အသားအရေ ကြည်လင်တောက်ပစေမယ့် စတော်ဘယ်ရီ Facae Mask ပြုလုပ်နည်း အသားအရေကို ထိန်းသိမ်းပြုပြင်တဲ့ နေရာမှာ Face Mask အသုံးပြုခြင်းဟာလည်း အရေးကြီးပါတယ်။ နွေရာသီလို နေပူ၊ ဖုန်ထူတဲ့ အချိန်မျိုးမှာ မျက်နှာအသားအရေဟာ နေဒဏ်၊ လေဒဏ်ကြောင့် ညစ်နွမ်း၊ ပျက်စီးနိုင်ပြီး အသားအရေကို ရေဓာတ် ပြန်လည် ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့လို့ အခုလို နွေရာသီမှာ အလွယ်တကူ ဝယ်ယူလို့ရတဲ့ စတော်ဘယ်ရီသီးကို အသုံးပြုပြီး မျက်နှာ အသားအရေ စိုပြည်ကြည်လင်စေမယ့် စတော်ဘယ်ရီသီး Facae Mask ပြုလုပ်နည်းကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ရေးသားဖော်ပြ လိုက်ပါတယ်။ (၁) စတော်ဘယ်ရီ ပျားရည် Mask ခွက်သန့်သန့် တခုထဲမှာ စတော်ဘယ်ရီသီး ၅ လုံးခန့်ကို ခြေထားပြီး ပျားရည် လက်ဖက်ရည်ဇွန်း တဇွန်းခွဲခန့် ထည့်ပြီး သမအောင် မွှေပေးပါ။ မျက်နှာသစ်ပြီး အသင့် ပြုလုပ်ထားတဲ့ Mask ကို မျက်နှာပေါ်မှာ လိမ်းပေးပြီး နာရီဝက်ခန့် အကြာမှာ ရေနဲ့ပြန်လည် ဆေးကြောပေးပါ။ စတော်ဘယ်ရီသီးမှာ ပါဝင်တဲ့ ဗီတာမင်စီနဲ့ ပျားရည်မှာ ပါဝင်တဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ ဂုဏ်သတ္တိကြောင့် ဝက်ခြံတွေကို ပျောက်ကင်းစေနိုင်ပါတယ်။ (၂) စတော်ဘယ်ရီ သံလွင်ဆီ Mask ခွက်သန့်သန့် တခုထဲမှာ စတော်ဘယ်ရီ ၅ လုံးခန့်ကို ခြေထားပါ။ ပြီးရင် သံလွင်ဆီ လက်ဖက်ရည်ဇွန်း တဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းတို့ကို ပေါင်းထည့်ပြီး အားလုံး သမအောင် မွှေပေးပါ။ အသင့် ပြုလုပ်ထားတဲ့ Mask ကို မျက်နှာ အသားအရေပေါ်မှာ နှံ့အောင် လိမ်းပေးပြီး နာရီဝက်ခန့် အကြာမှာ ရေနဲ့ပြန်လည် ဆေးကြောပေးပါ။ ဒီလိုမျိုး တပတ်ကို နှစ်ကြိမ်ခန့် ပုံမှန်လုပ်ပေးခြင်းဖြင့် မျက်နှာပေါ်က အမဲစက်တွေနဲ့ နေလောင်ဒဏ်တွေကို သက်သာပျောက်ကင်း စေနိုင်မှာ ဖြစ်ပါတယ်။ (၃) စတော်ဘယ်ရီ ဒိန်ချဉ် Maks ခွက်သန့်သန့် တခွက်ထဲကို စတော်ဘယ်ရီ ၅လုံးနဲ့ ဒိန်ချဉ် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း တဇွန်းခန့် ထည့်ပြီး မွှေထားတဲ့အရောကို မျက်နှာပေါ်လိမ်းပေးပြီး နာရီဝက်အကြာမှာ ရေနဲ့ပြန်လည် ဆေးကြောပေးပါ။ ဒီ Mask ဟာ မျက်နှာပေါ်က ချွေးပေါက်တွေကို သန့်စင်ပေးနိုင်ပြီး မျက်နှာအသားအရေကို ဖြူဝင်းစေပါတယ်။ ဆက်စပ် သတင်းလင့်ခ် – စတော်ဘယ်ရီ ဖျော်ရည် သောက်သုံးခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူး ၇ ခု Ref ; beautylish.com The post အသားအရေ ကြည်လင်တောက်ပစေမယ့် စတော်ဘယ်ရီ Facae Mask ပြုလုပ်နည်း appeared first on ဧရာဝတီ.
Source : http://ift.tt/2FKfuWy
via IFTTT
No comments:
Post a Comment