Thursday, September 22, 2016

MOI Webportal Myanmar

ADB ချေးငွေဖြင့် မအူပင်-ဖျာပုံ အဝေးပြေး ကားလမ်း အဆင့်မြှင့် တင်ခြင်းလုပ်ငန်း လာမည့် ပွင့်လင်းရာသီတွင် စတင် ဆောင်ရွက်တော့မည် ဖျာပုံ စက်တင်ဘာ ၂၁ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မအူပင်၊ ကျိုက်လတ်၊ ဖျာပုံ အဝေးပြေးကားလမ်းမကြီး အား လာမည့် အောက်တိုဘာလမှစတင်၍ ADB ချေးငွေဖြင့် အဆင့်မြှင့်ပြုပြင် မည်ဖြစ်ရာ ပြုပြင်ခြင်းလုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနက တာဝန်ယူ၍ မအူပင်စက်မှုဇုန်မှ ဖျာပုံတံတား ကြီးအောက် ဖျာပုံ-ဘိုကလေး လမ်းအထိ လမ်းအရှည် ၅၄ ဒသမ ၅ ကီလိုမီတာ လမ်းအကျယ် ၂၄ ပေ၊ လမ်းပခုံးတစ်ဖက်စီ ခြောက်ပေ၊ ကတ္တရာကွန်ကရစ်လမ်းနှင့် ကျိုက်လတ်မြို့တွင်းနှင့် ဖျာပုံမြို့တွင်းလမ်းတို့ ကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်ပြုပြင် ရန်အတွက် မအူပင်-ကျိုက်လတ်ကား လမ်းကို ကိုရီးယားကုမ္ပဏီ၊ ကျိုက်လတ်-ဖျာပုံကား လမ်းကို ရွှေတောင်ကုမ္ပဏီတို့က တာဝန်ယူ ပြုပြင်တည်ဆောက်သွားမည်ဖြစ်သည်။ ထို့အပြင် ကျိုက်လတ်မြို့နယ်အတွင်းရှိ ဥယျာဉ်ချောင်းဘေလီတံတားကို တစ်လမ်းမောင်းမှ နှစ်လမ်းမောင်းသို့ အဆင့်မြှင့် တင်တည်ဆောက်ခြင်း၊ ကျီးချောင်းတံတားကို အသစ်ပြန်လည် တည်ဆောက်ခြင်းနှင့် ကျိုက်လတ်မြို့တွင်း ဘုရားချောင်းတံတားကို ပြန်လည်အဆင့်မြှင့်တင်ပြုပြင် သွားမည်ဖြစ် ပြီး ယခု ADB ချေးငွေဖြင့် ဆောင်ရွက်မည့် မအူပင်-ဖျာပုံအဝေးပြေးကားလမ်းအဆင့်မြှင့် တင်ခြင်းလုပ်ငန်းကို ယခုနှစ်မှစ၍ ၂ဝ၁၈ ခုနှစ် အပြီး တည်ဆောက်သွား မည်ဖြစ်သည်။တည်ဆောက်မှုကို ADB ချေးငွေအမေရိကန် ဒေါ်လာ ၈ဝ ဒသမ ၈ သန်းနှင့် နိုင်ငံတော်မှ ကုန်ကျငွေဒေါ်လာ သုည ဒသမ ၈ သန်းကျ ခံ၍ တည်ဆောက်သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၂ဝ ရက် နံနက်ပိုင်းက ဖျာပုံ ခရိုင်အုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ရှင်းလင်းပွဲအခမ်း အနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးအောင်မြင့်ဦးက ရှင်း လင်းပြောကြားသည်။အဆိုပါ အခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊ သက်ဆိုင်ရာကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။ ယခုပြုပြင်တည်ဆောက်ရမည့် မအူပင်-ဖျာပုံအဝေးပြေးလမ်းမကြီးတွင် ရေအောက် ကေဘယ်လ်ဆက်သွယ်ရေး၊ မြေအောက် ကေဘယ်လ်ကြိုးများကို ရှောင်ကွင်းဖောက်လုပ်၍ တင်ဒါရရှိသည့် ဆောက်လုပ်ရေးကုမ္ပဏီများကို Construction Supervision Consultant များထားရှိဆောင်ရွက်သွားမည်ဖြစ်ပြီး တည်ဆောက်မည့်ကာလ သုံးနှစ်ကြာမြင့်မည် ဖြစ်သည်။ ယခုအဝေးပြေးကားလမ်းမကြီး အဆင့်မြှင့်တင်ပြီးစီးသွားပါက ဒေသအတွင်းရှိ ပြည်သူများ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာ ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖွံ့ဖြိုး တိုးတက်လာစေမည်ဖြစ်ပြီး ခရီးသွားလာရ သည့်အချိန်နှင့် သယ်ယူပို့ဆောင်စရိတ်လျော့ ကျစေခြင်း၊ သုံးနှစ်တာစွမ်းဆောင်ရည် တိုးတက်မှုအစီအစဉ်အရ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်တက်လာစေရန်နှင့် မြစ်ဝကျွန်းပေါ်ဒေသ များ၌ လမ်းတည်ဆောက်ခြင်းနည်းပညာနှင့် အဓိကလမ်းပုံစံထုတ်ခြင်း စသည့်နည်းပညာ များရရှိပြီး အလားတူဒေသများ၌ ပြန်လည် အသုံးချနိုင်စေခြင်း အကျိုးကျေးဇူးများရရှိနိုင် စေမည်ဖြစ်သည့်အပြင် ကျိုက်လတ်မြို့တွင် အခြေစိုက် Consultant Team Leader ထား ရှိဆောင်ရွက်သွားမည်ဖြစ်ကြောင်းတို့ကို လမ်း ဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးအောင်မြင့်ဦး ထံမှ သိရသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ဖျာပုံမြို့ တွင်း လမ်းတိုးချဲ့ရာတွင် လမ်းဧရိယာမလွတ် ကင်းသည့် နေရာများသတ်မှတ်ထားမှု၊ လမ်း အကျယ်နှင့် လမ်းပခုံးပြုပြင်မှု၊ တည်ဆောက် ရေးကာလတွင် တန်ပိုမြေသယ်ကားကြီးများ ဖြတ်သန်းမှုများကို မြို့မိမြို့ဖများနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာ ရှိတို့က တင်ပြဆွေးနွေးရာ လမ်းဦးစီးဌာန အင်ဂျင်နီယာချုပ်က ပြန်လည်ရှင်းလင်းပြီး ထပ်မံသိရှိလိုသည့်အချက်များကို သက်ဆိုင်ရာ ကုမ္ပဏီများမှ တာဝန်ရှိသူများထံ ဆက်သွယ် မေးမြန်းနိုင်ရန် ပြောကြားခဲ့ကြောင်း သိရသည်။ (၅၄ဝ)
Source : http://ift.tt/2cMafsi
via IFTTT

No comments:

Post a Comment