Monday, November 20, 2017


ဝန်ကြီးဋ္ဌာန ၂ ခု ထပ်တိုး၊ ဦးအောင်ကြည် အဂတိတိုက်ဖျက်ရေး ဥက္ကဌ တာဝန်ယူမည် အစိုးရ ဝန်ကြီးဌာန အသစ် ၂ ခု ထပ်တိုးချဲ့လိုက်ပြီး ယင်းသို့တိုးချဲ့သည့် အစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနတို့အား ဦးသောင်းထွန်းနှင့် ဦးကျော်တင်တို့က တာဝန်ယူမည် ဖြစ်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌအဖြစ် ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးအောင်ကြည်ကို ခန့်အပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။ အမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်းမှာ အစိုးရ အဖွဲ့ရုံး ဝန်ကြီး ဖြစ်လာမည် ဖြစ်ပြီး နိုင်ငံခြားရေး ဒုဝန်ကြီး ဦးကျော်တင်မှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဖြစ်လာရန် ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုချက် ရယူတော့မည် ဖြစ်ကြောင်းလည်း သိရသည်။ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ပြန်လည်ဖွဲ့စည်းတော့မည် ဖြစ်ရာ ယခင် ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးအောင်ကြည်ကို ဥက္ကဌ တာဝန်ပေးထားပြီး ရှေ့နေချုပ်ရုံးမှ အရာရှိဟောင်းများ၊ ဥပဒေပညာရှင်များ၊ အထူး စုံးစမ်းစစ်ဆေးရေး ဦးစီးဌာနမှ အငြိမ်းစား အရာရှိများ ပါဝင်သည်ဟု ဧရာဝတီက စုံစမ်း သိရရှိသည်။ လက်ရှိတွင် အစိုးရ ဝန်ကြီးဌာန ၂၃ ခု ရှိရာ ယနေ့ ထပ်တိုးလိုက်သည့် ဝန်ကြီးဌာနများ ပေါင်းလျှင် အစိုးရ ဝန်ကြီးဌာန ၂၅ ခု ရှိလာမည် ဖြစ်ပြီး လက်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကိုလည်း ပြန်လည် ခွဲထုတ်၍ ဝန်ကြီးတဦးစီဖြင့် ပြန်လည် ဦးဆောင်စေမည်ဟု နေပြည်တော်တွင် သတင်းများ ထွက်ပေါ်လျက်ရှိသည်။ The post ဝန်ကြီးဋ္ဌာန ၂ ခု ထပ်တိုး၊ ဦးအောင်ကြည် အဂတိတိုက်ဖျက်ရေး ဥက္ကဌ တာဝန်ယူမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2z1W1t0
via IFTTT

No comments:

Post a Comment