ရခိုင်ပြည်နယ်အတွင်းရှိ ဘူးသီးတောင်-ရသေ့တောင် ဆက်သွယ်ထားသည့် စိုင်းဒင်တံတား အပါအဝင် တံတားလေးစင်းကို ယခုလကုန်ပိုင်းတွင် ဖွင့်လှစ်မည် ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ် တို့ကို ဆက်သွယ်ထားသည့် စိုင်းဒင်ချောင်းပေါ်၌ တည်ဆောက်ထားသည့် စိုင်းဒင်တံတား၊ ရွာဟောင်းချောင်းပေါ်၌ တည်ဆောက်ထားသည့် ရွာဟောင်းတံတား၊ ငစံပေါ်တံတားနှင့် သောင်းဒရားချောင်းပေါ်၌ တည်ဆောက်ထားသည့် သောင်းဒရားတံတား တို့ကို မတ်လ ၃၁ ရက်တွင် တစ်ပြိုင်တည်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ စိုင်းဒင်တံတား၏ အရှည်မှာ ပေ ၆၀၀ ဖြစ်ပြီး သံကူကွန်ကရစ်တံတားဖြစ်သည်။ ၂၀၁၆၊ သြဂုတ်လပိုင်းက စတင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ တံတားပေါ်သို့ တန် ၆၀ အထိ ဖြတ်သန်းသွားလာနိုင်မည် ဖြစ်သည်။ တံတားအကျယ် ပေ ၃၀ ရှိကာ ရေလမ်းကင်းလွတ်အမြင့် ၉ ပေရှိကြောင်း သိရသည်။ ထို့အပြင် ရွာဟောင်းချောင်း တံတား ပေ ၂၈၀၊ ငစံပေါ်တံတား ပေ ၂၁၀ နှင့် သောင်းဒရားချောင်း တံတားပေ ၅၀၀ တို့ ရှိကြောင်း သိရသည်။ ရွာဟောင်းတံတား အမျိုးအစားမှာ ဘေလီတံတား၊ ငစံပေါ် တံတား အမျိုးအစားမှာ ဘေလီတံတားနှင့် သောင်းဒရားချောင်း တံတားအမျိုးအစားက steel plate Girder+ သံကူကွန် ကရစ်တံတား ဖြစ်ကြောင်းလည်း သိရသည်။ တံတားလေးစင်း ဖွင့်လှစ်ပြီးပါက ဘူးသီးတောင်- ရသေ့တောင်- ပုဏ္ဍား ကျွန်း အထိ ကားလမ်းတစ်ဆက်တည်း သွားလာနိုင် မည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ပြည်ထောင်စုလမ်းမကြီးဖြစ်သည့် ရန်ကုန်-စစ်တွေ ကားလမ်းမကြီးနှင့် ချိတ်ဆက် နိုင်မည်ဖြစ်သည်။ The Ladies News
Source : http://ift.tt/2uchv8A
via IFTTT
No comments:
Post a Comment