ဧရာ၀တီတိုင်းဒေသကြီးအတွင်းရှိ အငှားဂရန်အင်းများ နှင့် ပတ်သက်၍ .................................................................................................. “ကန်ကြီးထောင့်မြို့နယ် ကျွန်းချောင်းအင်း” …………......……….။……………….. -အင်းပိုင်ရှင်၏ တင်ပြချက်။ -လယ်သမားများ၏ တင်ပြချက်။ -ဧရာ၀တီတိုင်းဒေသကြီး၀န်ကြီးချုပ် မန်းဂျော်နီ နှင့် လယ်သမားများ၏ အပြန်အလှန်ဆွေးနွေးချက်။ -ဆွေးနွေးပွဲ ဆုံးဖြတ်ချက်။ ………………………………………………………………………. .................................................................................................. ဧရာ၀တီတိုင်းဒေသကြီးအတွင်းရှိ အငှားဂရန်အင်းများ နှင့် ပတ်သတ်၍ - ယခင်အစိုးရမဆင်းမီ အင်းသားကြီးများအား သုံးနှစ်လုပ်ပိုင်ခွင့်ချထားပေးပြီးသော အငှားဂရန် အင်းများအား အစိုးရသစ်မှ ကိုယ်တိုင် ပြန်လည်စီမံခန့်ခွဲခွင့် ရရှိနိိုုင်ရန်အတွက် သုံး နှစ်ချထားပေးသော အင်းများအားလုံးအား တစ်နှစ်သက်တမ်းပြန်လည်ပြင်ဆင်ခဲ့သည်။ - အငှားချထားသော ဂရန်အင်း၊ နှစ်ရှည်(ကြေးတိုင်)အင်း၊ ဘုံစားအင်းများအားလုံး၏ တစ်နှစ်စာချုပ်သက်တမ်းကုန်ဆုံးတော့မည့်အချိန်သည် လာမည့် မတ်လကုန်ဖြစ်သည်။ ……………………………………………………………… -အငှားချထားရာတွင် သိန်း (၃၀) အထက်အင်း နှင့် သိန်း (၃၀) အောက်အင်းဟူ၍ (၂) မျိုးရှိပါသည်။ သိန်း (၃၀) အထက်အင်း -သိန်း (၃၀) အထက်အင်းဆိုသည်မှာ အင်းကြီးများကို ဆိုလိုသည်။ သိန်း ၃၀ အထက်မှစကာ သိန်း ၁၀၀ ၂၀၀ ၃၀၀ ၆၀၀ သိန်း ရာထောင်ချီတန်သည့် အင်းကြီးများကို သိန်း ၃၀ အထက်အင်းဟု ခေါ်သည်။ -အင်းကြီးများတွင် အင်းသားကြီးများသာ လုပ်ကိုင်ခွင့်ရှိသည့် လုပ်ကွက်နေရာ နှင့် ရေလုပ်သားငယ်များဖမ်းပိုင်ခွင့်ရှိသည့် လုပ်ကွက်နေရာနယ်နမိတ်သတ်မှတ်ချက်များရှိပါသည်။ -လေလံအောင်ထားသော အင်းကြီးများတွင် အင်းသားကြီးများ မည်သည့်နေရာအထိသာဖမ်းပိုင်ခွင့်ရှိပြီး ရေလုပ်သားငယ်များမည်သည့်နေရာတွင်သာ ဖမ်းပိုင်ခွင့်ရှိသည်ဆိုသည်မှာ အင်းလေလံဆွဲသည့်အချိန်တွင် နယ်နိမိတ်သတ်မှတ်ချက်များပါရှိပြီးမှ အစိုးရနှင့်သဘောတူချုပ်ဆိုသည့်အငှားဂရန်စာချုပ်များ ဖြစ်ပါသည်။ -ယခု အင်းသားကြီးများ လေလံအောင်ထားသော အင်းကြီးများအားလုံးမှာ ယခင်အစိုးရလက်ထက် မဆင်းမီလေလံဆွဲစဉ်က ချုပ်ဆိုထားခဲ့သောနယ်နိမိတ်သတ်မှတ်ပြီး အငှားစာချုပ်များဖြစ်ပါသည်။ -ယခုအစိုးရသစ်လက်ထဲသို့ အင်းကြီးများ ပြန်လည်ရောက်ရှိ၍ လေလံတင်မည့်အချိန်တွင် ရေလုပ်သားငယ်များအလုပ်အကိုင်အခွင့်အလမ်း စား၀တ်နေရေးပြေလည်စေရေးကိုဦးစားပေးပြီး အင်သားကြီးများ ဖမ်းရန်နေရာ ရေလုပ်သားငယ်များဖမ်းရန် ဘုံငါးဖမ်းလုပ်ကွက်နေရာများအား သေချာစွာပြန်လည်စီစစ်နယ်နိမိတ်သတ်မှတ်၍ အင်းလေလံပြန်လည်ခေါ်ယူကာ စာချုပ်သစ်များပြန်လည် ချုပ်ဆိုမည်ဖြစ်ပါသည်။ …………………………………………….. သိန်း ၃၀ အောက်အင်း(ဘုံစားအင်း) -သိန်း ၃၀ အောက်အင်းများသည် ဒေသခံရေလုပ်သားငယ်များစား၀တ်နေရေးပြေလည်စေရေးကိုဦးတည်ပြီး ဒေသခံရေလုပ်သားငယ် အစုအဖွဲ့များသို့ ဦးစားပေးချထားသော အင်းငယ်များကိုဆိုလိုပါသည်။ -သိန်း ၃၀ အောက် အင်းများထဲမှ ယခုကဲ့သို့ လယ်သမားများ နှင့် အင်းပိုင်ရှင်တို့အကြား ရေပိုရေလို ပြသနာဖြစ်ပေါ်နေသော အင်းများကို အစိုးရမှ ပြန်လည်စီစစ်သွားမည်ဖြစ်ပြီး လယ်ယာလုပ်ငန်းခွင်အား အမှန်တကယ် ပျက်စီး ဆုံးရှုံးမှုဖြစ်ပေါ်စေသော အခွန်ငွေ အရနည်း တန်ဖိုးနည်းအင်းများအား အစိုးရသစ်မှ ဆက်လက် လေလံချထားသင့် မသင့် ဖျက်သိမ်းသင့် မသင့် အားလည်း ပြန်လည် စီစစ်သွားမည်ဖြစ်ပါသည်။ Admin
Source : http://ift.tt/2diwUv4
via IFTTT
No comments:
Post a Comment