FDA မှ တာဝန်ရှိသူတစ်ဦးဆိုကာ လုပ်ငန်းများတွင် လိမ်နေသူအား တွေ့ရှိက အကြောင်းကြားရန် FDA သတင်းထုတ်ပြန် FDA မှ တာဝန်ရှိသူတစ်ဦးဆိုကာ လုပ်ငန်းများတွင် လှည့်လည်ပြီး ငွေလိမ်နေသူအား တွေ့ရှိက အကြောင်းကြားရန် Food and Drug Administration က နိုဝင်ဘာ ၂၄ ရက် ၎င်းတို့ဖေစ်ဘွတ် စာမျက်နှာတွင် သတင်းထုတ်ပြန် ထားချက်အရ သိရသည်။ အဆိုပါ လိမ်နေသူမှာ ၎င်းကိုယ်ကိုကိုယ် FDA မှ ညွန်ကြားရေးမှူး ဖြစ်ကြောင်း ပြောဆိုပြီး လုပ်ငန်းများတွင် လှည့်လည် လိမ်လည်ကာ ငွေတောင်းခံခြင်းများ ရှိကြောင်း ဆိုကာ ကျူးလွန်သည်ဆိုသူ ပုံအားဖော်ပြထားသည်။ ၎င်းလိမ်လည်နေသည် ဆိုသူသည် ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံစက်မှုဇုန်များ၊ မြောက်ဥက္ကလာ၊ မင်္ဂလာဒုံမြို့နယ် များရှိ သောက်ရေသန့်စက်ရုံများကို အဓိက ပစ်မှတ်ထားကာ လှုပ်ရှားနေသည်ကို စုံစမ်းသိရှိရကြောင်း ဆိုသည်။ ထိုသူနှင့်ပတ်သက်ပြီး သိရှိသူများအနေဖြင့် ထိရောက်စွာ အရေးယူနိုင်အောင် ဆောင်ရွက်နိုင်ရေး အတွက် FDA ၏ Food and Drug Administration -Myanmar ဖေစ်ဘွတ်ပေ့ခ်ျ message box မှလည်းကောင်း၊ ဌာနသို့ တိုက်ရိုက်ဆက်သွယ် အကြောင်းကြားရန် အကူညီတောင်းခံထားသည်။ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး စားသောက်ကုန်ထုတ် လုပ်ငန်းများ အနေဖြင့်လည်း သတိထားကြပါရန်နှင့် ၎င်းရောက်ရှိလာပါက ဖမ်းဆီးနိုင်ရေး ဒေသခံ အုပ်ချုပ်ရေး၊ ရဲစခန်းများနှင့် ချိတ်ဆက်ထားကြပါရန် အသိပေးကြောင်း သတင်းထုတ်ပြန်ထားသည်။ The Ladies News
Source : http://ift.tt/2A3Kmxn
via IFTTT
No comments:
Post a Comment