အွန်လိုင်းပေါ် ရောက်လာတဲ့ မဖွယ်မရာ ပုံတွေအတွက် တရားစွဲရန် အမ်မာဝပ်ဆန် စီစဉ် ဟယ်ရီပေါ်တာ မင်းသမီး အမ်မာဝပ်ဆန်ကတော့ သူမရဲ့ အပေါ်ပိုင်း အဝတ်ဗလာနဲ့ ဓာတ်ပုံတွေကို အွန်လိုင်းပေါ် ဖြန့်ဝေခဲ့မှုနဲ့ ပတ်သက်ပြီး တရားစွဲဖို့ ရှေ့နေအဖွဲ့ကို ခေါ်ယူ လိုက်ပါတယ်။ နာမည်ကျော် မင်းသမီးတွေရဲ့ ညစ်ညမ်းပုံတွေ၊ ဗီဒီယိုဖိုင်တွေကို ဖော်ပြနေတဲ့ Celeb Jihad ဝက်ဆိုက် အနေနဲ့ အင်မာဝပ်ဆန်ရဲ့ စွဲမက်ဖွယ် ဓာတ်ပုံကို ဝက်ဘ်ဆိုက်မှာ တင်ပေးမယ့် အချိန် တစ်ခု သတ်မှတ်ပေးခဲ့ပြီး ဝက်ဘ်ဆိုက်မှာ ဖော်ပြပြီးတဲ့နောက် မိနစ် အနည်းငယ်မှာပဲ ပြန်လည် ဖြုတ်ချ သွားခဲ့ပါတယ်။ အမ်မာဝပ်ဆန်ဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်၊ UN မှာ အမျိုးသမီး အခွင့်အရေးနဲ့ ပတ်သက်လို့ ဟောပြောခဲ့စဉ်တုန်းကလည်း ဟောပြောခဲ့အပြီး မိနစ်အနည်းငယ် အကြာမှာ သူမရဲ့ မဖွယ်မရာ ဓာတ်ပုံတွေ အွန်လိုင်းပေါ် ရောက်ရှိလာတော့မယ်လို့ ခြိမ်းခြောက်ခြင်း ခံခဲ့ရဖူးပါတယ်။ အခု ကိစ္စမှာတော့ အမ်မာဝပ်ဆန် အနေနဲ့ အကြီးအကျယ် ဒေါသ ထွက်ခဲ့တယ်လို့ နီးစပ်သူ တစ်ဦးက ဆိုလိုက်ပြီး Celeb Jihad ဝက်ဘ်ဆိုက်ကို ရက်ပိုင်းအတွင်း တရား စွဲဆိုသွားဖို့ စီစဉ်နေတယ်လို့ ထုတ်ဖော်ပြောဆို လိုက်ပါတယ်။ Ref : Celebrities.com
Source : https://goo.gl/Eui06D
via IFTTT
No comments:
Post a Comment