Sunday, September 18, 2016

MOI Webportal Myanmar

မြန်မာ ယူ - ၁၉ အသင်း ကမ္ဘောဒီးယားနှင့် ယနေ့ကစားမည် ၂ဝ၁၆ အာဆီယံ ယူ-၁၉ ဘောလုံးပြိုင်ပွဲ အုပ်စု(ခ) စတုတ္ထနေ့ကို စက်တင်ဘာ ၁၈ ရက် (ယနေ့) တွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပမည်ဖြစ်ပြီး မြန်မာ ယူ-၁၉ အသင်း၏ ဆီမီးဖိုင်နယ်တက်ရောက် ရေး မျှော်လင့်ချက်အတွက် အရေးပါသည့်ပွဲလည်း ဖြစ်သည်။ အုပ်စု(ခ) စတုတ္ထနေ့အဖြစ် မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲတွင် မြန်မာအသင်းနှင့် ကမ္ဘောဒီးယား၊ လာအိုနှင့် အင်ဒိုနီးရှား၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် ထိုင်းနှင့် ဩစတြေးလျတို့ ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။ စက်တင်ဘာ ၁၆ ရက် ပွဲစဉ်များအပြီးတွင် ဩစတြေးလျနှင့် ထိုင်းက ကိုးမှတ်စီ မြန်မာက လေးမှတ်၊ ကမ္ဘောဒီးယားက သုံးမှတ်၊ လာအိုက တစ်မှတ်၊ အင်ဒိုနီးရှားက အမှတ်မရရှိသေးပေ။ မြန်မာအသင်းသည် ယခုပွဲတွင် နိုင်ပွဲရယူနိုင်ခြင်းမရှိပါက ဆီမီးဖိုင်နယ်နှင့် လွဲချော်ရတော့မည်ဖြစ်ပြီး အနိုင်ရရှိခဲ့လျှင်လည်း ထိုင်းနှင့် ဩစတြေးလျပွဲရလဒ်ကို စောင့်ကြည့်ရမည်ဖြစ်ကာ ထိုင်းအသင်း ရှုံးနိမ့်မှသာ မျှော်လင့်ချက်ရှိမည်ဖြစ်သည်။ ထိုင်းအသင်း သရေ(သို့မဟုတ်)အနိုင်ရခဲ့ပါက မြန်မာအနေဖြင့် လက်ကျန် နှစ်ပွဲစလုံး အနိုင်ရရှိလျှင်ပင် ဆီမီးဖိုင်နယ် တက်ရောက်ရန် မသေချာသေးဘဲ ဂိုးကွာခြားချက်ကို စောင့်ကြည့် ရမည်ဖြစ်သည်။ ညီမြတ်သော်တာ
Source : http://ift.tt/2cSJUFb
via IFTTT

No comments:

Post a Comment