Thursday, March 22, 2018


ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လာမည့် ၂၀၂၄ ခုနှစ်တွင် ဖွံဖြိုးဆဲနိုင်ငံအဖြစ်မှ ဖွံဖြိုးတိုးတက်သည့် နိုင်ငံအဖြစ် ရောက်ရှိတော့မည် ဖြစ်ကြောင်းဆို ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လာမည့် ၂၀၂၄ ခုနှစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ်မှ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအဖြစ် ရောက်ရှိတော့မည့် အခြေအနေနှင့် ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံအဖြစ် အသိအမှတ်ပြုခံရခြင်း မတိုင်မီ ကြားကာလအတွင်း ဆောင်ရွက်မည့် အခြေအနေများအကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးတွင် သတင်းစာရှင်လင်းပွဲ တစ်ရပ် ပြုလုပ်ကျင်းပခဲ့သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲကို ယနေ့(မတ် ၂၂ ရက်)တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံရုံးတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။ ကမ္ဘာကုလသမဂ္ဂက ၁၉၇၁ ခုနှစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများအဖြစ် အကျုံးဝင်မည့် နိုင်ငံများကို စံသတ်မှတ်ချက် ၃ ခု ဖြစ်သည့် နိုင်ငံသားတစ်ဦးချင်း အနည်းဆုံး တစ်ဦးချင်းရှိရမည့် ဝင်ငွေ၊ လူသားတန်ဖိုး ညွန်းကိန်းများနှင့် စီးပွားရေးဆိုင်ရာ ညွန်းကိန်းများ စသည်တို့ရှိရမည့် အခြေအနေများကို အခြေခံကာ သတ်မှတ်ခဲ့သည့်။ ယင်းနောက် ၁၉၇၅ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် အဆိုပါပြဌာန်းချက် သုံးခုနှင့် ကိုက်ညီမှု မရှိသဖြင့် ဖွံဖြိုးဆဲနိုင်ငံစာရင်းတွင် ပါဝင်ခဲ့သည်။ ထိုသို့ပါဝင်သည့် နိုင်ငံများမှာ ကမ္ဘာပေါ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အပါအဝင် ကမ္ဘာ့ကုလသမဂ္ဂက သတ်မှတ်ထားသည့် ဖွံ့ဖြိုးဆဲနိုင်ငံ (Least Developed Country-LDC)နိုင်ငံ ၄၈ နိုင်ငံရှိသည်။သို့သော်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မှု အခြေအနေများကြောင့် အဆိုပါနိုင်ငံများအတွင်းမှ ဘင်္ဂလားဒေ့ရှ်အနေဖြင့် ၂၀၂၄ ခုနှစ်တွင် ဖွံဖြိုးတိုးတက်သည့် နိုင်ငံအဖြစ်သို့ ရောက်ရှိမည်ဖြစ်ကြောင်း ကုလသမဂ္ဂ Committee for Development Policy (CPD)က ၂၀၁၈ မတ် ၁၆ ရက်က ကြေညာခဲ့ကြောင်း ပြောပြချက်အရ သိရသည်။ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံး၏ စီးပွားရေးဆိုင်ရာ ကောင်စစ်ဝန် မစ္စတာ ဟာဆန်ခါလတ် ဖွေုာက်စ်ဆယ် (Hasan Khaled Foisal) က ''အဆင်းရဲဆုံးနိုင်ငံကနေ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံဖြစ်လာတဲ့အတွက် လုပ်တာဖြစ်တယ်။ ဖွံ့ဖြိုးဆဲနိုင်ငံ ၄၈ နိုင်ငံရှိတယ်။ အဲ့ဒီထဲကနေ ဘင်္ဂလားဒေ့ရှ်က လွတ်ထွက်လာတာ ဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ်အနေနဲ့ UN က ပြဌာန်းထားတဲ့ အချက်သုံးချက်နဲ့ ကိုက်ညီပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဖြစ်လာတာ ဖြစ်တယ်။ ''ဟု ပြောသည်။ ၎င်းကဆက်လက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် အဆင်းရဲဆုံး နိုင်ငံအဖြစ်မှ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံစာရင်း ပါဝင်လာခြင်းသည် အကျိုးခံစားခြင်းထက် နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာကို မြင့်မားစေခဲ့ခြင်း ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအဖြစ် ရောက်ရှိလာပါက ရင်းနှီးမြှုပ်နှံမှုတွေ ပိုဝင်လာနိုင်မည်ဖြစ်ပြီး နိုင်ငံတကာမှ ယုံကြည်မှု ပိုမိုလာနိုင်မည့် အခြေအနေတွင် ရှိမည်ဖြစ်ကြောင်းပြောသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ တစ်ဦးချင်းဝင်ငွေသည် ၁၉၇၁-၇၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၂၉ ဒသမ ၇၁ ရှိခဲ့ရာမှ ၂၀၁၆-၁၇ တွင်ကန်ဒေါ်လာ ၁၆၁၀ ရှိလာပြီဖြစ်ကြောင်း၊ ၁၉၇၆တွင် GDP ၄ ဒသမ ၆၂ ရာခိုင်နှုန်းမှ ၂၀၁၆-၁၇ တွင် ၇ ဒသမ ၂၈ ရာခိုင်နှုန်း အထိ ရောက်ရှိလာခဲ့ကြောင်း ဆိုသည်။ နိုင်ငံခြားပို့ကုန်မှ ရရှိမှုသည် ၁၉၇၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၀ ဒသမ ၄ ဘီလီယံမှ ၂၀၁၆-၁၇ ခုနှစ်တွင် ကန်ဒေါ်လာ ၃၄ ဒသမ ၈၅ ဘီလီယံအထိ ရောက်ရှိလာကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အနေဖြင့် ၁၉၇၇ ခုနှစ်တွင် ကန်ဒေါ်လာ ၇ သန်းရှိရာမှ ၂၀၁၆ ခုနှစ်တွင် ကန်ဒေါ်လာ ၂ ဒသမ ၃၃ ဘီလီယံ အထိ ရောက်ရှိလာကြောင်း၊ နိုင်ငံခြား အရန်ငွေသည် ၁၉၇၂ ခုနှစ်တွင် ၀ ဒသမ ၂၇ ဘီလီယံမှ ၂၀၁၈ တွင် ၃၂ ဒသမ ၆၉၄ ဘီလီယံအထိ ရှိလာပြီး လျှပ်စစ်စွမ်းအား စီးဆင်းမှုသည် ၂၀၀၉ ခုနှစ်က ၃၃၆၂ မဂ္ဂဝပ်ရှိရာမှ ၂၀၁၇ ခုနှစ်တွင် ၁၅၇၅၅ မဂ္ဂဝပ် အထိ ရောက်ရှိလာပြီ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ တိုးတက်မှုအခြေအနေနှင့် ပတ်သက်ပြီး ပြောကြားရာတွင် ပြောသွားသည်။ LDC စာရင်းဝင်ပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအဖြစ်သို့ သတ်မှတ်ခံရသည့် နိုင်ငံများမှာ ၁၉၉၄ ခုနှစ်တွင် Botswana ၊ ၂၀၀၇ ခုနှစ်တွင် Cape Verde ၊ ၂၀၁၁ ခုနှစ်တွင် Maldives ၊ ၂၀၁၄ ခုနှစ်တွင် Samoa နှင့် ၂၀၁၇ ခုနှစ်တွင် Equatorial Guinea တို့ ဖြစ်သည်။ ယင်းနောက်တွင် LDC နိုင်ငံအဖြစ်မှ ကင်းလွတ်ခွင့်ရရန် စောင့်ဆိုင်းနေသည့် နိုင်ငံများမှာ Angola (၂၀၂၀)နှင့် Vanuatu (၂၀၂၁) တို့ဖြစ်ကြောင်း သိရသည်။ The Ladies News
Source : http://ift.tt/2GdZlYM
via IFTTT

No comments:

Post a Comment