မိုးလေဝသနှင့် ဘူမိရူပဗေဒဆိုင်ရာ အာဆီယံဆပ်ကော်မတီ အစည်းအဝေး၊ ရန်ကုန်မြို့တွင် ကျင်းပ ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်းများမှ ပညာရှင်များပါဝင်သည့် မိုးလေဝသဆိုင်ရာ စီမံကိန်းများ ဆွေးနွေးသည့် မိုးလေဝသနှင့် ဘူမိရူပဗေဒဆိုင်ရာ အာဆီယံ ဆပ်ကော်မတီ အစည်းအဝေးရန်ကုန်မြို့တွင်ကျင်းပ၊ မြန်မာနိုင်ငံမှ အလှည့်ကျ သဘာဝတိအဖြစ် ဆောင်ရွက် ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်းအသီးသီးမှ ပညာရှင်များ ပါဝင် သည့် မိုးလေဝသဆိုင်ရာ စီမံကိန်းများ အကြောင်း ထည့်သွင်းဆွေးနွေးမည့် ၃၈ ကြိမ်မြောက် မိုးလေဝသနှင့် ဘူမိရူပဗေဒဆိုင်ရာ အာဆီယံဆပ်ကော်မတီ အစည်းအဝေးကို ဩဂုတ် ၂၉ ရက် နံနက်က ရန်ကုန်မြို့ ချထရီယမ် ဟိုတယ်တွင် ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံမှ အလှည့်ကျ သဘာဝတိအဖြစ် ဆောင်ရွက်ခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များ၊ ကမ္ဘာ့မိုးလေဝသ အဖွဲ့ချုပ်၊ တရုတ်နိုင်ငံ မိုးလေဝသအဖွဲ့အစည်း၊ ဂျပန်နိုင်ငံ မိုးလေဝသအဖွဲ့အစည်း၊ ကိုးရီးယားနိုင်ငံ မိုးလေဝသအဖွဲ့အစည်းတို့မှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဖိတ်ကြားထားသော ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင် ညွှန်ကြားရေးမှူးများ၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မိုးလေဝသနှင့် ဘူမိဗေဒ ဆိုင်ရာ အာဆီယံဆပ်ကော်မတီ၏ အလှည့်ကျ သဘာပတိ ဖြစ်သူ၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာဟာရင်နိုင်တီးယမ်က အလှည့် ကျသဘာပတိအဖြစ်ဆောင်ရွက်ကာ ကြိုဆို နှုတ်ခွန်းဆက် စကား ပြောကြားခဲ့သည်။ အာဆီယံအစည်းအဝေးများတွင် ကျင့်သုံးသည့် အလှည့်ကျ သဘာပတိအဖြစ် သုံးနှစ် ဆောင်ရွက်ရသည့် အဆိုပါ အစီအစဉ်အရ မြန်မာနိုင်ငံကိုယ်စားလှယ်သည် ၂ဝ၁၄ ခုနှစ်မှစတင် ကာ အလှည့်ကျ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ရပြီး ယခုနှစ်တွင် ပြုလုပ်သည့် (၃၈)ကြိမ်မြောက် မိုးလေဝသနှင့် ဘူမိရူပဗေဒ ဆိုင်ရာ အာဆီယံ ဆပ်ကော်မတီ အစည်းအဝေးတွင်လည်း အလှည့်သဘာပတိအဖြစ် ဆက်လက်တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ မိုးလေဝသနှင့် ဘူမိရူပဗေဒ အာဆီယံ ဆပ်ကော်မတီ၏ အစည်းအဝေးကို အာဆီယံ နိုင်ငံများ၏ မိုးလေဝသနှင့် ဘူမိရူပဗေဒဆိုင်ရာ လုပ်ငန်းရပ်များ ဆွေးနွေးရန်အတွက် လည်းကောင်း၊ မိုးလေဝသနှင့် ဘူမိရူပဗေဒ အာဆီယံဆပ် ကော်မတီ၏ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၂၅ ခုနှစ်အထိ ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများ ချမှတ်ရန် လည်းကောင်း၊ အာဆီယံနိုင်ငံများ၏ ဆူနာမီ ကြိုတင်သတိပေးစနစ်များ ပြောင်းလဲ တိုးတက်လာမှုများ၊ မိုးလေဝသရေဒါမှ ရရှိသော မှတ်တမ်း အချက်အလက်များ ပူးပေါင်း အသုံးပြုနိုင်ရေးနှင့် ရေဒါရေရှည် ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများအား အပြန်အလှန် သိရှိနိုင်ရန်အတွက် လည်းကောင်း၊ ကမ္ဘာ့မိုးလေဝသ အဖွဲ့ချုပ်၊ တရုတ်နိုင်ငံ မိုးလေဝသအဖွဲ့အစည်း၊ ဂျပန်နိုင်ငံ မိုးလေဝသအဖွဲ့အစည်း၊ ကိုးရီးယားနိုင်ငံ မိုးလေဝသအဖွဲ့အစည်းတို့နှင့် ပူးပေါင်း ဆောင်ရွက်နိုင်မည့် မိုးလေဝသဆိုင်ရာ စီမံကိန်းများ ဆွေးနွေးရန်တို့အတွက် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ဩဂုတ် ၂၉ ရက်မှ ၃၁ ရက်အထိ ပြုလုပ်သွားမည်ဖြစ် သည်။ ယင်းသို့ အစည်းအဝေးပွဲများ ကျင်းပခြင်းဖြင့် နိုင်ငံတကာ ရာသီဥတုခန့်မှန်းရေး ဗဟိုဌာနများမှ ပညာရှင်များနှင့် အတွေ့အကြုံများ ဖလှယ်ခွင့် ရရှိမည်ဖြစ်ပြီး နိုင်ငံအချင်းချင်း ဗဟုသုတနှင့် နည်းပညာများ ဖလှယ် နိုင်ခြင်း၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုဖြင့် နည်းပညာဗဟုသုတများ လေ့လာခွင့်ရရှိစေခြင်း၊ ရာသီဥတုခန့်မှန်းရေး၊ သတင်း ဖြန့်ဝေမှု၊ ခန့်မှန်းချက်များ အသုံးချမှုအခြေအနေများကို တိုးတက်အောင် ဆောင်ရွက်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်မည်ဖြစ်ကြောင်း အဆိုပါ အစည်းအဝေးပွဲမှ သိရသည်။ ဆုနှင်းလဲ့
Source : http://ift.tt/2bOvE0G
via IFTTT
No comments:
Post a Comment