မြန်မာနိုင်ငံအတွက် ပထမဆုံး Social Influencer ဆုချီးမြှင့်ပွဲ ပြုလုပ်မည် မြန်မာနိုင်ငံရှိ လူမှုကွန်ရက်များပေါ်တွင် လွှမ်းမိုးနိုင်စွမ်းရှိသူ Social Influencer များကို ပထမဆုံးအကြိမ်အဖြစ် Myanmar Influencer Awards 2017 ကို ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ပြုလုပ်မှာဖြစ်တယ်လို့ Myanmar Digital News ရဲ့ ဒါရိုက်တာတဦးဖြစ်တဲ့ ဦးမောင်ဟိန်းက ပြောပါတယ်။ ပွဲကျင်းပဖြစ်ပုံနဲ့ ပတ်သက်ပြီး Myanmar Digital News ရဲ့ ဒါရိုက်တာတဦးဖြစ်တဲ့ ဦးမောင်ဟိန်းက “ ဒီ Social Inflencer တွေထဲက တကယ်ထူးချွန်တဲ့သူတွေကို ချီးမြှောက်ခြင်းအားဖြင့် ဒီ နယ်ပယ်က ပိုဖွံ့ဖြိုးလာမှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းမျိုးကို အချိန်ပြည့် အသက်မွေးဝမ်းကျောင်းအနေနဲ့ လုပ်ကိုင်ချင်တဲ့သူတွေအနေနဲ့လည်း အားတက်ဖွယ်ရာ ဖြစ်မှာဖြစ်သလို ပရိသတ်တွေအနေနဲ့လည်း ကောင်းနိုးရာရာတွေကို ရွေးချယ်ဖတ်ရှုဖို့ ပိုအဆင်ပြေစေမယ်လို့ ယုံကြည်ပါတယ်။” လို့ပြောပါတယ်။ Myanmar Influencer Awards 2017 တွင် ဆုအမျိုးအစား ၁၀ မျိုးကို ပေးအပ်ချီးမြှင့်မှာဖြစ်ပြီး အဆိုပါဆုတွေကတော့ အလှအပဖက်ရှင်ကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ အစားအသောက်ကဏ္ဍ၊ နည်းပညာကဏ္ဍ၊ ကျန်းမာရေးနဲ့ မိခင်ကလေးကဏ္ဍ ၊ ဟာသနဲ့သရော်စာကဏ္ဍ၊ လူနေမှုဘဝကဏ္ဍ ဆိုပြီး ချီးမြှင့်သွားမယ့်အပြင် ၂၀၁၇ ခုနှစ်အတွက် အားပေးသူအများဆုံးဆု ၊ Micro-Influencer ဆုနဲ့ အဆိုပါပွဲကို ကူညီဆောင်ရွက်ပေးတဲ့ OPPO စမတ်ဖုန်းရဲ့ OPPO’s choice award တို့ကို ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။ အဆိုပါ ဆုပေးပွဲအခမ်းအနားသို့ နိုင်ငံတဝန်းရှိ လူမှုကွန်ရက်တွင် လွှမ်းမိုးနိုင်စွမ်းရှိသူ Social Influencer အယောက် ၁၅၀ ခန့်ကို တက်ရောက်ရန်အတွက် ဖိတ်ကြားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Myanmar Inflencer Awards 2017 ရဲ့ အမှတ်ပေးမှုပုံစံအနေနဲ့ အကဲဖြတ်ဒိုင်များမှာ သက်ဆိုင်ရာ ကဏ္ဍမှ ကျွမ်းကျင်ပညာရှင် ၂ ဦးနဲ့အတူ ပရိသတ်ရဲ့ မဲပေးရွေးချယ်မှုတို့ဖြင့် အမှတ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ “Social Influencer ဆိုတာက သူတို့ဖြစ်တည်လာကတည်းက အားပေးသူတွေရဲ့ အင်အားနဲ့ ရပ်တည်လာကြတာ ဖြစ်တဲ့အတွက် အထူးချွန်ဆုံး Social Influencer ရယ်လို့ ရွေးချယ်ချီးမြှောက်တဲ့အခါမှာ သူတို့ကို အားပေးတဲ့သူတွေရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ ဒါကြောင့် အကဲဖြတ်ဒိုင်အဖွဲ့အပြင် အားပေးသူတွေရဲ့ အသိအမှတ်ပြုမှုကို ထည့်သွင်းရတာ ဖြစ်ပါတယ်” လို့ ဒီ ပွဲကို ကူညီစီစဉ်ပေးတဲ့ Amara Digital Marketing ရဲ့ CEO မချမ်းမြေ့ခိုင်က ပြောပါတယ်။ ပေးအပ်မယ့် ဆုကြေးကိုတော့ မသတ်မှတ်ရသေးတဲ့အတွက် ဆက်လက်ပြီး ထုတ်ပြန်ကြေညာပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ The post မြန်မာနိုင်ငံအတွက် ပထမဆုံး Social Influencer ဆုချီးမြှင့်ပွဲ ပြုလုပ်မည် appeared first on ဧရာဝတီ.
Source : http://ift.tt/2Anbsxa
via IFTTT
No comments:
Post a Comment