Thursday, November 2, 2017


လာဘ်ပေးလာဘ်ယူ စွပ်စွဲချက်များ ထွက်ပေါ်စဉ် ထိုင်းအလုပ်သမားဝန်ကြီး နုတ်ထွက် ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားများ မှတ်ပုံတင်ရေးနှင့် ပတ်သက်၍ အလုပ်သမားအရာရှိများ လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်ကြောင်း စွပ်စွဲချက်များ ထွက်ပေါ်နေစဉ် အလုပ်သမား ဝန်ကြီး ဗိုလ်ချုပ်ကြီး ဆရီချိုင် ဒစ်စတာကူနှင့် ဒုဝန်ကြီး ဗိုလ်ချုပ်ကြီး ချရွန်း နွတ်ဆူဝမ်တို့ နုတ်ထွက်သွားပြီ ဖြစ်သည်။ ယနေ့ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ချန်အိုချာက အလုပ်သမားဝန်ကြီး ဗိုလ်ချုပ်ကြီး ဆရီချိုင် နုတ်ထွက် ကြောင်း အတည်ပြု ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ ဒုဝန်ကြီး ဗိုလ်ချုပ်ကြီး ချရွန်းမှာမူ မနေ့ကတည်းက နုတ်ထွက်သွားခြင်း ဖြစ်သည်။ အလုပ်သမားဝန်ကြီး ဗိုလ်ချုပ်ကြီး ဆရီချိုင်သည် ကိုယ်ပိုင်စီးပွားရေး လုပ်ရန်အတွက် မနေ့ကတည်း ကပင် နုတ်ထွက်ခွင့် တောင်းခံခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ အလုပ်သမားဝန်ကြီးဌာနကို ၎င်းကိုယ် တိုင် တာဝန်ယူ ကိုင်တွယ်နေကြောင်း ဝန်ကြီးချုပ်က သတင်းထောက်များကို ပြောသည်။ နုတ်ထွက်သွားသည့် ဝန်ကြီး ဗိုလ်ချုပ်ကြီး ဆရီချိုင်သည် ဒုဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး တာဝန်ယူထားသည့် ဗိုလ်ချုပ်ကြီး ပရာဝစ် ဝေါင်ဆူဝမ်နှင့် နီးစပ်သူဖြစ်ပြီး၊ မနေ့က နုတ်ထွက် လိုက်ရသည့် ဒုဝန်ကြီး ဗိုလ်ချုပ်ကြီး ချရွန်းမှာလည်း ဝန်ကြီး ဆရီချိုင်၏ အရင်းနှီးဆုံး မဟာမိတ်နှင့် ညာလက်ရုံးဖြစ်သည်။ ထို့အတွက် ထိုင်းအစိုးရအဖွဲ့အတွင်း စိတ်ဝမ်းကွဲပြားမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း လေ့လာသုံးသပ် သူများက ပြောဆိုမှုများလည်း ရှိနေသည်။ သို့သော် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝစ်ကမူ အစိုးရအဖွဲ့အတွင်း စိတ်ဝမ်းကွဲပြားမှုများ ရှိနိုင်သည်ဆိုသည့် ယူဆချက်များကို ငြင်းဆိုလိုက်သော်လည်း လစ်လပ်သွားသည့် အလုပ်သမား ဝန်ကြီး နေရာအတွက် အဆိုပြုထားခြင်းမရှိဟုဆိုသည်။ ဒုဝန်ကြီးချုပ်သည် အလုပ်သမားဝန်ကြီးဌာနကို ကြီးကြပ်ရသူလည်း ဖြစ်သည်။ ဝန်ကြီးချုပ် ပရာယွတ်ဒ် ချန်အိုချာအနေဖြင့် အလုပ်သမားဝန်ကြီး ဗိုလ်ချုပ်ကြီး ဆရီချိုင်၏ လုပ်ဆောင် ချက်များကို သဘောမကျကြောင်း ကောလာဟလသတင်းများထွက်ပေါ်နေသည်မှာ ကြာမြင့်ပြီဖြစ် သည်။ အလားတူ ဗိုလ်ချုပ်ကြီး ပရာယွဒ် ချန်အိုချာသည် ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄ကို အသုံးပြု ကာ အလုပ်အကိုင်ဌာန ညွှန်ကြားရေးမှူး ဗာရာနွန် ပီတီဝမ်ကိုလည်း ရာထူးမှ ဖယ်ရှားခဲ့ရာ ကာယကံ ရှင် ပီတီဝမ်ကမူ သူအနေဖြင့် မည်သည် လာဘ်ပေး လာဘ် ယူမှုတွင်မျှ ပါဝင်ပတ်သက်ခြင်း မရှိ ကြောင်းနှင့် မည်သည်အတွက် ရာထူးမှ ဖယ်ရှားခြင်းဖြစ်သည်ကို မသိရကြောင်းဆိုသည်။ The post လာဘ်ပေးလာဘ်ယူ စွပ်စွဲချက်များ ထွက်ပေါ်စဉ် ထိုင်းအလုပ်သမားဝန်ကြီး နုတ်ထွက် appeared first on ဧရာဝတီ.
Source : http://ift.tt/2z82C5Y
via IFTTT

No comments:

Post a Comment