မိုးတိမ်တောင် အန္တရာယ် သတိပြုရန် ဒေါက်တာထွန်းလွင် သတိပေး အနောက်တောင်မုတ် သုံလေ ပြန်လည်ဆုတ်ခွာနေပြီ ဖြစ်ပြီး မိုးကြိုးပစ်ခြင်းနှင့် လေပြင်း ကျခြင်းများ ဖြစ်စေနိုင်သော မိုးတိမ်တောင် အန္တရာယ် သတိပြုရန် မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေးထားသည်။ အနောက်တောင်မုတ်သုံ လေသည် စက်တင်ဘာ ပထမ ဆယ်ရက်အတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများမှ ဆုတ်ခွာကာ ဒုတိယ ဆယ်ရက်တွင် မြန်မာ နိုင်ငံအလယ်ပိုင်း၊ စက်တင်ဘာ တတိယဆယ်ရက်အတွင်း မြန်မာ နိုင်ငံမြစ်ဝကျွန်းပေါ်ဒေသများနှင့် စက်တင်ဘာလကုန်တွင် မြန်မာနိုင်ငံတောင်ပိုင်း ဒေသများမှ ဆုတ်ခွာနိုင်ကြောင်း ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။ ‘‘မုတ်သုံလေ ဆုတ်ခွာချိန် လေထုမငြိမ်မသက်ဖြစ်ပြီး မိုးတိမ်တောင်အန္တရာယ်ရှိတယ်။ ဒါကို အထူး သတိပြုရမယ်။ ဘင်္ဂလားပင်လယ်အော်နဲ့ တောင်တရုတ်ပင်လယ်မှာ မုန်တိုင်းဖြစ်ပေါ်မှုပေါ် မူတည်ပြီး မုတ်သုံလေ ဆုတ်ခွာတာကို အနည်းငယ် နှောင့်နှေးစေနိုင်ပါ တယ်။ မိုးတိမ်တောင်ကို အထူးသတိထားဖို့လိုတယ်’’ဟု ပြောသည်။ အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်သည့် မိုးကြို ကာလနှင့် ပြန်လည်ဆုတ်ခွာသည့် မိုးနှောင်းကာလတွင် မိုးတိမ် တောင်ကြောင့် မိုးကြိုးပစ်ခြင်းနှင့် လေပြင်းကျခြင်းတို့ဖြစ်ကာ လူနှင့် တိရစ္ဆာန်များ သေဆုံး၊ ဒဏ်ရာ ရရှိလေ့ရှိသည်။
Source : http://ift.tt/2bJACxe
via IFTTT
No comments:
Post a Comment