လင်မယားခြင်းစကားများရန်ဖြစ်ကာ ခင်ပွန်းဖြစ်သူက ဇနီးနဲ့ အမွှာကလေးနှစ်ဦးကို ဓားနဲ့ထိုးခဲ့တာကြောင့် အမွှာကလေးနှစ်ဦးသေဆုံးသွားခဲ့ပါတယ်။ နမ္မတူမြို့မရဲစခန်းမှရဲအရာရှိတစ်ဦးက” နမ္မတူးမှာ အလုပ်လုပ်ကိုင်စားရတာအဆင်မပြေဘူးပေါ့။ မူဆယ်ကို အလုပ်လုပ်သွားဖို့ ခင်ပွန်းဖြစ်သူက ဇနီးကိုပြောတာပေါ့။ဇနီးနဲ့ ကလေးတွေကိုခေါ်တယ်။မူဆယ်အလုပ်လုပ်သွားဖို့။ ဇနီးဖြစ်သူက မလိုက်ဖူးပြောတော့ စကားများရန်ဖြစ်ကြတာပေါ့”လို့ပြောပါတယ်။ ဖြစ်စဥ်မှ ရှမ်းပြည်နယ်၊ နမ္မတူမြို့၊ ပန်ဟိုက်ရပ်ကွက် (၂)ရှိ နေအိမ်တစ်အိမ်မှာ မတ်လ၉ရက်နေ့ နံနက်ပိုင်းက လူမယားနှစ်ယောက်စကားများရာ ခင်ပွန်းဖြစ်သူမှ ဇနီးဖြစ်သူကို ဓားနဲ့ထိုးပြီး အမွှာကလေးနှစ်ဦးကိုပါ ဓားနဲ့ထိုးခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူက အရိုးအသွား ၇လက်မခန့်ရှိ ဓားနဲ့ထိုးခဲ့တာကြောင့် ဇနီးဖြစ်သူမှ ထိုးသွင်းဒဏ်ရာ ၅ချက်ခန့်ရရှိပြီး လားရှိုးပြည်သူ့ဆေးရုံးကို ပို့ဆောင်ပေးထားပါတယ်။ သေဆုံးသွားတဲ့ အမွှာကလေးနှစ်ဦးဟာ အသက် (၄)နှစ်ခန့်ရှိပြီး ညာဘက်ရင်အုံထိုးသွင်းဒဏ်ရာများနဲ့သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်သူ ကိုဝင်းအောင်(ခ)အာခွမ်း အသက် (၃၂)နှစ်ကို နမ္မတူးမြို့မရဲစခန်းမှာ (ပ)၆/၂ဝ၁၈ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂/၃၂၆နဲ့အမှုဖွင့်အရေးယူဆောင်ရွက်ထားပါတယ်။ Author /နှင်းနှင်း
Source : http://bit.ly/2p3GoO9
via IFTTT
No comments:
Post a Comment