သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်ရပ်ကွက် ရန် ကင်းလမ်းဘေးတွင် မွေးကင်းစ ကလေးငယ်တစ်ဦးကို လာရောက်စွန့်ပစ်ထားပြီး ကားကြိတ်မိခဲ့၍ ဦးခေါင်းမရှိတော့ကြောင်း ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောသည်။ သေဆုံးခဲ့သည့် ကလေးငယ် မှာ ယောက်ျားလေးဖြစ်ပြီး ကြွပ် ကြွပ်အိတ်အဖြူထဲ ထည့်ကာ လာရောက်စွန့်ပစ်ခဲ့ကာ အဆိုပါ လမ်းရှိ ခွေးတစ်ကောင်က ကိုက်ချီလာရာမှ ရပ်ကွက်အတွင်း နေထိုင်သူများ သိရှိခဲ့ခြင်းဖြစ် ကြောင်း မျက်မြင်တွေ့သူက ပြောသည်။ ‘‘ကလေးက မွေးကင်းစ ကလေးလေးပါ။ ခွေးက ကိုက် လာမှသိတယ်။ လူတွေသိတဲ့အ ချိန် ဘယ်ကားက တက်ကြိတ် သွားလဲတော့မသိဘူး ခေါင်းမရှိ တော့ဘူး။ ဘယ်လိုမိဘတွေက မွေးပြီး အခုလိုလုပ်ကြသလဲဆို တာ မတွေးတတ်အောင် ဖြစ်ရ တယ်’’ဟု ကလေးမိခင်တစ်ဦးက ပြောသည်။ အလောင်းတွေ့ရှိခဲ့သည့် ကလေးငယ်သည် မွေးကင်းစအ ရွယ်သာရှိပြီး မွေးဖွားပြီးနောက် လာရောက်စွန့်ပစ်ခဲ့ခြင်းဖြစ်ကာ လာရောက်စွန့်ပစ်သူကို လိုက်လံရှာဖွေနေကြောင်း သင်္ဃန်းကျွန်း မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ ‘‘ကလေးအလောင်းကို တော့ စံပြဆေးရုံပို့ထားပါတယ်။ ကလေးက မွေးကတည်းက အ သက်ရှိလား၊ မရှိလားဆိုတာ တော့ မသိရသေးပါဘူး။ ကျွန် တော်တို့ ရောက်တဲ့အချိန်မှာတော့ အလောင်းကိုပဲ တွေ့ပါတယ်။ ပြစ်မှုကျူးလွန်သူကိုလည်း ရှာဖွေ နေပါတယ်’’ဟု အဆိုပါရဲအရာရှိ က ပြောသည်။ ကလေးငယ် အလောင်းကို ရန်ကင်းလမ်းဘေးတွင် စက်တင်ဘာ ၃ ရက် နေ့လယ် ၂ နာရီခန့်တွင် ရပ်ကွက်အတွင်း နေထိုင်သူများက စတင်တွေ့ရှိခြင်းဖြစ်ပြီး အလောင်း လာရောက်စွန့်ပစ်သူကို ရာဇသတ်ကြီးပုဒ်မ ၃၁၈ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
Source : http://ift.tt/2bNDVVw
via IFTTT
No comments:
Post a Comment