Friday, September 2, 2016

၀၀လွလွေခတ္

၀၀လှလှခေတ် (ဖြူဖွေးသန့်) စိတ်တိုင်းမကျဖြစ်ခဲ့ရတဲ့ ကိုယ့်ရဲ့ခန္ဓာကိုယ် ကို ယုံကြည်မှုအပြည့်နဲ့ လူရှေ့မှာ ထုတ်ဖော်ပြသဖို့ ဆိုတာ အရင်ကအိပ်မက် တစ်ခုဖြစ်ခဲ့ပေမယ့် အခုတော့ သူတို့လို အမျိုးသမီးတွေအတွက် ပြိုင်ပွဲတစ်ခုပေါ်လာလို့ မနန်းလောင်လျန်းက ပျော်ရွှင်နေတဲ့ပုံဖြစ်နေပါတယ်။ Plus Size ခေတ်လို့ ပြောရမလိုတောင် ဖြစ်လာတဲ့ အခုခေတ်ရဲ့ ၀ယဉ်ကျေးမယ် ပေါင် ၁၈၀ နဲ့ အထက်ယှဉ်ပြိုင်ပွဲမှာ သူ့ကိုယ်သူ ယုံယုံကြည်ကြည်နဲ့ ပြိုင်ပွဲဝင်ဖို့ သူပြင်ဆင်နေပါပြီ။ အသက် (၂၅) နှစ်မှာ ပေါင် ၂၀၀ ဖြစ်နေတဲ့ မနန်းလောင်လျန်းဟာ အရင်ကလူကြားထဲ တိုးဖို့တောင် မဝံ့မရဲဖြစ်ခဲ့ရသူပါ။ အခုဆိုရင် စက်တင်ဘာ ၃ ရက်မှာ ကျင်းပတော့မယ့် Miss Plus Size BeautyQueen မယ်ပြိုင်ပွဲအတွက် သူပါဝင်ဖို့ အရမ်းစိတ်လှုပ် ရှားနေပါပြီ။ ‘‘အရင်တုန်းကဆိုရင် ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ကိုယ့်ဘာသာကိုယ်စိတ်မလုံခြုံဘူး။ အားငယ်သလိုလို မွေးရာပါ ချို့ယွင်းနေသလိုပေါ့။ တခြားသူတွေကလည်း ဒီဝတဲ့အပေါ်မှာ တခြားဂြိုဟ်က လာသလို ဆက်ဆံခံရတယ်လေ’’ဟု မနန်းလောင်လျန်းက ပြောပြပါတယ်။ ကလေးဘဝတည်းက ခန္ဓာကိုယ် အလေးချိန် များခဲ့သူမို့ သူငယ်ချင်း အချင်းချင်းရဲ့ စနောက်မှု ဒဏ်ကိုခံခဲ့ရပြီး အသက်ကြီးလာချိန်မှာလည်း ပတ်ဝန်းကျင် အသိုင်းအဝိုင်းက ခွဲခြား ဆက်ဆံမှု တချို့ကို ခံခဲ့ရတယ်လို့ ၎င်းက ဖွင့်ဟ ပြောဆိုပါတယ်။ ‘‘ညီမက ငယ်ငယ်ကတည်းက ၀ တော့ ပိုဆိုးတာပေါ့။ အမြဲအစခံ ရတယ်လေ’’ အခုဆိုရင် နိုင်ငံတကာမှာ ကျင်းပနေပြီဖြစ်တဲ့ ကိုယ်အလေး ချိန်များတဲ့ အမျိုးသမီးတွေအ တွက် Plus Size မယ်ပြိုင်ပွဲကို ပထမဆုံးအနေနဲ့ ရန်ကုန်မြို့မှာ မကြာခင်ရက်ပိုင်းအတွင်းမှာ ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ‘‘နိုင်ငံခြားမှာ အဲဒီပွဲတွေလုပ် ကတည်းက အရမ်း စိတ်ဝင်စားခဲ့ တာ။ ဒီမှာလည်း ရှိရင်ကောင်းမယ် ပေါ့။ ငါသာဆိုဝင်ပြိုင်မှာပဲ ၀ လည်း ငါတို့ လုပ်နိုင်တယ် ဆိုပြီး ဝင်ပြိုင်ဖြစ်ခဲ့တာပါ’’ဟု မနန်း လောင်လျန်းက ပါဝင်ယှဉ်ပြိုင်ဖြစ် ပုံကို အားတက်သရောပြောပါ တယ်။ လူမှုကွန်ရက်ကနေတစ်ဆင့် ကိုယ်အလေးချိန် များတဲ့ အမျိုးသမီးငယ်လေးများ ပေါင်းပြီး အချင်းချင်း စုဖွဲ့ထားတဲ့ အဖွဲ့လေးက တစ်နှစ် ပြည့်လာခဲ့တဲ့ အချိန်မှာ အမှတ်တရ အနေနဲ့ ပျော်ပွဲရွှင်ပွဲ ပြုလုပ်ဖို့ စီစဉ်ရာကနေ အပျော်တမ်း ၀ယဉ်ကျေးမယ်ပြိုင်ပွဲ လေးအစပျိုးပြုလုပ်ခဲ့တာပဲ ဖြစ် ပါတယ်။ ဒီနေ့ခေတ် နိုင်ငံတကာမှာ ကျင်းပနေကြတဲ့ Miss ပြိုင်ပွဲတွေ ကဲ့သို့ Cat Walk လျှောက်ခြင်း၊ ခေတ်မီအကများနဲ့ ကပြဖျော်ဖြေ ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့အတွက် ကိုယ်အလေးချိန်များသူတို့အဖို့ သာမန်မိန်းကလေးတွေထက် ရင်ခုန် စိတ်လှုပ်ရှားစရာတွေနဲ့ အခက်အခဲ တချို့ ကြုံတွေ့ရနိုင်တယ်လို့ မနန်းလောင်လျန်းက စိုးရိမ်ပူပန် စွာ ပြောပြပါတယ်။ ‘‘၀တဲ့သူတွေ တော်တော် များများက သိတဲ့အတိုင်း ဥပမာ ညီမဆို ဒေါက်မြင့်တွေ မစီးနိုင် ဘူး။ လမ်းလျှောက်ကျင့်ရတယ်။ အစိမ်းသက်သက်ကြီးကနေ တကယ့် Pro လိုမျိုးယှဉ်ပြိုင်ရမှာဆို တော့ တကယ်တမ်း လျှောက်ပြီဆို ရင် ကိုယ့်ခန္ဓာကိုယ်ကို မနည်း သယ်ရမှာ’’ဟု မနန်းလောင်လျန်း က ရယ်မောရင်း ပြောပါတယ်။ ကိုယ်အလေးချိန် ၁၈၀ နှင့် အထက် အမျိုးသမီးများအတွက် ပထမဆုံးအကြိမ်ကျင်းပမယ့် Plus Size Miss ပြိုင်ပွဲကို စက်တင်ဘာ ၃ ရက် ညနေမှာ မြရိပ်ညို ဟိုတယ်ရှေ့မှာရှိတဲ့ City FM ရုံးဝင်းအတွင်းပြုလုပ်ကျင်းပမှာ ဖြစ်ပါတယ်။ 200lbs Beauties Mya-nmar Group ရဲ့ တစ်နှစ်ပြည့်အ ထိမ်းအမှတ်အဖြစ် စျေးရောင်းပွဲ ကိုလည်း ကျင်းပပေးသွားမှာဖြစ် ပြီး Plus Size Miss Beauty Queen ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင် သူအမျိုးသမီး ၂၀ ခန့်ရှိကြောင်း သိရပါတယ်။ ‘‘ခန္ဓာကိုယ် ၀တဲ့သူတွေမှာ ဆိုရင် မိသားစုထဲက ဖြစ်ဖြစ် အပြင်က သူငယ်ချင်းတွေထဲက ဖြစ် ဖြစ် စနောက်ခံရတာမျိုးရှိတယ်။ ဒါကို စိတ်ဓာတ် ကျစရာ မလိုဘဲနဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ တက်တက် ကြွကြွ နေထိုင်ပြီး ယုံကြည်မှုရှိစွာ နေထိုင်နိုင်ကြဖို့ ဒီပွဲလေးကို ရည်ရွယ်ပြီး ပြုလုပ်ဖြစ်တာပါ’’ဟု အဆိုပါပွဲစီစဉ်သူ မခင်စုစုစံက ပြောပါတယ်။ အဆိုပါပြိုင်ပွဲသို့ဝင်ရောက် ယှဉ်ပြိုင်လိုသူများအတွက် အ သက်အရွယ်ကန့်သတ်ထားခြင်း မရှိဘဲ ခန္ဓာကိုယ်အလေးချိန် ၁၈၀နဲ့အထက် အပျိုများ သာမက အိမ် ထောင်သည်များကိုပင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ပြုထားပါတယ်။ ‘‘ဒီပြိုင်ပွဲမှာ ကိုယ့်ထက်လှ တဲ့သူတွေ Body တောင့်တဲ့သူတွေများပြီး စတိုင်ကျတဲ့သူတွေများ လို့ ဆုရကို ရရမယ်လို့တော့ မမှန်း ရဲပါဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတော့ရှိပါတယ်’’ဟု မနန်းလောင်လျန်းက ပြောပါတယ်။ အရင်ကဆိုရင် ခန္ဓာကိုယ်ဝ တဲ့သူတွေအတွက် ဖက်ရှင်ပိုင်း ဆိုင်ရာအဝတ်အစား၊ ဖိနပ်မှအစ ရွေးချယ်ရ အလွန်ခက်ခဲခဲ့ပြီး အခု နောက်ပိုင်းမှာတော့ Plus Size ခန္ဓာကိုယ် ပိုင်ရှင်များ သီးသန့် ထုတ်လုပ် ရောင်းချလာတဲ့ ဖက် ရှင်များအတွက် အလွန်အဆင် ပြေလာသည်ဟု အသက် (၂၁) နှစ်အရွယ် ကိုယ်အလေးချိန် ပေါင် ၁၈၀ ရှိတဲ့ မမိုးပွင့်ဖြူက ပြောပါ တယ်။ ‘‘အရင်ကဆို အင်္ကျီ အဝတ်အစား၊ ဖိနပ်တွေဝယ်ဖို့ ဆိုင်ကို သွားရင် အစ်မနဲ့ တော်တဲ့ ဆိုဒ်မရှိ ဘူးဆိုပြီး ခဏခဏအပြောခံခဲ့ရ ဖူးတယ်။ အဲဒီအတွက် အကျႌဆို အပ်ချုပ်ဆိုင်မှာ သွားချုပ်ခဲ့ရပြီး ဖိနပ်ဆိုလည်း အော်ဒါမှာယူစီးရ တဲ့အထိ အလုပ်ရှုပ်ခံဖြစ်ခဲ့ရတယ်။ အခုနောက်ပိုင်းမှာတော့ ဒါတွေ အဆင်ပြေလာတဲ့အပြင် ညီမတို့လို ခန္ဓာကိုယ် ဝတဲ့သူတွေကို ပွဲ ထုတ်တဲ့ပွဲတွေပါ ကျင်းပလာတဲ့ အတွက် အားတက်မိတယ်။ လာ မယ့်နှစ်မှာ အဲဒီပြိုင်ပွဲကို ဝင်ပြိုင် ဖြစ်မယ်’’ဟု ၎င်းက ပြောပါတယ်။Plus Size Miss Beauty Queen ပြိုင်ပွဲကို သွားရောက် ကြည့်ရှုအားပေးလိုသူတွေအ တွက် စျေးရောင်းပွဲတော်လူဝင် ကြေးက တစ်ထောင်ကျပ်သာဖြစ် ပြီး ပြိုင်ပွဲအတွက်ကိုတော့ ဝင် ကြေး ငါးထောင်ကျပ်ကောက်ခံ ထားပါတယ်။ ၀၀ကစ်ကစ်ချစ်စရာကောင်းတဲ့ အမျိုးသမီးတွေရဲ့ မယ်ပြိုင်ပွဲ ဟာ တဖြည်းဖြည်းနဲ့ ရက်နီးကပ် လာပါပြီ။ ဒီပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် မနန်းလောင်လျန်း ရဲ့ ရင်ခုန်စိတ်လှုပ်ရှားမှုတွေက လည်း အရင်ကထက် ပိုပိုပြီး မြန် လာသလို သူ့ရဲ့ ယုံကြည်မှုဟာ လည်း ပိုမိုခိုင်မာလာနေပါပြီ။ ‘‘ပထမတုန်းက အပျော်ပေါ့။ အခုတော့ ပြိုင်ပွဲနီးလာလေ စိတ် လှုပ်ရှားလေပဲ။ ပြီးတော့ ယုံကြည် မှုလည်း ရှိလာတယ်’’ ခန္ဓာကိုယ်ဝလို့ စနောက်ခံရ တာကို အရင်က ခေါင်းငုံနှုတ်ပိတ်သည်းခံဖြစ်ခဲ့ပေမယ့် Plus Sizeမယ်ပြိုင်ပွဲစတင်လာချိန်ကစလို့ အားအင်တွေ အပြည့်ဖြစ်လာပြီးသတ္တိတွေရှိလာတယ်လို့လည်း ဆိုပါတယ်။‘‘တကယ်တော့ ၀တာက ကျန်းမာရေးအတွက် မကောင်း ပေမယ့် ဘဝတစ်ခုလုံးနဲ့ ယှဉ်ရင် အရေးမပါပါဘူး။ ၀လည်း လှ အောင်နေလို့ရတယ်’’
Source : http://ift.tt/2bHJgrl
via IFTTT

No comments:

Post a Comment