Friday, November 24, 2017


B.Tech ဘွဲ့ရရှိထားသူများ အသက်ကန့်သတ်ချက်မရှိဘဲ B.E ဘွဲ့သင်တန်းတက်ရောက်ခွင့်ပြုမည်။ ယခုနှစ်တွင် သင်ကြားရေးဝန်ထမ်းများကို ဦးစားပေးမည်ဟုဆို နည်းပညာတက္ကသိုလ် များမှ B.Tech ဘွဲ့ရရှိခဲ့သူများ ကို အသက်၊ ဘွဲ့ရရှိသည့်ခုနှစ် ကန့်သတ်ချက်မထားဘဲ B.E ဘွဲ့သင်တန်းများတက်ရောက်ခွင့်ပြု မည်ဖြစ်ပြီး ယခုနှစ်တွင် အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ သင်ကြားရေးဝန်ထမ်းများအား ဦးစားပေးမည်ဟု အဆင့်မြင့်ပညာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက် တာသိန်းဝင်းက ပြောသည်။ နည်းပညာတက္ကသိုလ်များ တွင် ယခင်က AGTI ၂ နှစ်၊ B.Tech၂ နှစ်နှင့် B.E တစ်နှစ် ငါးနှစ်သင် ကြားခဲ့ပြီး B.Tech ၂ နှစ်အပြီးတွင် သတ်မှတ်အရည်အချင်းပြည့်မီမှ သာ B.E တစ်နှစ်သို့ ကူးပြောင်း ခွင့်ပြုသည်။ ၂၀၁၄-၁၅ ပညာ သင်နှစ်မှစကာ ပထမနှစ်မှ နောက်ဆုံးနှစ်အထိ B.E ဘွဲ့ရရန် ခြောက်နှစ် တိုက်ရိုက်တက်ရောက်ရသည့် စနစ်သို့ ပြောင်းလဲခဲ့သည်။ အင်ဂျင်နီယာ (B.E)ဘွဲ့များ ကို တိုက်ရိုက်စာသင်နှစ်ငါးနှစ်မှ ခြောက်နှစ်သို့ တိုးမြှင့်သင်ကြား သည့် မူဝါဒအသစ်ဖြင့် တက် ရောက်နေသော နည်းပညာတက္က သိုလ်ကျောင်းသား၊ ကျောင်းသူ များသည် ၂၀၁၈-၁၉ ပညာသင် နှစ်တွင် ပဉ္စမနှစ်သင်တန်းများ တက်ရောက်တော့မည်ဖြစ်သည်။ ထို့ကြောင့် ယခင်မူဝါဒအဟောင်း ဖြင့် B. Tech ဘွဲ့သာ ရရှိထားသူ များကို ယခု ၂၀၁၇-၁၈ ပညာ သင်နှစ်တွင် B.E ဘွဲ့တက်ရောက် ခွင့်ပြုခြင်းဖြစ်ကြောင်း နည်းပညာ တက္ကသိုလ်များ၏နိုဝင်ဘာ ၁၅ ရက် လုပ်ငန်းညှိနှိုင်းအစည်းအ ဝေးတွင် ဆုံးဖြတ်ခဲ့သည်။ B.E သင်တန်းသို့ ပြန်လည် တက်ရောက်ရန် လျှောက်ထားပါ က B.Tech အောင်မြင်စဉ်က ရရှိ သော အမှတ်အနည်းအများအ လိုက် တန်းစီဇယား၊ ဝင်ခွင့်စာမေး ပွဲစစ်ဆေးခြင်းတို့ဖြင့် ကျောင်းအ လိုက် လက်ခံနိုင်သည့် ကျောင်း သားဦးရေအရ လက်ခံသင်ကြား ပေးရန် အဆိုပါအစည်းအဝေး တွင် ဆုံးဖြတ်ခဲ့သည်။ ‘‘နည်းပညာ၊ ကွန်ပျူတာ တွေမှာ တစ်ဆင့်မြင့်ဘွဲ့မရလို့ ရာထူးမတိုးတဲ့ ဝန်ထမ်းတွေ ရှိနေ တော့ အခက်အခဲဖြစ်နေတယ်။ သင်ကြားရေးဆရာ၊ ဆရာမတွေ ကို ဦးစားပေးပြီး အရင်ဖွင့်မယ်။ သင်ကြားရေးဆရာ၊ ဆရာမတွေ အကုန်ပြီးအောင် တစ်ဆင့်မြင့်ဘွဲ့ ရမှ ကျောင်းသားတွေ ထပ်ခေါ် မယ်’’ဟု ဒေါက်တာသိန်းဝင်းက ပြောသည်။ B.E ဘွဲ့သင်တန်းတက် ရောက်လိုသူများသည် သက်ဆိုင် ရာနည်းပညာတက္ကသိုလ်များတွင် နိုဝင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ သင်တန်းဝင်ခွင့် လျှောက်ထားနိုင်သည်။ B.Tech အောင်မြင်ကြောင်း ထောက်ခံစာမူရင်း (သို့မဟုတ်) ဘွဲ့လက်မှတ်မိတ္တူ၊ မူရင်း၊ ဝန်ထမ်းဖြစ်ပါက သင်တန်းကို အချိန်ပြည့်တက် ရောက်ခွင့်ပြုကြောင်း အကြီးအကဲ ထောက်ခံချက်တို့ ပူးတွဲတင်ပြရမည်ဖြစ်သည်။ လက်ရှိတွင် တစ်နိုင်ငံလုံး၌ နည်းပညာတက္ကသိုလ် ၃၀ ကျော်ရှိနေပြီး အဆိုပါတက္ကသိုလ်များ တွင်ပင် B.E ဘွဲ့မရရှိသေးသည့် ဆရာ၊ ဆရာမ ၂၀၀ ခန့်ရှိနေ သည်။ http://ift.tt/2zi6eSq
Source : http://ift.tt/2zi6eSq
via IFTTT

No comments:

Post a Comment