုင်မည် ဖြစ်သည်။ ရတနာပုံအသင်းသည် ထိုင်းကလပ်များသို့ အငှားစေလွှတ် သည့် ကစားသမားသုံးဦးအထိရှိ ပြီး ၂၀၁၃ တွင် တိုက်စစ်မှူး ပိုင်စိုးက ထိုင်းကလပ် ဖူးကတ်အသင်း၊ ၂၀၁၇ တွင် တိုက်စစ်မှူး ရှိုင်းသူရက ဆာမန်ဆာခွန်အသင်းနှင့် ယခုအခါ တိုက်စစ်မှူး အောင်သူကို Police Tero FC အသင်းသို့ အငှားစေလွှတ်ခဲ့ပြီဖြစ်သည်။ http://ift.tt/2A62rsr
Source : http://ift.tt/2A62rsr
via IFTTT

No comments:

Post a Comment