သွားကိုက် ဝေဒနာ သက်သာစေမယ့် အိမ်တွင်းကုထုံး နည်းလမ်း ၅ ခု သွားကိုက် ဝေဒနာဟာ ခံစားရခက်တဲ့ ဝေဒနာတမျိုးဆိုတာကို သွားကိုက်ဝေဒနာခံစားဖူးသူတိုင်းသိကြမှာပါ။ သွားပိုးစားခြင်းကြောင့် သွားကိုက်တာမျိုး ရှိသလို အပူကန်၊ ဝမ်းချုပ်နဲ့ ခံတွင်းရောဂါ အမျိုးမျိုးတို့ကြောင့်လည်း သွားကိုက် ဝေဒနာ ခံစားရတတ်ပါတယ်။ ဒီလို သွားကိုက် ဝေဒနာ ခံစားရတဲ့အခါ အမြန်ဆုံး သက်သာ ပျောက်ကင်းအောင် ပြုလုပ်လို့ရတဲ့ သဘာဝ အိမ်တွင်းကုထုံး နည်းလမ်းလေးတွေကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ရေးသားဖော်ပြ လိုက်ပါတယ်။ (၁) ကြက်သွန်ဖြူ အိမ်မှာ အလွယ်တကူရှိတဲ့ ကြက်သွန်ဖြူကို ညက်နေအောင် ထောင်းပြီး ကိုက်နေတဲ့ သွားပေါ် အုံပေးခြင်း ဒါမှမဟုတ် ကြက်သွန်ဖြူကို အစိမ်းလိုက် ဝါးစားပေးခြင်းကလည်း သွားကိုက်ခြင်းကို သက်သာစေနိုင်ပါတယ်။ (၂) ရေခဲကပ်ခြင်း နာကျင် ကိုက်ခဲနေတဲ့ သွားရှိတဲ့ ပါးပြင်နေရာကို အပေါ်ကနေ ရေခဲကပ်ပေးခြင်းဖြင့် သွားကိုက်ခြင်း သက်သာပျောက်ကင်း စေနိုင်ပါတယ်။ ရေခဲကပ်ပေးခြင်းဟာ သွားကိုက်ခြင်းအပြင် သွားကိုက်ခြင်းကြောင့် ရောင်ရမ်းမှုကိုပါ သက်သာစေပါတယ်။ (၃) လေညှင်းပွင့် အမှုန့် ပရဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့ရတဲ့ လေးညှင်းပွင့်ရဲ့ အမှုန့် (သစ်ကြပိုးခေါက်မှုန့်) ကို ရေထဲ ထည့်ပြီး အဲဒီရေနဲ့ ပလုပ်ကျင်းပေးခြင်းဖြင့် သွားကိုက်ခြင်းကို သက်သာစေပါတယ်။ ဒါမှ မဟုတ်ရင်လည်း လေးညှင်းပွင့်ကို ငုံပေးခြင်းအားဖြင့် သွားကိုက်ဝေဒနာကို ပျောက်ကင်းစေနိုင်ပါတယ်။ (၄) မာလကာရွက် နောက်ထပ် သဘာဝ ဆေးနည်း တမျိုးကတော့ မာလကာရွက်ကို ရေစင်စင်ဆေးပြီး ကိုက်နေတဲ့ သွားနဲ့ ဝါးပေးခြင်း အားဖြင့် သွားကိုက်ခြင်းကို သက်သာစေပါတယ်။ နောက်တနည်းကတော့ မာလကာရွက်ကို ပြုတ်ထားတဲ့ မာလကာရွက် သတ္တုရေနဲ့ ပလုပ်ကျင်းပေးခြင်း အားဖြင့်လည်း သက်သာပျောက်ကင်း စေနိုင်ပါတယ်။ (၅) ဆားရေစိမ် ရေနွေး ရေနွေးထဲမှာ ဆားအနည်းငယ် ခပ်ပြီး ဆားရည်စိမ် ရေနွေးနဲ့ ပလုပ်ကျင်းပေးခြင်းကလည်း သွားကိုက်ဝေဒနာကို သက်သာ စေနိုင်ပါတယ်။ ဒါ့အပြင် ရေနွေးထဲမှာ Tea Tree Oil အနည်းငယ် ထည့်ပြီး ပလုပ်ကျင်းပေးခြင်းဖြင့်လည်း သွားကိုက် ဝေဒနာကို သက်သာ စေနိုင်ပါတယ်။ ဆက်စပ် သတင်းလင့်ခ် – သင့်ရဲ့ သွားတွေကို ဖြူစင်စေတဲ့ သဘာ၀ အစားအစာ ၅ မျိုး Ref ; naturallivingideas.com The post သွားကိုက် ဝေဒနာ သက်သာစေမယ့် အိမ်တွင်းကုထုံး နည်းလမ်း ၅ ခု appeared first on ဧရာဝတီ.
Source : http://ift.tt/2DLrGjS
via IFTTT
No comments:
Post a Comment